WhatsApp Group ကနေ နိုင်လိုစိတ်သွတ်သွင်းပေးဦးမလား ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းကစားသမားတွေရဲ့

WhatsApp Group ထဲကို ဝင်ရောက်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း

ပိုမိုရင်းနှီးမှုတွေရှိအောင် အားထုတ်နေပြီလို့ သိရပါတယ်။ အသင်းတွင်းမှာ

လူငယ်ကစားသမားတွေရဲ့ အမူအကျင့်နဲ့ အကြံပေးမှုတွေကို နားမထောင်တဲ့အပေါ်

ဒိုလေးတစ်ယောက်လူသိရှင်ကြားဝေဖန်မှုတွေ ပြုလုပ်ခဲ့အပြီးမှာ လူငယ်တွေနဲ့

ပိုပြီးနီးစပ်နေဖို့ ရော်နယ်ဒိုကအခုလို ပြုလုပ်လာခဲ့တာပါ။

ရော်နယ်ဒိုဟာ မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ အန်သိုနီအီလန်ဂါ၊ ဂျက်ဆီလင်ဂတ်၊ ဂျိမ်းစ်ဂါနာတို့လို

လူငယ်လေးတွေရဲ့မက်ဆေ့ချ်တွေကိုဖတ်ပြီး သဘောကျနေတယ်လို့ The Sun က

ဖော်ပြခဲ့တာပါ။

အသင်းတွင်းပြောရေးဆိုခွင့်ရှိသူက The Sun ကို”အသင်းမှာရှိတဲ့ လူငယ်ကစားသမားတချို့က

WhatsApp ကနေတစ်ဆင့် အချင်းချင်းအဆက်အသွယ်လုပ်ကြတယ်”

“သူတို့ကအားပြီဆိုတာနဲ့ ဖုန်းကိုလက်ကမချတော့ဘူး။ အချင်းချင်းစာတွေပို့ကြတယ်။

ဟာသဗီဒီယိုတွေ၊ ကွန်ပျူတာဂိမ်းအကြောင်း၊ သီချင်း၊ ဖက်ရှင် စသဖြင့်ပေါ့”

“အဲဒီဂရုထဲမှာရှိတဲ့ကစားသမားတချို့ထက် ရော်နယ်ဒိုကအသက်၂ဆလောက်ကြီးတယ်လေ။

ပြီးတော့ရော်နယ်ဒိုက ကလေး၄ယောက်ရဲ့ဖခင်ကြီးဆိုတော့ အခုမှပရော်ဖက်ရှင်နယ်ဖြစ်ခါစ

ကြယ်ပွင့်လေးတွေနဲ့ သူ့ဘဝကအများကြီးကွာခြားတယ်လေ”

“တချို့ဆိုသူ့ရဲ့အရှိန်အဝါကြောင့် ရှိန်နေတာမျိုးရှိပေမယ့် သူဂရုထဲဝင်လာတော့

အားလုံးပျော်နေကြတယ်။ ပြီးတော့သူက အကုန်လုံးကိုမက်ဆေ့ချ်တွေပို့နေကြတာဆိုတော့

ပိုစည်သွားတာပေါ့”

“ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူဟာလူငယ်လေးတွေနဲ့ ပိုပြီးထိတွေ့နိုင်သွားတယ်။

အထူးသဖြင့် ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့လူငယ်လေးတွေကို အနီးကပ်ပိုပြီးအကြံပေးလို့

