
တီမိုဝါနာဟာချဲလ်ဆီးသို့ပြောင်းရွှေ့လာပြီးနောက်ခက်ခဲကာလကို
ဖြတ်သန်းလာခဲ့ရတာ၁၈လတိုင်တိုင်ရှိပြီဖြစ်ပါတယ်။
ဒါပေမဲ့လည်းဂျာမနီတိုက်စစ်မှူးဟာ ချဲလ်ဆီးပရိသတ်များရဲ့
အားပေးမှုကိုရရှိနေတုန်းဖြစ်ပါတယ်။
ဝါနာဟာ၂၀၂၀ခုနှစ်၊ဇွန်လတုန်းကချဲလ်ဆီးသို့
ပေါင်၄၇.၅သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာလိုက်ဇစ်အတွက်ကစားတဲ့နောက်ဆုံးရာသီမှာ
၃၈ပွဲတွင်၂၄ဂိုးအထိသွင်းယူပြီးထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ်
ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအပိုင်အခွင့်အရေးများစွာ
ဖြုန်းတီးခဲ့မှုနဲ့အတူပရီးမီးယားလိဂ်ဂိုး၆ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။
အစောပိုင်းတုန်းကအသက်၂၅နှစ်ရှိတီမိုဝါနာဟာပရိသတ်များရဲ့
တိုက်ခိုက်မှုခံခဲ့ရပေမဲ့လည်းနောက်ပိုင်းတွင်ပရိသတ်များရဲ့
အားပေးမှုကိုတောက်လျှောက်ရရှိလာခဲ့ပါတယ်။
ယင်းနှင့်ပတ်သက်ပြီးတီမိုဝါနာက “တခါတလေသူတို့တတွေ
ကျွန်တော့်ကိုဘာလို့အရမ်းကိုအားပေးနေကြတာလဲဆိုတာ
နားမလည်နိုင်အောင်ဖြစ်ရတယ်။ကျွန်တော်ကတိုက်စစ်မှူးတစ်ဦးပါ။
ဂိုးသွင်းချင်တယ်။ဒါပေမဲ့ကျွန်တော်ဟာအခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့တယ်။
အခွင့်အရေးဖြုန်းတီးလို့ ခက်ခဲတဲ့ကာလကြုံချိန်မှာသူတို့ရဲ့အားပေးမှုက
စိတ်ဓာတ်မာကျောလာစေပါတယ်။
ပွဲတိုင်းအကောင်းဆုံးကစားဖို့ကြိုးစားပါတယ်။အသင်းအတွက်
ရာနှုန်းပြည့်ပေးဆပ်ပြီးသူတို့ပျော်ရွှင်ဖို့ကြိုးစားပါတယ်”လို့ပြောကြားသွားပါတယ်။
zawgyi
ဂိုးမသြင္းႏိုင္ေပမဲ့ သူ႔အေပၚ အခ်စ္မပ်က္လို႔ မယုံၾကည္ႏိုင္ေအာင္ျဖစ္ေနတဲ့ တီမိုဝါနာ
တီမိုဝါနာဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ခက္ခဲကာလကို
ျဖတ္သန္းလာခဲ့ရတာ၁၈လတိုင္တိုင္ရွိၿပီျဖစ္ပါတယ္။
ဒါေပမဲ့လည္းဂ်ာမနီတိုက္စစ္မႉးဟာ ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕
အားေပးမႈကိုရရွိေနတုန္းျဖစ္ပါတယ္။
ဝါနာဟာ၂၀၂၀ခုႏွစ္၊ဇြန္လတုန္းကခ်ဲလ္ဆီးသို႔
ေပါင္၄၇.၅သန္းျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
သူဟာလိုက္ဇစ္အတြက္ကစားတဲ့ေနာက္ဆုံးရာသီမွာ
၃၈ပြဲတြင္၂၄ဂိုးအထိသြင္းယူၿပီးထိပ္တန္းတိုက္စစ္မႉးတစ္ဦးအျဖစ္
ရပ္တည္ႏိုင္ခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအပိုင္အခြင့္အေရးမ်ားစြာ
ျဖဳန္းတီးခဲ့မႈနဲ႔အတူပရီးမီးယားလိဂ္ဂိုး၆ဂိုးတည္းသာသြင္းယူႏိုင္ခဲ့ပါတယ္။
အေစာပိုင္းတုန္းကအသက္၂၅ႏွစ္ရွိတီမိုဝါနာဟာပရိသတ္မ်ားရဲ႕
တိုက္ခိုက္မႈခံခဲ့ရေပမဲ့လည္းေနာက္ပိုင္းတြင္ပရိသတ္မ်ားရဲ႕
အားေပးမႈကိုေတာက္ေလွ်ာက္ရရွိလာခဲ့ပါတယ္။
ယင္းႏွင့္ပတ္သက္ၿပီးတီမိုဝါနာက “တခါတေလသူတို႔တေတြ
ကြၽန္ေတာ့္ကိုဘာလို႔အရမ္းကိုအားေပးေနၾကတာလဲဆိုတာ
နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ကြၽန္ေတာ္ကတိုက္စစ္မႉးတစ္ဦးပါ။
ဂိုးသြင္းခ်င္တယ္။ဒါေပမဲ့ကြၽန္ေတာ္ဟာအခြင့္အေရးေတြျဖဳန္းတီးပစ္ခဲ့တယ္။
အခြင့္အေရးျဖဳန္းတီးလို႔ ခက္ခဲတဲ့ကာလႀကဳံခ်ိန္မွာသူတို႔ရဲ႕အားေပးမႈက
စိတ္ဓာတ္မာေက်ာလာေစပါတယ္။
ပြဲတိုင္းအေကာင္းဆုံးကစားဖို႔ႀကိဳးစားပါတယ္။အသင္းအတြက္
ရာႏႈန္းျပည့္ေပးဆပ္ၿပီးသူတို႔ေပ်ာ္႐ႊင္ဖို႔ႀကိဳးစားပါတယ္”လို႔ေျပာၾကားသြားပါတယ္။