ကွင်းမှအလျှင်အမြန်ထွက်ခွာအောင်လုပ်ခဲ့တဲ့ မာဆေးလ်ပရိသတ်များကို လက်ခလယ်ထောင်ပြခဲ့တဲ့ ရီနာတို

ရီနာတိုဆန်းချက်စ်ဟာတနင်္ဂနွေနေ့တုန်းက လိုင်လီနှင့်မာဆေးလ်တို့

တစ်ဂိုးစီသရေကျတဲ့ပွဲမှာမာဆေးလ်ပရိသတ်များကို

လက်ခလယ်ထောင်ပြခဲ့ကြောင်းသိရပါတယ်။

အာဆင်နယ်ရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့အသက်၂၄နှစ်ရှိ

ရီနာတိုဆန်းချက်စ်ဟာနာကျင်အချိန်ပိုမှာ

လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆယ်ယောက်ကျန်လိုင်လီဟာရမှတ်တစ်မှတ်ရရှိရေး

အချိန်ဆွဲတဲ့အနေဖြင့်ရီနာတိုဆန်းချက်စ်ကိုလူစားလဲခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းမာဆေးလ်ပရိသတ်များက

သူ့ကိုအော်ဟစ်ကာကွင်းမှအလျှင်အမြန်ထွက်ခွာအောင်လုပ်ခဲ့ပါတယ်။

ယင်းကိုဆန်းချက်စ်ကလက်ခလယ်ထောင်ပြပြီးတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဆန်းချက်စ်ဟာယင်းလုပ်ရပ်အတွက်

ပြင်သစ်လိဂ်အဖွဲ့ချုပ်ရဲ့အရေးယူမှုနဲ့ရင်ဆိုင်လာရနိုင်ပါတယ်။

ယင်းပွဲစဉ်တွင်ဧည့်သည့်လိုင်လီဟာပွဲချိန်၁၅မိနစ်မှာဘဲ

ဆဗင်ဘော့မန်းရဲ့ဂိုးနဲ့ပွဲဦးဆောင်နိုင်ခဲ့ပေမဲ့ပွဲချိန်၃၂မိနစ်မှာ

ဘင်ဂျာမင်အင်ဒရေ အနီကတ်ပြထုတ်ပယ်ခံရမှုနဲ့အတူ

တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။

မာဆေးလ်အတွက်ချေပဂိုးကိုပွဲချိန်၇၅မိနစ်မှာအန်ဒါကသွင်းယူခဲ့ပါတယ်။

zawgyi

ကြင္းမွအလွ်င္အျမန္ထြက္ခြာေအာင္လုပ္ခဲ့တဲ့ မာေဆးလ္ပရိသတ္မ်ားကို လက္ခလယ္ေထာင္ျပခဲ့တဲ့ ရီနာတို

ရီနာတိုဆန္းခ်က္စ္ဟာတနဂၤေႏြေန႔တုန္းက လိုင္လီႏွင့္မာေဆးလ္တို႔

တစ္ဂိုးစီသေရက်တဲ့ပြဲမွာမာေဆးလ္ပရိသတ္မ်ားကို

လက္ခလယ္ေထာင္ျပခဲ့ေၾကာင္းသိရပါတယ္။

အာဆင္နယ္ရဲ႕ပစ္မွတ္ထားျခင္းခံေနရတဲ့အသက္၂၄ႏွစ္ရွိ

ရီနာတိုဆန္းခ်က္စ္ဟာနာက်င္အခ်ိန္ပိုမွာ

လူစားလဲျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဆယ္ေယာက္က်န္လိုင္လီဟာရမွတ္တစ္မွတ္ရရွိေရး

အခ်ိန္ဆြဲတဲ့အေနျဖင့္ရီနာတိုဆန္းခ်က္စ္ကိုလူစားလဲခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမာေဆးလ္ပရိသတ္မ်ားက

သူ႔ကိုေအာ္ဟစ္ကာကြင္းမွအလွ်င္အျမန္ထြက္ခြာေအာင္လုပ္ခဲ့ပါတယ္။

ယင္းကိုဆန္းခ်က္စ္ကလက္ခလယ္ေထာင္ျပၿပီးတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

ဆန္းခ်က္စ္ဟာယင္းလုပ္ရပ္အတြက္

ျပင္သစ္လိဂ္အဖြဲ႕ခ်ဳပ္ရဲ႕အေရးယူမႈနဲ႔ရင္ဆိုင္လာရႏိုင္ပါတယ္။

ယင္းပြဲစဥ္တြင္ဧည့္သည့္လိုင္လီဟာပြဲခ်ိန္၁၅မိနစ္မွာဘဲ

ဆဗင္ေဘာ့မန္းရဲ႕ဂိုးနဲ႔ပြဲဦးေဆာင္ႏိုင္ခဲ့ေပမဲ့ပြဲခ်ိန္၃၂မိနစ္မွာ

ဘင္ဂ်ာမင္အင္ဒေရ အနီကတ္ျပထုတ္ပယ္ခံရမႈနဲ႔အတူ

တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။

မာေဆးလ္အတြက္ေခ်ပဂိုးကိုပြဲခ်ိန္၇၅မိနစ္မွာအန္ဒါကသြင္းယူခဲ့ပါတယ္။