ရသွားတာပေါ့”လို့ပြောသွားခဲ့တာပါ။

Zawgyi

WhatsApp Group ကေန ႏိုင္လိုစိတ္သြတ္သြင္းေပးဦးမလား ေရာ္နယ္ဒို

ယူႏိုက္တက္တိုက္စစ္မႉးေရာ္နယ္ဒိုဟာ အသင္းကစားသမားေတြရဲ႕

WhatsApp Group ထဲကို ဝင္ေရာက္ခဲ့ၿပီးေနာက္ အဝတ္လဲခန္းအတြင္း

ပိုမိုရင္းႏွီးမႈေတြရွိေအာင္ အားထုတ္ေနၿပီလို႔ သိရပါတယ္။ အသင္းတြင္းမွာ

လူငယ္ကစားသမားေတြရဲ႕ အမူအက်င့္နဲ႔ အႀကံေပးမႈေတြကို နားမေထာင္တဲ့အေပၚ

ဒိုေလးတစ္ေယာက္လူသိရွင္ၾကားေဝဖန္မႈေတြ ျပဳလုပ္ခဲ့အၿပီးမွာ လူငယ္ေတြနဲ႔

ပိုၿပီးနီးစပ္ေနဖို႔ ေရာ္နယ္ဒိုကအခုလို ျပဳလုပ္လာခဲ့တာပါ။

 

ေရာ္နယ္ဒိုဟာ မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ အန္သိုနီအီလန္ဂါ၊ ဂ်က္ဆီလင္ဂတ္၊ ဂ်ိမ္းစ္ဂါနာတို႔လို

လူငယ္ေလးေတြရဲ႕မက္ေဆ့ခ်္ေတြကိုဖတ္ၿပီး သေဘာက်ေနတယ္လို႔ The Sun က

ေဖာ္ျပခဲ့တာပါ။

အသင္းတြင္းေျပာေရးဆိုခြင့္ရွိသူက The Sun ကို”အသင္းမွာရွိတဲ့ လူငယ္ကစားသမားတခ်ိဳ႕က

WhatsApp ကေနတစ္ဆင့္ အခ်င္းခ်င္းအဆက္အသြယ္လုပ္ၾကတယ္”

“သူတို႔ကအားၿပီဆိုတာနဲ႔ ဖုန္းကိုလက္ကမခ်ေတာ့ဘူး။ အခ်င္းခ်င္းစာေတြပို႔ၾကတယ္။

ဟာသဗီဒီယိုေတြ၊ ကြန္ပ်ဴတာဂိမ္းအေၾကာင္း၊ သီခ်င္း၊ ဖက္ရွင္ စသျဖင့္ေပါ့”

“အဲဒီဂ႐ုထဲမွာရွိတဲ့ကစားသမားတခ်ိဳ႕ထက္ ေရာ္နယ္ဒိုကအသက္၂ဆေလာက္ႀကီးတယ္ေလ။

ၿပီးေတာ့ေရာ္နယ္ဒိုက ကေလး၄ေယာက္ရဲ႕ဖခင္ႀကီးဆိုေတာ့ အခုမွပေရာ္ဖက္ရွင္နယ္ျဖစ္ခါစ

ၾကယ္ပြင့္ေလးေတြနဲ႔ သူ႔ဘဝကအမ်ားႀကီးကြာျခားတယ္ေလ”

 

“တခ်ိဳ႕ဆိုသူ႔ရဲ႕အရွိန္အဝါေၾကာင့္ ရွိန္ေနတာမ်ိဳးရွိေပမယ့္ သူဂ႐ုထဲဝင္လာေတာ့

အားလုံးေပ်ာ္ေနၾကတယ္။ ၿပီးေတာ့သူက အကုန္လုံးကိုမက္ေဆ့ခ်္ေတြပို႔ေနၾကတာဆိုေတာ့

ပိုစည္သြားတာေပါ့”

“ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ သူဟာလူငယ္ေလးေတြနဲ႔ ပိုၿပီးထိေတြ႕ႏိုင္သြားတယ္။

အထူးသျဖင့္ ပုံစံေကာင္းရဖို႔႐ုန္းကန္ေနရတဲ့လူငယ္ေလးေတြကို အနီးကပ္ပိုၿပီးအႀကံေပးလို႔

ရသြားတာေပါ့”လို႔ေျပာသြားခဲ့တာပါ။