
ခရစ္စတီယာနိုရော်နယ်ဒိုကသူတို့ရဲ့စံပြကစားသမားများမှာ
ဘရာဇီးဂန္ထဝင်များဖြစ်ကြတဲ့ရော်နယ်ဒင်ဟိုနှင့်ရော်နယ်ဒိုတို့ဖြစ်ကြောင်း
ဖွင့်ဟပြောကြားလာပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုက၎င်းမှာ၎င်းတို့နှစ်ဦးထက်
တစ်ကိုယ်တော်ဆုပိုမိုရရှိထားကြောင်းဟာသနှောဆိုသွားပါတယ်။
မန်ချက်စတာယူနိုက်တက်စူပါစတားဟာ ESPN Brazil နှင့်
အင်တာဗျူးပြုလုပ်ခဲ့တာဖြစ်ပြီး သူငယ်စဉ်ကတည်းက
စောင့်ကြည့်လာတဲ့ကစားသမားများအဖြစ်
ရော်နယ်ဒိုနှင့်ရော်နယ်ဒင်ဟိုတို့ကိုရွေးချယ်သွားပါတယ်။
ရော်နယ်ဒင်ဟိုနှင့်ရော်နယ်ဒိုတို့ဟာ၂၀၀၂ကမ္ဘာ့ဖလားကို
အတူတကွဲရရှိခဲ့ကြသူများဖြစ်ပြီးသမိုင်းတစ်လျှောက်
အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်
သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိခရစ္စတီယာနိုက “နှိုင်းယှဉ်ပြောကြားတာမကြိုက်ဘူး။
ချန်ထားခဲ့တဲ့ဒဏ္ဍာရီနဲ့သမိုင်းတွေကြောင့်သူတို့နှစ်ဦးကိုရွေးချယ်လိုပါတယ်။
ကျွန်တော့်ဘက်ကသူတို့နှစ်ဦးထက်ပိုပြီးတကိုယ်တော်ဆုအများကြီး
ရခဲ့တယ်လို့ပြောနိုင်ပေမဲ့သူတို့နှစ်ဦးကကမ္ဘာ့ဖလားရထားတယ်။
သူတို့နှစ်ဦးကစားတာကြည့်ပြီးကြီးပြင်းလာတာပါ။
ဘယ်သူကအကောင်းဆုံးလဲ၊ဘယ်သူကဒုတိယအကောင်းဆုံးလဲဆိုတာ
အရေးမကြီးပါဘူး”လို့ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာယူရိုဖလားဆွတ်ခူးဖူးပေမဲ့ကမ္ဘာ့ဖလားမဆွတ်ခူးသေးပါဘူး။
သူဟာယူရို၂၀၁၆ဖလားအား ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ်
ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ၂၀၁၉ခုနှစ်တွင်လည်း
ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာနိုင်ငံတကာဘောလုံးသမိုင်းတွင်ဂိုးအများဆုံး
သွင်းယူထားသူအဖြစ်မှတ်တမ်းရေးထိုးထားပါတယ်။
Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ
ချန်ပီယံလိဂ်ဖလား၅ကြိမ်၊ပရီးမီးယားလိဂ်ဖလား၃ကြိမ်၊
လာလီဂါဖလား၂ကြိမ်၊စီးရီးအေဖလား၂ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။
zawgyi
ေရာ္နယ္ဒင္ဟိုႏွင့္ေရာ္နယ္ဒိုႀကီးတို႔က သူ႔ရဲ႕ စံျပကစားသမားမ်ားျဖစ္တယ္လို႔ ေရာ္နယ္ဒိုဖြင့္ဟ
ခရစၥတီယာႏိုေရာ္နယ္ဒိုကသူတို႔ရဲ႕စံျပကစားသမားမ်ားမွာဘရာဇီးဂႏၴဝင္မ်ားျဖစ္ၾကတဲ့ေရာ္နယ္ဒင္ဟိုႏွင့္ေရာ္နယ္ဒိုတို႔ျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုက၎မွာ၎တို႔ႏွစ္ဦးထက္တစ္ကိုယ္ေတာ္ဆုပိုမိုရရွိထားေၾကာင္းဟာသေႏွာဆိုသြားပါတယ္။
မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာ ESPN Brazil ႏွင့္အင္တာဗ်ဴးျပဳလုပ္ခဲ့တာျဖစ္ၿပီး သူငယ္စဥ္ကတည္းကေစာင့္ၾကည့္လာတဲ့ကစားသမားမ်ားအျဖစ္ ေရာ္နယ္ဒိုႏွင့္ေရာ္နယ္ဒင္ဟိုတို႔ကိုေ႐ြးခ်ယ္သြားပါတယ္။
ေရာ္နယ္ဒင္ဟိုႏွင့္ေရာ္နယ္ဒိုတို႔ဟာ၂၀၀၂ကမာၻ႔ဖလားကိုအတူတကြဲရရွိခဲ့ၾကသူမ်ားျဖစ္ၿပီးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။
အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုက “ႏႈိင္းယွဥ္ေျပာၾကားတာမႀကိဳက္ဘူး။ခ်န္ထားခဲ့တဲ့ဒ႑ာရီနဲ႔သမိုင္းေတြေၾကာင့္သူတို႔ႏွစ္ဦးကိုေ႐ြးခ်ယ္လိုပါတယ္။ကြၽန္ေတာ့္ဘက္ကသူတို႔ႏွစ္ဦးထက္ပိုၿပီးတကိုယ္ေတာ္ဆုအမ်ားႀကီးရခဲ့တယ္လို႔ေျပာႏိုင္ေပမဲ့သူတို႔ႏွစ္ဦးကကမာၻ႔ဖလားရထားတယ္။သူတို႔ႏွစ္ဦးကစားတာၾကည့္ၿပီးႀကီးျပင္းလာတာပါ။ဘယ္သူကအေကာင္းဆုံးလဲ၊ဘယ္သူကဒုတိယအေကာင္းဆုံးလဲဆိုတာ အေရးမႀကီးပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ေရာ္နယ္ဒိုဟာယူ႐ိုဖလားဆြတ္ခူးဖူးေပမဲ့ကမာၻ႔ဖလားမဆြတ္ခူးေသးပါဘူး။ သူဟာယူ႐ို၂၀၁၆ဖလားအား ေပၚတူဂီအသင္းေခါင္းေဆာင္အျဖစ္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။သူဟာ၂၀၁၉ခုႏွစ္တြင္လည္းယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာႏိုင္ငံတကာေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္မွတ္တမ္းေရးထိုးထားပါတယ္။
Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္၊ပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊လာလီဂါဖလား၂ႀကိမ္၊စီးရီးေအဖလား၂ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။