ဒေါ့မွန်ဘက်က ဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာဆုံးဖြတ်ရန်ဖိအားပေးခံရတဲ့  ဟာလန်း

အာလင်းဟာလန်းကဒေါ့မွန်ဘက်ကအနာဂတ်ကိုအမြန်ဆုံးဆုံးဖြတ်ရန်

ဖိအားပေးနေမှုနဲ့အတူ အနာဂတ်ကို

မကြာမီဆုံးဖြတ်သွားတော့မည်ဖြစ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

နော်ဝေတိုက်စစ်မှူးဟာမန်ချက်စတာယူနိုက်တက်၊မန်စီးတီး

၊ရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပါတယ်။

ယခုအခါ၎င်းက ဒေါ့မွန်ဘက်ကဆုံးဖြတ်ချက်တစ်ခုကိုပြတ်သားစွာ

ဆုံးဖြတ်ရန်ဖိအားပေးလာမှုနဲ့အတူ

မကြာခင်တခုခုဖြစ်လာတော့မယ်လို့ပြောကြားလာပါတယ်။

အသက်၂၁နှစ်ရှိတိုက်စစ်မှူးက “ပြီးခဲ့တဲ့ခြောက်လတာကာလမှာ

ဒေါ့မွန်ကို လေးစားသမှုရှိတဲ့အနေနဲ့ဘာမှမပြောဘဲနေခဲ့ပါတယ်။

ဒါပေမဲ့အခုကလပ်ဘက်ကကျွန်တော့်ကိုဆုံးဖြတ်ချက်ချဖို့

ဖိအားပေးလာပါပြီ။ကျွန်တော့်အပြင်းပြဆုံးဆန္ဒကဘောလုံးကစားဖို့ပါ။

ဒါပေမဲ့ဒေါ့မွန်ဘက်ကအနာဂတ်ကိုဆုံးဖြတ်ဖို့ကျွန်တော့်ကိုဖိအားပေးနေပါပြီ။

ဒီတော့မကြာခင်မှာဆုံးဖြတ်ချက်တစ်ခုချသွားပါမယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာသောကြာနေ့တုန်းကဖရိုင်းဘတ်ကိုဒေါ့မွန်က၅-၁ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲမှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလမှာရက်ဘူးလ်ဆဲလ်ဘတ်မှဒေါ့မွန်သို့

ပြောင်းရွှေ့လာပြီးနောက်၇၇ပွဲကစားထားရာမှာ၇၈ဂိုးအထိ

သွင်းယူပေးထားနိုင်သူလည်းဖြစ်ပါတယ်။

ယင်းသို့ဂိုးများစွာသွင်းယူနိုင်မှုနဲ့အတူ

သူဟာဥရောပထိပ်သီးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်လာပြီး

ဥရောပထိပ်သီးကလပ်တိုင်းအလိုရှိတဲ့ကစားသမားဖြစ်လာပါတယ်။

ဆက်လက်ပြီးဟာလန်းက “သူတို့(ဒေါ့မွန်)ဟာကျွန်တော့်ကိုစတင်ပြီးတော့

ဖိအားတွေပေးလာပါပြီ။ကျွန်တော့်ဘက်ကလည်းလက်ခံပါတယ်။

ကလပ်နဲ့ပရိသတ်တွေကိုလေးစားတဲ့အနေနဲ့ဘာမှမပြောခဲ့တာပါ။

အခုတော့ကလပ်ဆီကဖိအားတွေရောက်လာပါပြ

ဒီတော့တခုခုလုပ်ရမယ့်အချိန်ကျရောက်လာပါပြီ။

ဒီတော့မကြာခင်တခုခုဖြစ်လာပါတော့မယ်။အရင်ကပြောသလိုဘဲ

ဘောလုံးကိုပဲအာရုံစိုက်ချင်တယ်။အကောင်းဆုံးပုံစံရရှိနေတဲ့အချိန်ဖြစ်နေလို့ပါ။

အခြားအရာတွေကိုခေါင်းထဲမှာမထည့်ထားချင်ပါဘူး”လို့ပြောကြားသွားပါတယ်။

အနာဂတ်ကိုချက်ချင်းဆုံးဖြတ်လာနိုင်သလားလို့မေးမြန်းမှုကို

၎င်းက “အခုကပွဲအရမ်းများတဲ့ရာသီတစ်ဝက်ကာလဆိုတော့မဆုံးဖြတ်ချင်ပါဘူး။

ဘောလုံးပဲကစားချင်တယ်။ဒါပေမဲ့အခုဆိုဘောလုံးကိုချည်းအာ

ရုံစိုက်လို့မရတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းရဲ့ဒေါ့မွန်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်

