
နေမာဟာလအတန်ကြာလျို့ဝှက်ချစ်ကြိုက်လာတဲ့ချစ်သူသစ်
ဘရူနာဘီယန်ကာဒီနှင့်လူသိရှင်ကြားတွဲလာပြီဖြစ်ပါတယ်။
နေမာနှင့်ဘရူနာဘီယန်ကာဒီတို့စုံတွဲကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းက
အိုင်ဘီဇာတွင်အတူတွဲနေတာတွေ့ခဲ့ရသလိုဘရာဇီးလှပျိုဖြူဟာ
ပီအက်စ်ဂျီတိုက်စစ်မှူးနဲ့အတူ ခရစ္စမတ်ကာလတုန်းကဘရာဇီးသို့အတူသွားခဲ့ပါတယ်။
ဘရူနာဘီယန်ကာဒီဟာနေမာရဲ့ပီအက်စ်ဂျီကစားဖော်များဖြစ်ကြတဲ့
အိန်ဂျယ်ဒီမာရီယာ၊မာကိုဗာရက်တီ၊လီယန်ဒရိုပါရီဒက်စ်၊
လီယွန်နယ်မက်ဆီတို့ရဲ့ဇနီးသည်များနှင့်အတူတွဲရိုက်ထားတဲ့
ဓာတ်ပုံကိုလည်းတင်ခဲ့ဖူးပါတယ်။
ဒါ့အပြင်သူမဟာနေမာနှင့်အတူစိန့်အက်တီယန်ကို
၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲကိုလည်းအတူကြည့်ခဲ့ပါတယ်။
ဒါပေမဲ့၎င်းတို့ဟာချစ်ကြိုက်နေကြောင်း
လူသိရှင်ကြားအတည်ပြုခဲ့ကြခြင်းမရှိပါဘူး။
ယခုအခါမှာတော့နေမာနှင့်ဘရူနာဘီယန်ကာဒီတို့ဟာ
အတူတွဲရိုက်ထားတဲ့ဓာတ်ပုံများကိုအွန်လိုင်းတင်ကာ
ပရိသတ်များကိုအတည်ပြုလာပြီဖြစ်ပါတယ်။
နေမာရဲ့ချစ်သူဟောင်းအမည်ကလည်းဘရူနာ(မာကွီဇင်)ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာခြောက်နှစ်ကြာလက်တွဲပြီးနောက်လမ်းခွဲခဲ့ကြပါတယ်။
နေမာမှာဒါဗီလူကာအမည်ရှိသားတစ်ဦးပိုင်ဆိုင်ထားပါတယ်။
zawgyi
သူမ်ားလို နာမည္မွားေခၚလို႔ ကြိဳင္တက္စရာမလိုဘူးေပါ့ ေနမာ
ေနမာဟာလအတန္ၾကာလ်ိဳ႕ဝွက္ခ်စ္ႀကိဳက္လာတဲ့ခ်စ္သူသစ္
ဘ႐ူနာဘီယန္ကာဒီႏွင့္လူသိရွင္ၾကားတြဲလာၿပီျဖစ္ပါတယ္။
ေနမာႏွင့္ဘ႐ူနာဘီယန္ကာဒီတို႔စုံတြဲကိုၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းက
အိုင္ဘီဇာတြင္အတူတြဲေနတာေတြ႕ခဲ့ရသလိုဘရာဇီးလွပ်ိဳျဖဴဟာ
ပီအက္စ္ဂ်ီတိုက္စစ္မႉးနဲ႔အတူ ခရစၥမတ္ကာလတုန္းကဘရာဇီးသို႔အတူသြားခဲ့ပါတယ္။
ဘ႐ူနာဘီယန္ကာဒီဟာေနမာရဲ႕ပီအက္စ္ဂ်ီကစားေဖာ္မ်ားျဖစ္ၾကတဲ့
အိန္ဂ်ယ္ဒီမာရီယာ၊မာကိုဗာရက္တီ၊လီယန္ဒ႐ိုပါရီဒက္စ္၊
လီယြန္နယ္မက္ဆီတို႔ရဲ႕ဇနီးသည္မ်ားႏွင့္အတူတြဲ႐ိုက္ထားတဲ့
ဓာတ္ပုံကိုလည္းတင္ခဲ့ဖူးပါတယ္။
ဒါ့အျပင္သူမဟာေနမာႏွင့္အတူစိန႔္အက္တီယန္ကို
၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲကိုလည္းအတူၾကည့္ခဲ့ပါတယ္။
ဒါေပမဲ့၎တို႔ဟာခ်စ္ႀကိဳက္ေနေၾကာင္း
လူသိရွင္ၾကားအတည္ျပဳခဲ့ၾကျခင္းမရွိပါဘူး။
ယခုအခါမွာေတာ့ေနမာႏွင့္ဘ႐ူနာဘီယန္ကာဒီတို႔ဟာ
အတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံမ်ားကိုအြန္လိုင္းတင္ကာ
ပရိသတ္မ်ားကိုအတည္ျပဳလာၿပီျဖစ္ပါတယ္။
ေနမာရဲ႕ခ်စ္သူေဟာင္းအမည္ကလည္းဘ႐ူနာ(မာကြီဇင္)ျဖစ္ပါတယ္။
၎တို႔ႏွစ္ဦးဟာေျခာက္ႏွစ္ၾကာလက္တြဲၿပီးေနာက္လမ္းခြဲခဲ့ၾကပါတယ္။
ေနမာမွာဒါဗီလူကာအမည္ရွိသားတစ္ဦးပိုင္ဆိုင္ထားပါတယ္။