Pool Party တွင် အမျိုးသမီးတစ်ဦးနှင့်အကြည်ဆိုက်နေတဲ့ အာဆင်နယ်နောက်ခံလူဘင်ဝှိုက်

အင်္ဂလန်စတားဘင်ဝှိုက်ဟာပရီးမီးယားလိဂ်နားထားစဉ်အတွင်း

ဒူဘိုင်းသို့ ရောက်နေစဉ် Pool Party တစ်ခုတွင်

အမျိုးသမီးတစ်ဦးနှင့်အကြည်ဆိုက်နေခဲ့ကြောင်းသိရပါတယ်။

အာဆင်နယ်တွင်တစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀ရရှိနေတဲ့

အသက်၂၄နှစ်ရှိဗဟိုနောက်ခံလူဟာအာဆင်နယ်နှင့်အတူ

ဒူဘိုင်းသို့သွားရောက်လေ့ကျင့်ခန်းဆင်းနေပါတယ်။

ဒူဘိုင်းသို့ရောက်နေစဉ်အတွင်း ဘင်ဝှိုက်ဟာ

Palm Jumeirah မှာအနားယူနေတာတွေ့ရပါတယ်။

ဘင်ဝှိုက်ရဲ့အဖြစ်ကိုမြင်တွေ့လိုက်သူတစ်ဦးက

“ကောင်မလေးနဲ့ရယ်လိုက်မောလိုက်နဲ့တော်တော်အကြည်ဆိုက်နေတာ။

နမ်းလည်းနမ်းကြသေးတယ်။ ဘင်ဝှိုက်တော်တော်ပျော်နေတာဗျ”လို့ပြောကြားသွားပါတယ်။

ဘင်ဝှိုက်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက

ဘရိုက်တန်မှပြောင်းရွှေ့ကြေးပေါင်သန်း၅၀ဖြင့်ရောက်လာပြီးနောက်

အဓိကနောက်ခံလူအဖြစ်ကစားနေသူလည်းဖြစ်ပါတယ်။

သူဟာဇွန်လတုန်းက ဩစတြီးယားနှင့်ပွဲတွင်အင်္ဂလန်အတွက်

ပထမဆုံးပွဲကစားခွင့်ရခဲ့ပြီးယူရို၂၀၂၀တွင်လည်းပါဝင်ခွင့်ရရှိခဲ့ပါတယ်။

zawgyi
