၂၀၂၁ခုနှစ်၊နွေရာသီတွင်သူ့ကိုပေါင်၆၄သန်းဖြင့်

ခေါ်ယူနိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

zawgyi

ေဒါ့မြန္ဘက္က ဆုံးျဖတ္ခ်က္တစ္ခုကိုျပတ္သားစြာဆုံးျဖတ္ရန္ဖိအားေပးခံရတဲ့  ဟာလန္း

အာလင္းဟာလန္းကေဒါ့မြန္ဘက္ကအနာဂတ္ကိုအျမန္ဆုံးဆုံးျဖတ္ရန္

ဖိအားေပးေနမႈနဲ႔အတူ အနာဂတ္ကို

မၾကာမီဆုံးျဖတ္သြားေတာ့မည္ျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာမန္ခ်က္စတာယူႏိုက္တက္၊မန္စီးတီး

၊ရီးရဲလ္မက္ဒရစ္ႏွင့္ဘာစီလိုနာတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ပါတယ္။

ယခုအခါ၎က ေဒါ့မြန္ဘက္ကဆုံးျဖတ္ခ်က္တစ္ခုကိုျပတ္သားစြာ

ဆုံးျဖတ္ရန္ဖိအားေပးလာမႈနဲ႔အတူ

မၾကာခင္တခုခုျဖစ္လာေတာ့မယ္လို႔ေျပာၾကားလာပါတယ္။

အသက္၂၁ႏွစ္ရွိတိုက္စစ္မႉးက “ၿပီးခဲ့တဲ့ေျခာက္လတာကာလမွာ

ေဒါ့မြန္ကို ေလးစားသမႈရွိတဲ့အေနနဲ႔ဘာမွမေျပာဘဲေနခဲ့ပါတယ္။

ဒါေပမဲ့အခုကလပ္ဘက္ကကြၽန္ေတာ့္ကိုဆုံးျဖတ္ခ်က္ခ်ဖို႔

ဖိအားေပးလာပါၿပီ။ကြၽန္ေတာ့္အျပင္းျပဆုံးဆႏၵကေဘာလုံးကစားဖို႔ပါ။

ဒါေပမဲ့ေဒါ့မြန္ဘက္ကအနာဂတ္ကိုဆုံးျဖတ္ဖို႔ကြၽန္ေတာ့္ကိုဖိအားေပးေနပါၿပီ။

ဒီေတာ့မၾကာခင္မွာဆုံးျဖတ္ခ်က္တစ္ခုခ်သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းဟာေသာၾကာေန႔တုန္းကဖ႐ိုင္းဘတ္ကိုေဒါ့မြန္က၅-၁ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲမွာႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလမွာရက္ဘူးလ္ဆဲလ္ဘတ္မွေဒါ့မြန္သို႔

ေျပာင္းေ႐ႊ႕လာၿပီးေနာက္၇၇ပြဲကစားထားရာမွာ၇၈ဂိုးအထိ

သြင္းယူေပးထားႏိုင္သူလည္းျဖစ္ပါတယ္။

ယင္းသို႔ဂိုးမ်ားစြာသြင္းယူႏိုင္မႈနဲ႔အတူ

သူဟာဥေရာပထိပ္သီးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးျဖစ္လာၿပီး

ဥေရာပထိပ္သီးကလပ္တိုင္းအလိုရွိတဲ့ကစားသမားျဖစ္လာပါတယ္။

ဆက္လက္ၿပီးဟာလန္းက “သူတို႔(ေဒါ့မြန္)ဟာကြၽန္ေတာ့္ကိုစတင္ၿပီးေတာ့

ဖိအားေတြေပးလာပါၿပီ။ကြၽန္ေတာ့္ဘက္ကလည္းလက္ခံပါတယ္။

ကလပ္နဲ႔ပရိသတ္ေတြကိုေလးစားတဲ့အေနနဲ႔ဘာမွမေျပာခဲ့တာပါ။

အခုေတာ့ကလပ္ဆီကဖိအားေတြေရာက္လာပါျပ

ဒီေတာ့တခုခုလုပ္ရမယ့္အခ်ိန္က်ေရာက္လာပါၿပီ။

ဒီေတာ့မၾကာခင္တခုခုျဖစ္လာပါေတာ့မယ္။အရင္ကေျပာသလိုဘဲ

ေဘာလုံးကိုပဲအာ႐ုံစိုက္ခ်င္တယ္။အေကာင္းဆုံးပုံစံရရွိေနတဲ့အခ်ိန္ျဖစ္ေနလို႔ပါ။

အျခားအရာေတြကိုေခါင္းထဲမွာမထည့္ထားခ်င္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အနာဂတ္ကိုခ်က္ခ်င္းဆုံးျဖတ္လာႏိုင္သလားလို႔ေမးျမန္းမႈကို

၎က “အခုကပြဲအရမ္းမ်ားတဲ့ရာသီတစ္ဝက္ကာလဆိုေတာ့မဆုံးျဖတ္ခ်င္ပါဘူး။

ေဘာလုံးပဲကစားခ်င္တယ္။ဒါေပမဲ့အခုဆိုေဘာလုံးကိုခ်ည္းအာ

႐ုံစိုက္လို႔မရေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းရဲ႕ေဒါ့မြန္ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္

၂၀၂၁ခုႏွစ္၊ေႏြရာသီတြင္သူ႔ကိုေပါင္၆၄သန္းျဖင့္

ေခၚယူႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။