စီရော်နယ်ဒိုပို့စ်ကြောင့် လက်စတာနဲ့ပွဲမှာသူမပါနိုင်တဲ့အပေါ်ပဟေဠိဖြစ်နေကြတဲ့ မန်ယူပရိသတ်များ

April 3, 2022 Ko zaw 0

လက်စတာနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲမှာမန်ယူအသင်းရဲ့လူစာရင်းမှာ စီရော်နယ်ဒိုမပါနိုင်ခဲ့တာဟာ ဖျားနေတာကြောင့်လို့နည်းပြရန်းနစ်ခ် ကဆိုခဲ့ပေမယ့် ဒီပွဲလွဲပြီးနောက်ပထမဆုံးအကြိမ်အဖြစ်သူတင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်ကြောင့် သူလွဲချော်ခဲ့တာကိုအားလုံးက ပဟေဠိဖြစ်နေကြတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုမပါခဲ့တဲ့မန်ယူဟာ အိမ်ကွင်းမှာ လက်စတာနဲ့ ၁-၁ သရေကျခဲ့လို့သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ အဲဒီပွဲမတိုင်ခင်မှာ နည်းပြရန်းနစ်ခ်က စီရော်နယ်ဒိုထံမှာ တုပ်ကွေးရောဂါလက္ခဏာတွေ တွေ့ခဲ့လို့ လက်စတာနဲ့ပွဲကိုပါဝင်နိုင်မှာမဟုတ်ဘူးလို့ […]

တန်ဟက်နည်းပြသစ်အဖြစ် ခန့်အပ်ခံရရင်  ဗန်ပါစီပါ ပါလာနိုင်

April 3, 2022 Ko zaw 0

တန်ဟက်တစ်ယောက် ယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်ခံရရင် အိုးထရက်ဖို့ဒ်မှာ သူနဲ့အတူ တာဝန်ယူမယ့် နည်းပြအဖွဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ကြားရပါတယ်။ အေဂျက်နည်းပြဟာ ယူနိုက်တက် အသင်းဆီကို ဗန်ပါစီပါ အတူခေါ်သွားဖို့ စိတ်အားထက်သန်နေပြီး ကနဦး ပြောဆိုဆွေးနွေးမှုတွေ လုပ်နေပြီလို့ အသံထွက်လာပါတယ်။ သရဲနီကစားသမားဘဝအတွင်း ဗန်ပါစီဟာ ကလပ်မှာ ၂၆ ဂိုး […]

ငါးနှစ်ကျော်ကြာ သတ္တိရှိရှိ သွေးကင်ဆာကို ရင်ဆိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံဂိုးသမား မီဂေးလ် ဗန်ဒမ်မီ သူချစ်တဲ့ သမီးငယ် ကာမီလီနဲ့ ဇနီးတို့ကို ချန်ထားရစ်ခဲ့ရပြီ

April 3, 2022 Ko zaw 0

ဘယ်လ်ဂျီယံကစားသမား မီဂေးလ် ဗန်ဒမ်မီ ဟာ သွေးကင်ဆာရောဂါကြောင့် သူ့အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဗန်ဒမ်မီဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်ခင် ဆေးစစ်မှုပြုလုပ်ခဲ့ရာကနေ ဒီရောဂါကိုစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ငါးနှစ်ကျော်ကြာ သတ္တိရှိရှိ ရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့ ရောဂါဟာ ကုသလို့မရနိုင်တော့တဲ့အဆင့် ဖြစ်နေပြီဆိုတာကိုသိရချိန်ဟာ (၂၀၂၀)ခုနှစ်မှာဖြစ်ပြီး တိုက်ဆိုင်စွာနဲ့ သူ့မှာသမီးလေးရရှိတော့မယ်ဆိုတာကိုသိလိုက်ရပြီး (၂)ရက်အကြာမှာပဲဖြစ်ပါတယ်။ […]

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  နိုင်တစ်ခါ၊ ရှုံးတစ်လှည့် စိတ်ပျက်စရာဖြစ်နေတဲ့ ယူနိုက်တက်

