လာလီဂါပွဲတွေထဲက အမှန်ခြစ်ထားရမယ့် ပစ်မှတ်များ ( ကိုရွှေမောင်း )
ဒီကနေ့ အဂင်္ါညမှာ လာလီဂါ ၂ ပွဲကစားမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အက်-တီကို၊ ဆိုစီဒက်၊ ဘာစီလိုနာနဲ့ ဗယ်လီကာနိုတို့ရဲ့ ဖိအားပေးမှုခံနေရတဲ့
ဘက်တစ်က အလာဗက်စ်ကို အမှားမခံဘဲ ကစားသွားမယ် ထင်ပါတယ်။
ဘက်တစ် Vs အလာဗက်စ်
ဆီဗီလာနဲ့ ဘုရင့်ဖလားပွဲကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး
ဘက်တစ်စိတ်ဓါတ်တွေ အတော်တက်နေတယ်။
ဆာဂျီယိုကာနာလက်စ်ကလည်း လတ်တလောခြေစွမ်းထက်နေပြီး
သူ့ရဲ့နောက်ဆုံး ၈ ပွဲမှာ ၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးထားတယ်။
ဖီကာကလည်း ဆီဗီလာပွဲကဂိုးကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ
ထောင့်ကန်ဘောက ဂိုးသွင်းနိုင်တ​ဲ့ တစ်ဦးတည်းသော
လာလီဂါ ကစားသမားဖြစ်နေတယ်။
အလာဗက်စ်ဟာ ဘက်တစ်ကို ပြိုင်ပွဲစုံ
နောက်ဆုံး ၃ ပွဲဆက်တိုက်ရှုံးထားပါတယ်။
လာလီဂါအဝေးကွင်းနောက်ဆုံး ၂၃ ပွဲမှာလည်း ၂ ပွဲပဲ နိုင်ခဲ့ဖူးတယ်။
ဘက်တစ်ကိုပဲ ရွေးသင့်ပါတယ်။
ဘက်တစ်
ကာဒစ် Vs အက်စ်ပန်ညို
ကာဒစ်ဇ်က သူတို့အိမ်ကွင်း ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်တိုက်
အက်စ်ပန်ညိုကိုနိုင်ထားပေမယ့် လတ်တလောခြေကျနေတယ်။
လာလီဂါအိမ်ကွင်း ၁၁ ပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်နေတယ်။
လာလီဂါနောက်ဆုံး ၃ ပွဲဆက်လည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။
အက်စ်ပန်ရဲ့ အဓိကနောက်ခံလူ ပက်ဒရိုဆာနဲ့
ကွင်းလယ်ခံစစ်ကစားသမား ဘာရီတို့ ဒီပွဲမှာ ပွဲပယ်ခံထားရပါတယ်။
အယ်လ်ချီကို အိမ်ကွင်းမှာ ရှုံးခဲ့သလို မာယေ့ာကာကို ရှုံးပြီး
ဘုရင့်ဖလားပွဲကထွက်ခဲ့ရလို့ ဒီပွဲကို အက်စ်ပန်ညို
အားစိုက်ကစားမယ့်အနေအထားရှိပါတယ်။
အက်စ်ပန်ညိုပဲ ရွေးသင့်ပါတယ်။
အက်စ်ပန်ညို
zawgyi
ဘက်တစ် Vs အလာဗက်စ်
ဘက်တစ်
ကာဒစ် Vs အက်စ်ပန်ညို
အယ်လ်ချီကို အိမ်ကွင်းမှာ ရှုံးခဲ့သလို မာယော့ကာကို ရှုံးပြီး
အက်စ်ပန်ညို