
စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ
ပြိုင်ဘက် ဘီလ်ဘာအိုကို ၂-၀ နဲ့နိုင်ပြီးဗိုလ်စွဲခဲ့ပေမယ့်
ဖလားနဲ့အောင်ပွဲခံ ဓာတ်ပုံရိုက်ကူးရာမှာ ဟာဇတ် တစ်ယောက်မှိုင်တွေနေလို့
သူရဲ့ပုံစံကိုပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး
ဆိုရှယ်မီဒီယာ ပေါ်ကနေဝေဖန်နေကြတယ်လို့ သိရပါတယ်။
ဒီပွဲမှာ မိုဒရစ်နဲ့ ဘင်ဇီမာ တို့ကရီးရဲလ်အတွက်ဂိုးတွေသွင်းပေးခဲ့ကြတာဖြစ်ပြီး
အန်စလော့တီအတွက်လည်း ရီးရဲလ်ကိုဒုတိယအကြိမ်တာဝန်ယူပြီးနောက်
ပထမဆုံးရခဲ့တဲ့ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။
ဒီပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာရှိတဲ့
ကင်းဖာ့ဒ်နိုင်ငံတကာကစားကွင်း
(King Fahd International Stadium) မှာကျင်းပခဲ့တာပါ။
ပွဲအပြီးမှာ ရီးရဲလ်တစ်သင်းလုံးဟာဆုဖလားနဲ့အတူပျော်ရွှင်မြူးတူးစွာ
ဓာတ်ပုံအရိုက်ခံနေကြပေမယ့် ဟာဇတ်ကတော့ မကျေနပ်တဲ့ပုံစံဖြစ်နေတာပါ။
သူဟာဒီပွဲမှာအရန်အဖြစ်သာရှိခဲ့ပြီး လူစားဝင်ခဲ့ရခြင်းလည်းမရှိလို့
မကျေမ နပ်ဖြစ်နေတာလို့ ခန့်မှန်းကြပါတယ်။
ဒါကိုရီးရဲလ်ပရိသတ်တွေကတွေ့မြင်ပြီး ဟာဇတ်ကိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
တွစ်တာပေါ်မှာ” အရန်ခုံမှာတစ်ချိန်လုံးထိုင် နေရပြီး
နွေးအောင်လုပ်နေရတဲ့ ဟာဇတ်ဆီက ဘာကိုမှမမျှော်လင့်ကြနဲ့။
ရီးရဲလ်ဆိုတာ ဘယ်ကစားသမားထက်မဆို
ပိုပြီးကြီး ကျယ်ခမ်းနားတဲ့အသင်း” လို့ဆိုခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ စကားလုံးပိုမိုပြင်းထန်ပြီး
” ဟာဇတ်အတွက်ဘာမှ ဝမ်းနည်းပြီး ဂရုစိုက်ပြမနေကြနဲ့။
သူမပျော်ဘူးဆိုရင် အသင်းကနေထွက်သွားလိုက်တော့။
ဒါဟာသူကိုယ်တိုင်ရဲ့အမှားတွေ ဘဲ” လို့ပြောသွားပါတယ်။
ဒါပေမယ့် သူ့ကိုစာနာတဲ့ပို့စ်အချို့လည်းရှိနေပြီး ဟာဇတ်အနေနဲ့
ဒီပွဲမှာ ဝင်ကစားသင့်လို့ သူကြေ ကွဲရတယ်ဆိုပြီး ပရိသတ်တစ်ဦးကဆိုခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇတ်ဟာ ၂၀၁၉ ကချဲလ်ဆီးကနေ
ရီးရဲလ်ကို ပြောင်းလာတဲ့သူဖြစ်ပေမယ့် အင်္ဂလန်မှာရှိနေတုန်းက
ခြေစွမ်းမျိုး ဘယ်တုန်းကမှပြန်မရခဲ့ဘဲ ရုန်းကန်ခဲ့ရသူဖြစ်ပြီး
ဒီရာ သီမှာလည်း ပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲသာကစားထားရသူဖြစ်ပါတယ်။



