Nou Camp Spotify လို့ပြောင်းလဲလာတော့မယ့် နူးကမ့်ကွင်းအမည်

ဘာစီလိုနာရဲ့နူးကမ့်ကွင်းအမည်ကို စပွန်ဆာပေးရန် နီးစပ်နေတဲ့ Spotify

ဘာစီလိုနာဟာမကြာမီကာလအတွင်းမှာသူတို့ရဲ့နူးကမ့်ကွင်းအမည်ကို

Nou Camp Spotify လို့ပြောင်းလဲလာတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ၁၉၅၇ခုနှစ်ကတည်းကနူးကမ့်ကွင်းကို

အိမ်ကွင်းအဖြစ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်အွန်လိုင်းသီချင်းဝန်ဆောင်မှု Spotify ဟာ Nou Camp Spotify

အမည်ဖြင့် ကွင်းအမည်စပွန်ဆာပေးရန်

သဘောတူညီမှုရလုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာကွင်းအမည်စပွန်ဆာအတွက်တစ်နှစ်လျှင်

ပေါင်၆၇သန်းအထိရရှိလာမှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာရဲ့နူးကမ့်ကွင်းကပရိသတ်၉၉၀၀၀ဆန့်ပါတယ်။

ဘာစီလိုနာဟာနူးကမ့်ကွင်းကိုပေါင်၁ဘီလီယံအကုန်အကျခံရန်

တည်ဆောက်သွားရန်လည်းစီစဉ်နေပါတယ်။

ဒါ့အပြင် VeganNation နှင့်Polkadot တို့ကလည်း

ဘာစီလိုနာကို ဘောလုံးသမိုင်းတွင်အမြင့်မားဆုံး

အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ချုပ်ဆိုရန်ဆွေးနွေးနေပါတယ်။

ဘာစီလိုနာဟာဆွေးနွေးမှုအောင်မြင်ပါကတစ်နှစ်လျှင်

ပေါင်၆၇သန်းအထိရရှိမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ဘာစီလိုနာရဲ့လက်ရှိ Rakuten နှင့်အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်မှာ

ရာသီအကုန်တွင်ကုန်ဆုံးပါမယ်။ဒါ့အပြင်လေ့ကျင့်ရေးကွင်းဝတ်စုံစပွန်ဆာ

Beko ရဲ့စာချုပ်ကလည်းရာသီအကုန်တွင်ပင်ကုန်ဆုံးပါမယ်။

zawgyi





















