
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဝန်ဒေါ့စကီး နှစ်ကြိမ်ဆက်ဆွတ်ခူး
ဘိုင်ယန်မြူးနစ်စတားရောဘတ်လီဝန်ဒေါ့စကီးဟာ
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို
နှစ်ကြိမ်ဆက်ဆွတ်ခူးသွားပါတယ်။
အသက်၃၃နှစ်ရှိပိုလန်တိုက်စစ်မှူးဟာပီအက်စ်ဂျီစတားလီယွန်နယ်မက်ဆီနှင့်
လီဗာပူးတောင်ပံစတားမိုဟာမက်ဆာလက်တို့ကိုကျော်ဖြတ်ကာ
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို
နှစ်ကြိမ်ဆက်အဖြစ်ဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။
လီဝန်ဒေါ့စကီးဟာ၂၀၂၁ခုနှစ် Ballon d’Or ဆုတွင်
လီယွန်နယ်မက်ဆီကိုအရေးနိမ့်ခဲ့ပေမဲ့ဖီဖာတစ်နှစ်တာ
အကောင်းဆုံးကစားသမားဆုတွင်မူအနိုင်ယူနိုင်ခဲ့ပါတယ်။
ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ၂၀၂၁ခုနှစ်မှာ၆၉ဂိုးအထိ
သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၁-၂၂ဘောလုံးရာသီမှာလည်း၂၇ပွဲမှာ
၃၄ဂိုးအထိသွင်းထားပါတယ်။
ဒါ့အပြင်ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို
ချဲလ်ဆီးဂိုးသမားအက်ဒူယက်မန်ဒီကလည်းကောင်း၊
တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို
ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကလည်းကောင်း၊
တစ်နှစ်တာအကောင်းဆုံးဂိုးဆုကိုအဲရစ်လာမီလာက
အာဆင်နယ်နှင့်ပွဲမှ Rebona ကန်ချက်ဂိုးဖြင့် ဆွတ်ခူးသွားခဲ့ပါတယ်။
ယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း
သမိုင်းတစ်လျှောက်နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်သစ်ကို
ရေးထိုးနိုင်မှုအတွက်အထူးစပါယ်ရှယ်ဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
zawgyi
Ballon d’Or ဆုတြင္ မက္ဆီကိုအေရးနိမ့္ခဲ့ေပမဲ့ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လီဝန္ေဒါ့စကီး ႏွစ္ႀကိမ္ဆက္ဆြတ္ခူး
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လီဝန္ေဒါ့စကီး ႏွစ္ႀကိမ္ဆက္ဆြတ္ခူး
ဘိုင္ယန္ျမဴးနစ္စတားေရာဘတ္လီဝန္ေဒါ့စကီးဟာ
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို
ႏွစ္ႀကိမ္ဆက္ဆြတ္ခူးသြားပါတယ္။
အသက္၃၃ႏွစ္ရွိပိုလန္တိုက္စစ္မႉးဟာပီအက္စ္ဂ်ီစတားလီယြန္နယ္မက္ဆီႏွင့္
လီဗာပူးေတာင္ပံစတားမိုဟာမက္ဆာလက္တို႔ကိုေက်ာ္ျဖတ္ကာ
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို
ႏွစ္ႀကိမ္ဆက္အျဖစ္ဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။
လီဝန္ေဒါ့စကီးဟာ၂၀၂၁ခုႏွစ္ Ballon d’Or ဆုတြင္
လီယြန္နယ္မက္ဆီကိုအေရးနိမ့္ခဲ့ေပမဲ့ဖီဖာတစ္ႏွစ္တာ
အေကာင္းဆုံးကစားသမားဆုတြင္မူအႏိုင္ယူႏိုင္ခဲ့ပါတယ္။
ေဒါ့မြန္တိုက္စစ္မႉးေဟာင္းဟာ၂၀၂၁ခုႏွစ္မွာ၆၉ဂိုးအထိ
သြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၁-၂၂ေဘာလုံးရာသီမွာလည္း၂၇ပြဲမွာ
၃၄ဂိုးအထိသြင္းထားပါတယ္။
ဒါ့အျပင္ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုကို
ခ်ဲလ္ဆီးဂိုးသမားအက္ဒူယက္မန္ဒီကလည္းေကာင္း၊
တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို
ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကလည္းေကာင္း၊
တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုကိုအဲရစ္လာမီလာက
အာဆင္နယ္ႏွင့္ပြဲမွ Rebona ကန္ခ်က္ဂိုးျဖင့္ ဆြတ္ခူးသြားခဲ့ပါတယ္။
ယူႏိုက္တက္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္း
သမိုင္းတစ္ေလွ်ာက္ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္သစ္ကို
ေရးထိုးႏိုင္မႈအတြက္အထူးစပါယ္ရွယ္ဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။