
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာရီးရဲလ်မက်ဒရစ်စူပါစတားဗီနီစီးယပ်စ်ဂျူနီယာရဲ့
အေးဂျင့်များနှင့်တိုက်ရိုက်ဆက်သွယ်မှုများပြုလုပ်နေကြောင်းသိရပါတယ်။
ဘရာဇီးလက်ရွေးစင်စတားဟာယခုရာသီမှာအကောင်းဆုံးပုံစံဖြင့်
ကစားနေသူဖြစ်ပြီးရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်
၁၅ဂိုးသွင်းကာ၉ကြိမ်ဖန်တီးမှုပြုလုပ်ထားသူဖြစ်ပါတယ်။
ဗီနီစီးယပ်စ်ဟာအသင်းခေါင်းဆောင်ကာရမ်ဘန်ဇီးမားနှင့်အတူ
ရီးရဲလ်မက်ဒရစ်ရဲ့အကောင်းဆုံးခြေစွမ်းဖြင့်ကစားနေသူအဖြစ်
ရပ်တည်နေတာဖြစ်ပြီး၎င်းတို့အကြားနားလည်မှုမှာလည်းအလွန်ကောင်းမွန်လှပါတယ်။
အသက်၂၁နှစ်ရှိဗီနီစီးယပ်စ်ဟာဘာနေဗျူးတွင်အဓိကကစားသမားအဖြစ်
နောက်ထပ်နှစ်များစွာရှိနေမယ်လို့ယုံကြည်ရပါတယ်။
ဒါပေမဲ့ El Nacional ကမန်စီးတီးဟာဗီနီစီးယပ်စ်ကိုခေါ်ယူရေးအတွက်
စတင်တံခါးခေါက်လာပြီဖြစ်ပါတယ်။
ဂွါဒီယိုလာဟာဗီနီစီးယပ်စ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကာ
အပြောင်းအရွှေ့အတွက် ကစားသမားရဲ့အေးဂျင့်များနှင့်
တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်လာပါတယ်။
မန်စီးတီးဟာမကြာသေးမီတုန်းကဖာရန်တောရက်စ်ကိုဘာစီလိုနာသို့
ပေါင်၅၅သန်းဖြင့်ရောင်းချထားပြီး နွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရပါမယ်။
ဗီနီစီးယပ်စ်ရဲ့လက်ရှိရီးရဲလ်မက်ဒရစ်နှင့်စာချုပ်က၂၀၂၄ခုနှစ်တွင်
ကုန်ဆုံးပါမယ်။ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတွင်
ကိုင်လီယန်ဘက်ပေးနှင့်အာလင်းဟာလန်းကိုခေါ်ယူရန်
ကြိုးပမ်းသွားမှာဖြစ်ပေမဲ့ဥက္ကဌပီရက်ဇ်ကဗီနီစီးယပ်စ်ကို
အဓိကကစားသမားအဖြစ်သတ်မှတ်ထားကာ
နွေရာသီတွင်စာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။
zawgyi
ဗီနီစီးယပ္စ္ဂ်ဴနီယာရဲ႕ ေအးဂ်င့္မ်ားႏွင့္တိုက္႐ိုက္ဆက္သြယ္မႈမ်ားျပဳလုပ္လာတဲ့ ဂြါဒီယိုလာ
မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာရီးရဲလ္မက္ဒရစ္စူပါစတားဗီနီစီးယပ္စ္ဂ်ဴနီယာရဲ႕
ေအးဂ်င့္မ်ားႏွင့္တိုက္႐ိုက္ဆက္သြယ္မႈမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။
ဘရာဇီးလက္ေ႐ြးစင္စတားဟာယခုရာသီမွာအေကာင္းဆုံးပုံစံျဖင့္
ကစားေနသူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္
၁၅ဂိုးသြင္းကာ၉ႀကိမ္ဖန္တီးမႈျပဳလုပ္ထားသူျဖစ္ပါတယ္။
ဗီနီစီးယပ္စ္ဟာအသင္းေခါင္းေဆာင္ကာရမ္ဘန္ဇီးမားႏွင့္အတူ
ရီးရဲလ္မက္ဒရစ္ရဲ႕အေကာင္းဆုံးေျခစြမ္းျဖင့္ကစားေနသူအျဖစ္
ရပ္တည္ေနတာျဖစ္ၿပီး၎တို႔အၾကားနားလည္မႈမွာလည္းအလြန္ေကာင္းမြန္လွပါတယ္။
အသက္၂၁ႏွစ္ရွိဗီနီစီးယပ္စ္ဟာဘာေနဗ်ဴးတြင္အဓိကကစားသမားအျဖစ္
ေနာက္ထပ္ႏွစ္မ်ားစြာရွိေနမယ္လို႔ယုံၾကည္ရပါတယ္။
ဒါေပမဲ့ El Nacional ကမန္စီးတီးဟာဗီနီစီးယပ္စ္ကိုေခၚယူေရးအတြက္
စတင္တံခါးေခါက္လာၿပီျဖစ္ပါတယ္။
ဂြါဒီယိုလာဟာဗီနီစီးယပ္စ္ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ကာ
အေျပာင္းအေ႐ႊ႕အတြက္ ကစားသမားရဲ႕ေအးဂ်င့္မ်ားႏွင့္
တိုက္႐ိုက္ဆက္သြယ္မႈျပဳလုပ္လာပါတယ္။
မန္စီးတီးဟာမၾကာေသးမီတုန္းကဖာရန္ေတာရက္စ္ကိုဘာစီလိုနာသို႔
ေပါင္၅၅သန္းျဖင့္ေရာင္းခ်ထားၿပီး ေႏြရာသီတြင္ ထိပ္တန္းတိုက္စစ္မႉးေခၚယူရပါမယ္။
ဗီနီစီးယပ္စ္ရဲ႕လက္ရွိရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္က၂၀၂၄ခုႏွစ္တြင္
ကုန္ဆုံးပါမယ္။ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတြင္
ကိုင္လီယန္ဘက္ေပးႏွင့္အာလင္းဟာလန္းကိုေခၚယူရန္
ႀကိဳးပမ္းသြားမွာျဖစ္ေပမဲ့ဥကၠဌပီရက္ဇ္ကဗီနီစီးယပ္စ္ကို
အဓိကကစားသမားအျဖစ္သတ္မွတ္ထားကာ ေႏြရာသီတြင္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။