မက်ဆီကို ဘာစီလိုနာသို့ ပြန်ပြောင်းရန် ဖိအားပေးနေတဲ့ သူ့ရဲ့ ချစ်ဇနီး

လီယွန်နယ်မက်ဆီဟာဇနီးသည်မှာပဲရစ်တွင်မပျော်မရွှင်ဖြစ်နေမှုနဲ့အတူ

လာမယ့်နွေရာသီတွင်ဘာစီလိုနာသို့ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားဟာ

ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဘာစီလိုနာမှထွက်ခွာကာ

ပီအက်စ်ဂျီသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာပီအက်စ်ဂျီသို့ရောက်ပြီးလေးလကျော်ခန့်အကြာမှာဘဲ

ထွက်ခွာရေးနှင့်ပတ်သက်ပြီးသတင်းများထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

El Nacional ရဲ့ဖော်ပြချက်အရ အန်တိုနီလာရိုကူဇိုက

ပြင်သစ်တွင်မပျော်ကြောင်း ခင်ပွန်းသည်ကိုပြောကြားကာ

ကက်တလန်သို့ပြန်ရေးဖိအားပေးနေကြောင်းသိရပါတယ်။

ဒါ့အပြင် မက်ဆီရဲ့သားသုံးဦးတို့ဟာလည်းပြင်သစ်တွင်အထိုင်မကျဖြစ်နေပြီး

ဘာစီလိုနာရှိသူငယ်ချင်းများကိုသိရပါတယ်။

မက်ဆီရဲ့ဇနီးသည်ရိုကူဇိုဟာသားများပျော်ရွှင်စေရန်အတွက်

ပဲရစ်တွင်အလည်အပတ်ထွက်စေလျက်ရှိနေသော်လည်း

ပြင်သစ်ရဲ့ဆောင်းရာသီမှာထင်မှတ်ထားတာထက်ဆိုးရွားနေမှုကြောင့်

ပိုမိုအခက်အခဲဖြစ်လာလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကမက်ဆီရဲ့ဘာစီလိုနာကစားဖော်ဟောင်း

လူးဝစ်ဆွာရက်ဇ်ကအာဂျင်တီးနားကစားသမားမှာ

ပဲရစ်ရဲ့ရာသီဥတုကြောင့်အဆင်မပြေဖြစ်နေကြောင်းပြောကြားခဲ့ဖူးပါတယ်။

ထိုစဉ်ကဆွာရက်ဇ်က “ကျွန်တော်တို့နေ့စဉ်စကားပြောဖြစ်တယ်။

အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး

အမြဲတမ်းဆွေးနွေးဖြစ်တယ်။ပွဲအကြောင်းပြောကြတယ်။

မိသားစုအကြောင်းပြောကြတယ်။သူကချမ်းအေးလှတဲ့အချိန်မှာ

ကစားနေရတယ်လို့ပြောပါတယ်။

သူဟာချမ်းအေးလှတဲ့ဆောင်းနှင်းကြောင့်ဒုက္ခရောက်နေပါတယ်။

ဒါပေမဲ့ဘယ်လောက်အေးအေးရင်ဆိုင်ရတာပါပဲ”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်လီဂူး၁တွင်

၁ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

ဒါပေမဲ့သူဟာချန်ပီယံလိဂ်မှာတော့၅ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

မက်ဆီရဲ့လက်ရှိဘာစီလိုနာနှင့်စာချုပ်က၂၀၂၃ခုနှစ်နွေရာသီတွင်မှကုန်ဆုံးပါမယ်။

zawgyi

မက္ဆီကို ဘာစီလိုနာသို႔ ျပန္ေျပာင္းရန္ ဖိအားေပးေနတဲ့ သူ႔ရဲ႕ ခ်စ္ဇနီး

လီယြန္နယ္မက္ဆီဟာဇနီးသည္မွာပဲရစ္တြင္မေပ်ာ္မ႐ႊင္ျဖစ္ေနမႈနဲ႔အတူ

လာမယ့္ေႏြရာသီတြင္ဘာစီလိုနာသို႔ျပန္လည္ေျပာင္းေ႐ႊ႕ဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာ

ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဘာစီလိုနာမွထြက္ခြာကာ

ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာပီအက္စ္ဂ်ီသို႔ေရာက္ၿပီးေလးလေက်ာ္ခန႔္အၾကာမွာဘဲ

ထြက္ခြာေရးႏွင့္ပတ္သက္ၿပီးသတင္းမ်ားထြက္ေပၚလာေနၿပီျဖစ္ပါတယ္။

El Nacional ရဲ႕ေဖာ္ျပခ်က္အရ အန္တိုနီလာ႐ိုကူဇိုက

ျပင္သစ္တြင္မေပ်ာ္ေၾကာင္း ခင္ပြန္းသည္ကိုေျပာၾကားကာ

ကက္တလန္သို႔ျပန္ေရးဖိအားေပးေနေၾကာင္းသိရပါတယ္။

ဒါ့အျပင္ မက္ဆီရဲ႕သားသုံးဦးတို႔ဟာလည္းျပင္သစ္တြင္အထိုင္မက်ျဖစ္ေနၿပီး

ဘာစီလိုနာရွိသူငယ္ခ်င္းမ်ားကိုသိရပါတယ္။

မက္ဆီရဲ႕ဇနီးသည္႐ိုကူဇိုဟာသားမ်ားေပ်ာ္႐ႊင္ေစရန္အတြက္

ပဲရစ္တြင္အလည္အပတ္ထြက္ေစလ်က္ရွိေနေသာ္လည္း

ျပင္သစ္ရဲ႕ေဆာင္းရာသီမွာထင္မွတ္ထားတာထက္ဆိုး႐ြားေနမႈေၾကာင့္

ပိုမိုအခက္အခဲျဖစ္လာလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကမက္ဆီရဲ႕ဘာစီလိုနာကစားေဖာ္ေဟာင္း

လူးဝစ္ဆြာရက္ဇ္ကအာဂ်င္တီးနားကစားသမားမွာ

ပဲရစ္ရဲ႕ရာသီဥတုေၾကာင့္အဆင္မေျပျဖစ္ေနေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ထိုစဥ္ကဆြာရက္ဇ္က “ကြၽန္ေတာ္တို႔ေန႔စဥ္စကားေျပာျဖစ္တယ္။

အခက္အခဲေတြကိုဘယ္လိုေက်ာ္ျဖတ္ရမယ္ဆိုတာနဲ႔ပတ္သက္ၿပီး

အၿမဲတမ္းေဆြးေႏြးျဖစ္တယ္။ပြဲအေၾကာင္းေျပာၾကတယ္။

မိသားစုအေၾကာင္းေျပာၾကတယ္။သူကခ်မ္းေအးလွတဲ့အခ်ိန္မွာ

ကစားေနရတယ္လို႔ေျပာပါတယ္။

သူဟာခ်မ္းေအးလွတဲ့ေဆာင္းႏွင္းေၾကာင့္ဒုကၡေရာက္ေနပါတယ္။

ဒါေပမဲ့ဘယ္ေလာက္ေအးေအးရင္ဆိုင္ရတာပါပဲ”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္လီဂူး၁တြင္

၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

ဒါေပမဲ့သူဟာခ်န္ပီယံလိဂ္မွာေတာ့၅ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

မက္ဆီရဲ႕လက္ရွိဘာစီလိုနာႏွင့္စာခ်ဳပ္က၂၀၂၃ခုႏွစ္ေႏြရာသီတြင္မွကုန္ဆုံးပါမယ္။