April 3, 2022 Ko zaw 0

ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်နဲ့ တဖြည်းဖြည်းဝေးလာပြီဖြစ်တဲ့ ယူနိုက်တက် အဆင့်(၄)နေရာက အာဆင်နယ် အသင်းကြီးတွေနဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေမှာ ရလဒ်ကောင်းနေချိန်၊ စပါးအသင်းကလည်း ခြေပြန်တက်နေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ ယူနိုက်တက်တို့ နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေတာက စိတ်ပျက်စရာပါပဲ။ အာဆင်နယ်ထက် (၂)ပွဲပို၊ (၃)မှတ်၊ စပါးအသင်းထက် (၁)ပွဲပို၊ (၅၁)မှတ်ချင်းတူနေလို့ သင်္ချာနည်းအရ အဆင့်(၄)နေရာအတွက်မျှော်လင့်ချက်ရှိနေသေးပေမယ့် မြေပြင်အခြေအနေအရ […]

အဲရစ်တန်ဟက်ခ်ကို ခန့်အပ်သွားရန် မြို့ခံပြိုင်ဘက်အသင်းအား ပတ်ဂွါဒီယိုလာ တိုက်တွန်း

April 2, 2022 Ko zaw 0

ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် လက်ရှိအေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်ခ်ကို ခန့်အပ်သွားရန် မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက မြို့ခံပြိုင်ဘက်အသင်းအား တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာနှင့်အဲရစ်တန်ဟက်ခ်တို့ဟာဘိုင်ယန်မြူးနစ်မှာတုန်းက အလုပ်အတူတူလုပ်ခဲ့ကြဖူးသူများဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော်တို့ပုံမှန်စကားပြောဖြစ်ခဲ့ပါတယ်။ သူကလူပီသတဲ့သူတစ်ဦးပါ။သူ့ရဲ့နှိမ့်ချနေထိုင်တတ်မှုအပေါ်အရမ်းအံ့ဩသင့်ခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်တွေကအေဂျက်စ်ကိုကြည့်လိုက်ရင်သူ့အရည်အချင်းကိုမြင်နိုင်ပါတယ်။ ကြည့်ရတာဘယ်လောက်ကောင်းလိုက်သလဲ။ပွဲတွေအများကြီးပဲ။ ချန်ပီယံလိဂ်ဆီမီးရောက်တဲ့နှစ်တုန်းကသက်သက်မဟုတ်ပါဘူး။ အရည်အချင်းကိုသိချင်ရင်သူ့အသင်းကိုသာကြည့်လိုက်ပါ။ နည်းပြတစ်ဦးရဲ့အရည်အချင်းကိုဆုံးဖြတ်ဖို့အသင်းကို တာရှည်စောင့်ကြည့်လိုက်ရင်သိပါတယ်။ နည်းပြကကစားစေချင်တဲ့အတိုင်းကစားနေတယ်။ ဒါနဲ့ပတ်သက်ပြီးသံသယဝင်စရာမရှိဘူး။ ကျွန်တော်သာဆိုရင်ယူနိုက်တက်ကို သူ့ကိုပဲခန့်ဖို့ပြောပါမယ်။ ဒါပေမဲ့ဘာဖြစ်လာမလဲဘယ်သူမှမသိပါဘူး”လို့ပြောကြားသွားပါတယ်။ ၂၀၁၉ […]

