ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ကို ကစားကြပါမယ်။
နာမည်ကျော် ဘောလုံးဝေဖန်ရေးသမား ပေါလ်မာဆန်က အခုလို သုံးသပ်သွားပါတယ်။
-အက်စတွန်ဗီလာ Vs ယူနိုက်တက်
ယူနိုက်တက်ဟာ လက်ရှိမှာ ရှုပ်ထွေးနေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
သူတို့ဟာ ရက်ဖ်ရန်းနစ် လက်အောက်မှာ ပွဲအနည်းငယ် အနိုင်ရခဲ့တယ်ဆိုတာ
သိပေမယ့် ခြေစွမ်းပိုင်းကတော့ ဆိုးရွားခဲ့တာပါ။
ဒါကြောင့် ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ အက်စ်တွန်ဗီလာကို အနိုင်ရမယ် မထင်ပါဘူး။
ဗီလာက အဆင့် ၁၄ ဆိုပေမယ့် ယူနိုက်တက်တို့
အနိုင်မရနိုင်တဲ့ အကြောင်းရင်းကို ပြောပြပါမယ်။
အသင်းကောင်းတစ်သင်းဟာ တစ်ဦးချင်း ကစားသမားတွေ စုစည်းထားတဲ့
အသင်းကို အမြဲတမ်း အနိုင်ယူနိုင်ပါတယ်။
လက်ရှိမှာ ယူနိုက်တက်က တစ်ဦးချင်း
ကစားသမားတွေနဲ့ အသင်းတစ်သင်း ဖြစ်နေတာပါ။
သူတို့ရဲ့ နောက်ဆုံး လိဂ်အဝေးကွင်း နှစ်ပွဲကို ကြည့်လိုက်ရင်
ရော်နယ်ဒိုရဲ့ နောက်ကျ ပင်နယ်တီနဲ့ နောဝစ်ချ်ကို အနိုင်ရပြီး
နယူးကာဆယ်နဲ့ သရေကျခဲ့ပါတယ်။ အက်ဖ်အေ ဖလားပွဲကို
ကြည့်ရင်လည်း ဗီလာက ရှုံးမယ့်သာရှုံးတာ
ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။
ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ယူနိုက်တက်ရှူံးနိုင်ပါတယ်။
ယူနိုက်တက် ထိပ်ဆုံးလေးသင်းထဲ ဝင်ရင်တော့ မယုံနိုင်စရာပါ။
အက်ဖ်အေဖလားပွဲမှာ ရော်နယ်ဒို မကစားရတော့လည်း
ယူနိုက်တက်က ပိုကောင်းလာတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမယ့်ယူနိုက်တက်ဟာ အခွင့်အရေးတွေ အများကြီး
မဖန်တီးနိုင်တာကြောင့် ရတဲ့အခွင့်အရေးကို အဆုံးသတ်
ဂိုးသွင်းယူပေးမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို လိုအပ်ပါတယ်။
ပေါလ်မာဆန် ရဲ့ ခန့်မှန်းရလဒ်ကတော့ အက်စတွန်ဗီလာ 3-1 ယူနိုက်တက် ဖြစ်ပါတယ်။
-မန်စီးတီး Vs ချယ်ဆီး
ချယ်ဆီးက ဒီပွဲကို မနိုင်ရင် ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲကနေ ဘေးထွက်သွားပါပြီ။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီးကို
၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါက ဒီရာသီမှာ မန်စီးတီးတို့
ဘယ်လောက်တောင် ကောင်းခဲ့တယ်ဆိုတာကို ပြသနေပြီး
ဒီတစ်ပတ်မှာလည်း နောက်ထပ်နိုင်ပွဲတစ်ပွဲ ရရှိဦးမယ် ထင်ပါတယ်။
ပေါလ်မာဆန် ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး 2-1 ချယ်ဆီးဖြစ်ပါတယ်။
-လီဗာပူး Vs ဘရန့်ဖို့ဒ်
မိုဆာလာနဲ့ မာနေးတို့ဟာ အာဖရိက နေးရှင်းဖလား ကစားနေရတာကြောင့်
လီဗာပူးအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဘရန့်ဖို့ဒ်အတွက်
လီဗာပူးကိုယှဉ်နိုင်ဖို့က အဝေးကြီး လိုပါသေးတယ်။
ဒါကြောင့် အိမ်ရှင်အသင်းကပဲ သက်တောင့်သက်သာ နိုင်ပွဲရယူသွားဖို့ မျှော်လင့်ပါတယ်။
ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး 3-0 ဘရန့်ဖို့ဒ်ဖြစ်ပါတယ်။
-စပါး Vs အာဆင်နယ်
ဒီပွဲကို အာဆင်နယ် အနိုင်ရနိုင်လောက်ပါတယ်။
သူတို့က အခုချိန်မှာ စပါးထက် ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး
ကွန်တီအတွက် ဆွန်ဟောင်မင် မပါတာက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။
ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့စပါး 1-2 အာဆင်နယ်ဖြစ်ပါတယ်။
အခြား ပွဲစဉ်များအတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်များကတော့
Brighton 2-2 Crystal Palace
Norwich City 2-1 Everton
Wolves 2-1 Southampton
Newcastle United 1-1 Watford
West Ham 3-1 Leeds United
တို့ ဖြစ်ပါတယ်။
zawgyi
ယူနိုက်တက် ရှူံးမယ်ဆိုပြီး ထင်ကြေးပေးတဲ့ ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ
ရော်နယ်ဒိုရဲ့ နောက်ကျ ပင်နယ်တီနဲ့ နောဝစ်ခ်ျကို အနိုင်ရပြီး
-မန်စီးတီး Vs ချယ်ဆီး
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီးကို
-စပါး Vs အာဆင်နယ်
Wolves 2-1 Southampton
တို့ ဖြစ်ပါတယ်။