
ဟာလန်းကို ယူနိုက်တက်အသင်းဆီရောက်အောင်ခေါ်နိုင်ခဲ့ရင် ရန်နစ်ခ် ဆုကြေးပေါင်(၈)သန်းရမယ်
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြသစ်ရန်နစ်ခ်ဟာ ဒေ့ါမွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းကို အသင်းဆီရောက်အောင် ခေါ်ယူနိုင်ခဲ့ရင် တာဝန်ရှိသူတွေက သူ့ကိုဆုကြေးပေါင်(၈)သန်းချီးမြှင့်သွားမှာဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေကဖော်ပြနေကြပါတယ်။ ဂျာမန်နာမည်ကျော်သတင်းစာ Bild က ရန်နစ်ခ်အနေနဲ့ ဟာလန်းနဲ့ရင်းနှီးမှုကို အသုံးချပြီးတော့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖြစ်အောင် ဖျောင်းဖျနိုင်မယ်ဆိုရင် ယူနိုက်တက်ဘုတ်အဖွဲ့က ရန်နစ်ခ်ကို မက်လောက်တဲ့ဆုကြေးပမာဏပေးချေသွားဖို့ရှိတယ်လို့ဖော်ပြခဲ့တာပါ။ ရန်နစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းနဲ့မိတ်ဖက်ကလပ်ဖြစ်တဲ့ သြစတြီးယားကလပ်ဆာလ်ဘာ့ဂ် နှစ်သင်းတို့မှာ ဘောလုံးဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး သူ့လက်ထက်မှာ ဟာလန်းကို […]