 စီရော်နယ်ဒိုမပါသေးတဲ့ လိုရီဟိုတယ်ရောက် မန်ယူအသင်းရဲ့လူစာရင်း

April 2, 2022 Ko zaw 0

မန်ယူအသင်းဟာဒီကနေ့မှာ လက်စတာနဲ့ကစားရမယ့်ပွဲအတွက် သောကြာနေ့ညက သူတို့အိမ်ကွင်းအတွက်တည်း ခိုနေကျ လိုရီဟိုတယ်ကိုရောက်ရှိလာခဲ့ရာမှာ စီရော်နယ်ဒိုပါဝင်ခြင်းမရှိဘူးလို့ မန်ချက်စတာညနေခင်းသတင်းစာကဖော်ပြလိုက်ပါတယ်။ နိုင်ငံတကာပွဲတွေပြီးဆုံးတဲ့နောက် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပြန်ကစားရတော့မှာဖြစ်ပြီး ဘရန်ဒန်ရော်ဂျာရဲ့လက်စတာနဲ့ရင်ဆိုင်ရမှာပါ။ မန်ယူဟာအဆင့် ၄ အတွင်းဝင်ရေးအတွက် လက်စတာနဲ့ပွဲအပါအဝင်လက်ကျန် ၉ ပွဲက အရေးပါနေလို့ ဒီကနေ့ပွဲကိုအပြင်းအထန်အာရုံစိုက်ဖို့လိုအပ်နေပါတယ်။ စီရော်နယ်ဒိုဟာပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်ကာလအတွင်း ပေါ်တူဂီအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေးအတွက် ၂ ပွဲကစားခဲ့ရာမှာမိနစ် […]

မက်ဆီရဲ့စူပါဖန် တင်အလှမယ်က စီရော်နယ်ဒိုရဲ့ဖလားလက်မဲ့ရာသီကို လှောင်ပြောင်

April 2, 2022 Ko zaw 0

လာမယ့်ရာသီ ယူရိုပါလိဂ်မှာ ကစားရနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့ မက်ဆီရဲ့စူပါဖန်လည်းဖြစ်၊ တင်အလှမယ်(Miss BumBum)လည်းဖြစ်တဲ့ ဆူဇီကော့တက်စ်ဟာ ဆိုရှယ်မီဒီယာထက်မှာ စီရော်နယ်ဒိုကို လှောင်ပြောင်လိုက်ပါတယ်။ ဆူဇီကော့တက်စ်ဟာ ဘရာဇီးသူဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီစူပါစတားရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ သူမဟာ မကြာခဏဆိုသလို မက်ဆီရဲ့အာဂျင်တီးနားဝတ်စုံဝတ်ပြီး ပုံတင်လေ့ရှိပါတယ်။ အခုလည်း သူမဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ မက်ဆီရဲ့ကစားသမားဘ၀ အခါးသီးဆုံးပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုကို […]

ကနေဒါအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လို့ ၂၀၂၂ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရဖို့ မက်ဆီအတွက် မျှော်လင့်ချက်ရှိနေပြီ

March 29, 2022 Ko zaw 0

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လာမယ့်နိုဝင်ဘာလကနေ ဒီဇင်ဘာလအလယ်အထိကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်နိုင်ဖို့ ကံကြမ္မာကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ မနှစ်တုန်းက အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဆုဖလားရယူပေးခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ အဓိကဆုဖလားတစ်ခုမှ မရဖူးတဲ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုင်မြှောက်ခွင့်ရဖို့ လက်တစ်ကမ်းအလိုအထိရောက်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ […]

အနာဂတ်မှာ ရော်နယ်ဒိုနဲ့တစ်သင်းတည်းတွဲကစားလိုကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ နေမာ

March 29, 2022 Ko zaw 0

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက အနာဂတ်မှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တစ်သင်းတည်းတွဲကစားလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ရာသီက ၂၀၂၅ အထိရှိမယ့်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံနေရပြီး အနာဂတ် မသေမချာဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ကနဦး ၂နှစ်စာချုပ်နဲ့ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် […]

မက်ဆီကို  ပြန်ခေါ်ဖို့ မရှိကြောင်း လာပေါ်တာ အတည်ပြု

March 29, 2022 Ko zaw 0

ဒန်နီ အဲလ်ဗတ် နှင့် ပက်ဒရီ ဂွန်ဇာလက်တို့က ပဲရစ် စိန့် ဂျာမိန်း တိုက်စစ်မှူးကြီးကို ကမ့်နူးမှာ ပြန်လည်မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီးနောက် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အဆိုပါ အခြေအနေအပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။ အသက် ( ၃၄ ) နှစ်အရွယ် လီယွန်နယ် မက်ဆီဟာ […]