အောင်ပွဲခံနေချိန်အတွင်းပရိသတ်တစ်ဦးရဲ့သံချောင်းဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရ ကစားသမားတစ်ဦး

စနေနေ့ညတုန်းကဘက်တစ်ရဲ့ဆီဗီလာနှင့်ရင်ဆိုင်ကစားရတဲ့

ဆဗီးလ်ဒါဘီပွဲစဉ်မှာပွဲကြည့်စင်မှပရိသတ်တစ်ဦးကသံချောင်းဖြင့်

ကစားသမားတစ်ဦးပစ်ပေါက်ခံရပြီးနောက်ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။

အသက်၂၇နှစ်ရှိဆီဗီလာအလယ်တန်းကစားသမားဂျိုအန်ဂျော်ဒန်ဟာ

ဘက်တစ်အတွက်နာဘေးလ်ဖီကာကချေပဂိုးသွင်းယူကာ

အောင်ပွဲခံနေချိန်အတွင်းတွင်ပရိသတ်တစ်ဦးရဲ့သံချောင်းဖြင့်

ပစ်ပေါက်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျော်ဒန်ဟာကွင်းအတွင်းတွင်ဆေးကုသမှုခံယူခဲ့ရပြီးကစားသမားများရဲ့

အကူအညီဖြင့်ကွင်းအတွင်းသို့ထွက်ခွာခဲ့ရပါတယ်။

ဘက်တစ်ကစားသမားများဟာကွင်းအတွင်းတွင်

ဆက်လက်ရပ်တည်နေခဲ့ကြပြီးစပိန်ဘောလုံးအဖွဲ့ချုပ်ဟာ

ယင်းကိုပါဒယ်ရေး၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အား

ဆက်ကစား/မကစားဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးမိနစ်၅၀အကြာတွင်ပွဲကိုဆက်မကစားရန်ဆုံးဖြတ်လိုက်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးရီကာဒိုဒီဘာဂို့စ်ဘာဂို့စ်ရဲ့ပွဲပြီးအစီရင်ခံစာအရ

သံချောင်းမှာအရှည် ၂၀ လက်မရှိပြီးဘက်တစ်ပရိသတ်များရှိရာ

ပွဲကြည့်စင်မှပစ်ပေါက်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဂျာဒန်ဟာကွင်းအတွင်းတွင်ပင်ပြန်လည်သက်သာလာခဲ့သော်လည်း

ခေါင်းမူးဝေနေမှုကြောင့်ဆက်ကစားဖို့မဖြစ်နိုင်ခဲ့ပါဘူး။

အဆိုပါပွဲစဉ်တွင်ဆီဗီလာဟာပွဲအစ၄မိနစ်တွင်ပင်

အလီဂျန်ဒရိုဂိုမက်ဇ်ရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး

ဖီကာကဘက်တစ်အတွက်ချေပဂိုးသွင်းယူလိုက်စဉ်

အထက်ပါဖြစ်ရပ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

ေအာင္ပြဲခံေနခ်ိန္အတြင္းပရိသတ္တစ္ဦးရဲ႕သံေခ်ာင္းျဖင့္ ပစ္ေပါက္ျခင္းခံခဲ့ရ ကစားသမားတစ္ဦး

စေနေန႔ညတုန္းကဘက္တစ္ရဲ႕ဆီဗီလာႏွင့္ရင္ဆိုင္ကစားရတဲ့

ဆဗီးလ္ဒါဘီပြဲစဥ္မွာပြဲၾကည့္စင္မွပရိသတ္တစ္ဦးကသံေခ်ာင္းျဖင့္

ကစားသမားတစ္ဦးပစ္ေပါက္ခံရၿပီးေနာက္ပြဲကိုရပ္ဆိုင္းလိုက္ရပါတယ္။

အသက္၂၇ႏွစ္ရွိဆီဗီလာအလယ္တန္းကစားသမားဂ်ိဳအန္ေဂ်ာ္ဒန္ဟာ

ဘက္တစ္အတြက္နာေဘးလ္ဖီကာကေခ်ပဂိုးသြင္းယူကာ

ေအာင္ပြဲခံေနခ်ိန္အတြင္းတြင္ပရိသတ္တစ္ဦးရဲ႕သံေခ်ာင္းျဖင့္

ပစ္ေပါက္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဒန္ဟာကြင္းအတြင္းတြင္ေဆးကုသမႈခံယူခဲ့ရၿပီးကစားသမားမ်ားရဲ႕

အကူအညီျဖင့္ကြင္းအတြင္းသို႔ထြက္ခြာခဲ့ရပါတယ္။

ဘက္တစ္ကစားသမားမ်ားဟာကြင္းအတြင္းတြင္

ဆက္လက္ရပ္တည္ေနခဲ့ၾကၿပီးစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ

ယင္းကိုပါဒယ္ေရး၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အား

ဆက္ကစား/မကစားေဆြးေႏြးခဲ့ၾကပါတယ္။

ေနာက္ဆုံးမိနစ္၅၀အၾကာတြင္ပြဲကိုဆက္မကစားရန္ဆုံးျဖတ္လိုက္ပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးရီကာဒိုဒီဘာဂို႔စ္ဘာဂို႔စ္ရဲ႕ပြဲၿပီးအစီရင္ခံစာအရ

သံေခ်ာင္းမွာအရွည္ ၂၀ လက္မရွိၿပီးဘက္တစ္ပရိသတ္မ်ားရွိရာ

ပြဲၾကည့္စင္မွပစ္ေပါက္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ာဒန္ဟာကြင္းအတြင္းတြင္ပင္ျပန္လည္သက္သာလာခဲ့ေသာ္လည္း

ေခါင္းမူးေဝေနမႈေၾကာင့္ဆက္ကစားဖို႔မျဖစ္ႏိုင္ခဲ့ပါဘူး။

အဆိုပါပြဲစဥ္တြင္ဆီဗီလာဟာပြဲအစ၄မိနစ္တြင္ပင္

အလီဂ်န္ဒ႐ိုဂိုမက္ဇ္ရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီး

ဖီကာကဘက္တစ္အတြက္ေခ်ပဂိုးသြင္းယူလိုက္စဥ္

အထက္ပါျဖစ္ရပ္ျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။