VAR ကယ်တင်ခြင်းခံခဲ့ရတဲ့ လီဗာပူးဂိုးသမားအလစ်ဆင်

လီဗာပူးဂိုးသမားအလစ်ဆင်ဟာနှစ်ကြိမ်တိုင်တိုင်အထုတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့VAR ကယင်းနှစ်ကြိမ်လုံးကို ဖယ်ရှားလိုက်မှုနဲ့အတူ

အလွန်ကံကောင်းခဲ့ပါတယ်။မနေ့ညတုန်းကဘရာဇီးနှင့်အီကွေဒေါပွဲက

ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီးအနီကတ်လေးကတ်အထိအသုံးပြုခဲ့ရပါတယ်။

မနေ့ညကပွဲစဉ်မှာအီကွေဒေါဟာပွဲအစ၁၅မိနစ်မှာဘဲ

ဂိုးသမားအလက်ဇန္ဒားဒိုမင်ဂွက်ဇ်အနီကတ်ပြထုတ်ပယ်ခံရလို့

တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ဘရာဇီးရဲ့လူတစ်ယောက်အသာဖြင့်ကစားရမှုက

ငါးမိနစ်ဘဲကြာခဲ့ပါတယ်။စပါးစ်နောက်ခံလူ

အီမာဆင်ရွိုင်ရယ် နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပါတယ်။

ယင်းနောက်မှာတော့အလစ်ဆင်အတွက်

ဒရမ်မာအလှည့်အပြောင်းတွေကျရောက်လာပါတော့တယ်။

ပွဲချိန်၂၆မိနစ်မှာအလစ်ဆင်ဟာအီကွေဒေါရှေ့တန်းကစားသမား

ဗလင်စီယာကို အန္တရာယ်ရှိတဲ့ခြေထောင်ဖျက်ထုတ်မှုအတွက်

ကိုလံဘီယာဒိုင်လူကြီးဝီလ်မာရိုလ်ဒန်ကအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဒါပေမဲ့ VAR ရဲ့ညွှန်ကြားချက်ကြောင့်အလစ်ဆင်ဟာ

အဝါကတ်သို့လျှော့ပေါ့ခြင်းခံခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာအလစ်ဆင်ဟာဘောလုံးဖမ်းရန်ကြိုးပမ်းရာမှာ

အန်ဂျီလိုပရီခီယာဒိုနှင့်ထိမိခဲ့ပါတယ်။ဒိုင်လူကြီးကပင်နယ်တီပေးပြီး

အလစ်ဆင်ကိုဒုတိယအကြိမ်မြောက်အနီကတ်ပြသခဲ့ပါတယ်။

ဒါပေမဲ့အနှေးပြကွက်အရအလစ်ဆင်ဟာဘောလုံးကိုထိပြီးမှ

ပရီခီယာဒိုကိုထိမိခဲ့တာတွေ့ရပါတယ်။

VAR ကဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အားလုံးကိုပယ်ဖျက်ပေးခဲ့ပါတယ်။

အလစ်ဆင်ဟာလည်းပွဲပြီးတဲ့အထိကစားခွင့်ရခဲ့ပါတယ်။

မနေ့ညကပွဲစဉ်မှာဘရာဇီးဟာပွဲအစ၆မိနစ်မှာဘဲ

ကက်စ်မီရိုရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၇၅မိနစ်မှ

ာတောရက်စ်ကအီကွေဒေါအတွက်ပြန်လည်ချေပခဲ့ပါတယ်။

zawgyi

VAR ကယ္တင္ျခင္းခံခဲ့ရတဲ့ လီဗာပူးဂိုးသမားအလစ္ဆင္

လီဗာပူးဂိုးသမားအလစ္ဆင္ဟာႏွစ္ႀကိမ္တိုင္တိုင္အထုတ္ခံခဲ့ရပါတယ္။

ဒါေပမဲ့VAR ကယင္းႏွစ္ႀကိမ္လုံးကို ဖယ္ရွားလိုက္မႈနဲ႔အတူ

အလြန္ကံေကာင္းခဲ့ပါတယ္။မေန႔ညတုန္းကဘရာဇီးႏွင့္အီေကြေဒါပြဲက

ပြဲၾကမ္းတစ္ပြဲျဖစ္ခဲ့ၿပီးအနီကတ္ေလးကတ္အထိအသုံးျပဳခဲ့ရပါတယ္။

မေန႔ညကပြဲစဥ္မွာအီေကြေဒါဟာပြဲအစ၁၅မိနစ္မွာဘဲ

ဂိုးသမားအလက္ဇႏၵားဒိုမင္ဂြက္ဇ္အနီကတ္ျပထုတ္ပယ္ခံရလို႔

တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။

ဒါေပမဲ့ဘရာဇီးရဲ႕လူတစ္ေယာက္အသာျဖင့္ကစားရမႈက

ငါးမိနစ္ဘဲၾကာခဲ့ပါတယ္။စပါးစ္ေနာက္ခံလူ

အီမာဆင္႐ြိဳင္ရယ္ ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရပါတယ္။

ယင္းေနာက္မွာေတာ့အလစ္ဆင္အတြက္

ဒရမ္မာအလွည့္အေျပာင္းေတြက်ေရာက္လာပါေတာ့တယ္။

ပြဲခ်ိန္၂၆မိနစ္မွာအလစ္ဆင္ဟာအီေကြေဒါေရွ႕တန္းကစားသမား

ဗလင္စီယာကို အႏၲရာယ္ရွိတဲ့ေျခေထာင္ဖ်က္ထုတ္မႈအတြက္

ကိုလံဘီယာဒိုင္လူႀကီးဝီလ္မာ႐ိုလ္ဒန္ကအနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ဒါေပမဲ့ VAR ရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္အလစ္ဆင္ဟာ

အဝါကတ္သို႔ေလွ်ာ့ေပါ့ျခင္းခံခဲ့ရပါတယ္။

ပြဲၿပီးခါနီးမွာအလစ္ဆင္ဟာေဘာလုံးဖမ္းရန္ႀကိဳးပမ္းရာမွာ

အန္ဂ်ီလိုပရီခီယာဒိုႏွင့္ထိမိခဲ့ပါတယ္။ဒိုင္လူႀကီးကပင္နယ္တီေပးၿပီး

အလစ္ဆင္ကိုဒုတိယအႀကိမ္ေျမာက္အနီကတ္ျပသခဲ့ပါတယ္။

ဒါေပမဲ့အေႏွးျပကြက္အရအလစ္ဆင္ဟာေဘာလုံးကိုထိၿပီးမွ

ပရီခီယာဒိုကိုထိမိခဲ့တာေတြ႕ရပါတယ္။

VAR ကဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အားလုံးကိုပယ္ဖ်က္ေပးခဲ့ပါတယ္။

အလစ္ဆင္ဟာလည္းပြဲၿပီးတဲ့အထိကစားခြင့္ရခဲ့ပါတယ္။

မေန႔ညကပြဲစဥ္မွာဘရာဇီးဟာပြဲအစ၆မိနစ္မွာဘဲ

ကက္စ္မီ႐ိုရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၇၅မိနစ္မွ

ာေတာရက္စ္ကအီေကြေဒါအတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။