
မန်ချက်စတာယူနိုက်တက်နာမည်ကျော်တောင်ပံကစားသမား နာနီဟာ
စီးရီးအေကလပ် ဗီနီဇီယာအသင်းဆီ အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပြီး
ဘောလုံးသမားဘဝကို ဆက်လက်လျှောက်လှမ်းဦးမှာဖြစ်ပါတယ်။
အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာနီဟာ ပြီးခဲ့တဲ့နှစ်၊
နိုဝင်ဘာလတုန်းက မေဂျာလိဂ်ကလပ်အော်လန်ဒိုစီးတီးအသင်းနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း
ဘောလုံးသမားဘဝကနေအနားယူတော့မယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့
ဗီနီဇီယာအသင်းနဲ့အတူ စီးရီးအေမြေကို တစ်ကျော့ပြန်ခြေချတော့မှာပါ။
နာနီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ
ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ယူနိုက်တက်ကစားသမား(၈)ရာသီအတွင်း
ပရီးမီးယားလိဂ်(၄)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်၊
ဖီဖာကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်၊ ကွန်မြူနတီဒိုင်း(၄)ကြိမ်ရယူခဲ့ပါတယ်။
နည်းပြကြီးဖာဂူဆန်မရှိတော့ချိန်မှာ ရုန်းကန်ခဲ့ရတဲ့
နာနီဟာ ၂၀၁၅ ခုနှစ်မှာ အသင်းနဲ့လမ်းခွဲခဲ့ပြီး
ဖီနာဘာချီ၊ ဗလင်စီယာ၊ စပို့တင်းလစ္စဘွန်း၊ အော်လန်ဒိုစီးတီးအသင်းတို့မှ
ာကစားခဲ့သလို လာဇီယိုအသင်းမှာလည်း အငှားနဲ့ကစားခဲ့ဖူးသူဖြစ်ပါတယ်။
zawgyi
စီးရီးအေကလပ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးသမားဘဝကို ဆက်လျှောက်လှမ်းဦးမယ့် ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်း