ရွိုင်ယန်ဂစ်အမှု  ဩဂုတ်လအထိ ရွှေ့ဆိုင်လိုက်

ဝေးလ်နည်းပြရွိုင်ယန်ဂစ်အားကြားနာစစ်ဆေးမှုပြုလုပ်ရေးကို

ဩဂုတ်လ၈ရက်နေ့သို့အထိရွှေ့ဆိုင်းလိုက်ပါတယ်။

မန်ချက်စတာတရားရုံးဟာအသက်၄၈နှစ်ရှိ

ယူနိုက်တက်ဂန္ထဝင်ကစားသမားရဲ့အမှုကိုကြားနာစစ်ဆေးမှုပြုလုပ်ရန်

တရားရုံးချိန်းချိန်မရှိမှုနဲ့အတူဩဂုတ်လအစောပိုင်းသို့အထိ

ရွှေ့ဆိုင်းမှုပြုလုပ်လိုက်ရတာလည်းဖြစ်ပါတယ်။

ရွိုင်ယန်ဂစ်ဟာပြီးခဲ့တဲ့နှစ်တုန်းကရည်းစားဟောင်းနှင့်

သူမရဲ့ညီမဖြစ်သူတို့ကိုကိုယ်ထိလက်ရောက်တိုက်ခိုက်မှုအတွက်

စွဲချက်တင်ခြင်းခံထားရပါတယ်။

ယူနိုက်တက်စတားဟောင်းက၂၀၂၀ခုနှစ်၊နိုဝင်ဘာလ၁ရက်နေ့တုန်းက

ဂရိတ်တားမန်ချက်စတာ၊ဝေါစလေရှိနေအိမ်တွင်

ချစ်သူဂရီဗဲလ်လီနှင့်ညီမဖြစ်သူအမ်မာတို့ကို

ဒဏ်ရာအနာတရဖြစ်အောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ရွိုင်ယန်ဂစ်ကတော့သူ့ဘက်ကတစုံတရာ

ကျူးလွန်ခြင်းမရှိကြောင်းငြင်းဆိုမှုပြုလုပ်ထားပါတယ်။

ဂစ်ဟာ၂၀၀၇ခုနှစ်တုန်းက OBE ဘွဲနှင့်၂၀၀၉ခုနှစ်တုန်းက

ဘီဘီစီတစ်နှစ်တာစံပြအားကစားသမားဆုတို့ကိုဆွတ်ခူးခဲ့ဖူးသူဖြစ်ပြီး

ယခုအမှုကြောင့် ဝေးလ်နည်းပြရာထူးမှယာယီဆိုင်းငံ့မှုပြုလုပ်ထားရပါတယ်။

တရားရုံးကဩဂုတ်လ၈ရက်နေ့တွင်မှကြားနာစစ်ဆေးရန်

ရွှေ့ဆိုင်းလိုက်မှုအပေါ်တွင်လည်းနှစ်ဖက်လုံးကလက်ခံခဲ့ပါတယ်။

zawgyi

႐ြိဳင္ယန္ဂစ္အမႈ  ဩဂုတ္လအထိ ေ႐ႊ႕ဆိုင္လိုက္

ေဝးလ္နည္းျပ႐ြိဳင္ယန္ဂစ္အားၾကားနာစစ္ေဆးမႈျပဳလုပ္ေရးကို

ဩဂုတ္လ၈ရက္ေန႔သို႔အထိေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

မန္ခ်က္စတာတရား႐ုံးဟာအသက္၄၈ႏွစ္ရွိ

ယူႏိုက္တက္ဂႏၴဝင္ကစားသမားရဲ႕အမႈကိုၾကားနာစစ္ေဆးမႈျပဳလုပ္ရန္

တရား႐ုံးခ်ိန္းခ်ိန္မရွိမႈနဲ႔အတူဩဂုတ္လအေစာပိုင္းသို႔အထိ

ေ႐ႊ႕ဆိုင္းမႈျပဳလုပ္လိုက္ရတာလည္းျဖစ္ပါတယ္။

႐ြိဳင္ယန္ဂစ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကရည္းစားေဟာင္းႏွင့္

သူမရဲ႕ညီမျဖစ္သူတို႔ကိုကိုယ္ထိလက္ေရာက္တိုက္ခိုက္မႈအတြက္

စြဲခ်က္တင္ျခင္းခံထားရပါတယ္။

ယူႏိုက္တက္စတားေဟာင္းက၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလ၁ရက္ေန႔တုန္းက

ဂရိတ္တားမန္ခ်က္စတာ၊ေဝါစေလရွိေနအိမ္တြင္

ခ်စ္သူဂရီဗဲလ္လီႏွင့္ညီမျဖစ္သူအမ္မာတို႔ကို

ဒဏ္ရာအနာတရျဖစ္ေအာင္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့႐ြိဳင္ယန္ဂစ္ကေတာ့သူ႔ဘက္ကတစုံတရာ

က်ဴးလြန္ျခင္းမရွိေၾကာင္းျငင္းဆိုမႈျပဳလုပ္ထားပါတယ္။

ဂစ္ဟာ၂၀၀၇ခုႏွစ္တုန္းက OBE ဘြဲႏွင့္၂၀၀၉ခုႏွစ္တုန္းက

ဘီဘီစီတစ္ႏွစ္တာစံျပအားကစားသမားဆုတို႔ကိုဆြတ္ခူးခဲ့ဖူးသူျဖစ္ၿပီး

ယခုအမႈေၾကာင့္ ေဝးလ္နည္းျပရာထူးမွယာယီဆိုင္းငံ့မႈျပဳလုပ္ထားရပါတယ္။

တရား႐ုံးကဩဂုတ္လ၈ရက္ေန႔တြင္မွၾကားနာစစ္ေဆးရန္

ေ႐ႊ႕ဆိုင္းလိုက္မႈအေပၚတြင္လည္းႏွစ္ဖက္လုံးကလက္ခံခဲ့ပါတယ္။