
အင်္ဂလန်အသင်းဟာ၂၀၂၂ခုနှစ်ရဲ့ပထမဆုံးနိုင်ငံပွဲစဉ်အဖြစ်မတ်လ၂၆ရက်နေ့မှာ
ဝင်ဘာလေကွင်းတွင်ဆွစ်ဇာလန်နှင့်ခြေစမ်းပွဲကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာနောက်ဆုံးပွဲအဖြစ်
နိုဝင်ဘာလတုန်းကနေဆန်မာရီနိုအား၁၀-၀ဖြင့်အနိုင်ရရှိတဲ့
ကမ္ဘာ့ဖလားခြေစစ်ပွဲကိုကစားခဲ့တာဖြစ်ပါတယ်။
ဆွစ်ဇာလန်အသင်းဟာလည်းအင်္ဂလန်ကဲ့သို့ပင်
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းပါ။
ဆွစ်ဇာလန်ဟာယူရိုချန်ပီယံအီတလီကိုကျော်ဖြတ်ကာ
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတာလည်းဖြစ်ပါတယ်။
အင်္ဂလန်ဟာဆွစ်ဇာလန်နှင့်ခြေစမ်းပွဲအပြီးသုံးရက်အကြာ
မတ်လ၂၉ရက်နေ့တွင်လည်းဝင်ဘာလေကွင်းတွင်ပင်
ခြေစမ်းပွဲကစားသွားပါမယ်။ဒါပေမဲ့အင်္ဂလန်ဟာ
ဒုတိယခြေစမ်းပွဲအတွက်ပြိုင်ဘက်အသင်းကိုမကြေညာရသေးပါဘူး။
အင်္ဂလန်ဟာဆွစ်ဇာလန်အသင်းကိုနောက်ဆုံးအကြိမ်
ဝင်ဘာလေကွင်းတွင်ရင်ဆိုင်ခဲ့ဖူးတဲ့၂၀၁၅ခုနှစ်၊စက်တင်ဘာလတုန်းက
ယူရို၂၀၁၆ခြေစစ်ပွဲမှာဖြစ်ပါတယ်။
ယင်းပွဲမှာဝိန်းရွန်းနီဟာ၂-၀ဂိုးဖြင့်အနိုင်ရရှိအောင်အင်္ဂလန်ကိုကူညီပြီး
အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်သစ်ရေးထိုးခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဂရာနစ်ဇာခါက
အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေတဲ့ဆွစ်ဇာလန်ဟာ
ကမ္ဘာ့အဆင့်သတ်မှတ်ချက်အဆင့်၁၃နေရာမှာ
ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
zawgyi
၂၀၂၂ ခုႏွစ္ရဲ႕ပထမဆုံးပြဲအျဖစ္ ဝင္ဘာေလတြင္ ဆြစ္ဇာလန္ႏွင့္ေျခစမ္းပြဲကစားမယ့္ အဂၤလန္
အဂၤလန္အသင္းဟာ၂၀၂၂ခုႏွစ္ရဲ႕ပထမဆုံးႏိုင္ငံပြဲစဥ္အျဖစ္မတ္လ၂၆ရက္ေန႔မွ
ာဝင္ဘာေလကြင္းတြင္ဆြစ္ဇာလန္ႏွင့္ေျခစမ္းပြဲကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာေနာက္ဆုံးပြဲအျဖစ္
ႏိုဝင္ဘာလတုန္းကေနဆန္မာရီႏိုအား၁၀-၀ျဖင့္အႏိုင္ရရွိတဲ့
ကမာၻ႔ဖလားေျခစစ္ပြဲကိုကစားခဲ့တာျဖစ္ပါတယ္။
ဆြစ္ဇာလန္အသင္းဟာလည္းအဂၤလန္ကဲ့သို႔ပင္
ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ထားတဲ့အသင္းပါ။
ဆြစ္ဇာလန္ဟာယူ႐ိုခ်န္ပီယံအီတလီကိုေက်ာ္ျဖတ္ကာ
ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ထားတာလည္းျဖစ္ပါတယ္။
အဂၤလန္ဟာဆြစ္ဇာလန္ႏွင့္ေျခစမ္းပြဲအၿပီးသုံးရက္အၾက
ာမတ္လ၂၉ရက္ေန႔တြင္လည္းဝင္ဘာေလကြင္းတြင္ပင္
ေျခစမ္းပြဲကစားသြားပါမယ္။ဒါေပမဲ့အဂၤလန္ဟာ
ဒုတိယေျခစမ္းပြဲအတြက္ၿပိဳင္ဘက္အသင္းကိုမေၾကညာရေသးပါဘူး။
အဂၤလန္ဟာဆြစ္ဇာလန္အသင္းကိုေနာက္ဆုံးအႀကိမ္
ဝင္ဘာေလကြင္းတြင္ရင္ဆိုင္ခဲ့ဖူးတဲ့၂၀၁၅ခုႏွစ္၊စက္တင္ဘာလတုန္းက
ယူ႐ို၂၀၁၆ေျခစစ္ပြဲမွာျဖစ္ပါတယ္။
ယင္းပြဲမွာဝိန္း႐ြန္းနီဟာ၂-၀ဂိုးျဖင့္အႏိုင္ရရွိေအာင္အဂၤလန္ကိုကူညီၿပီး
အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္စံခ်ိန္သစ္ေရးထိုးခဲ့ပါတယ္။
အာဆင္နယ္ကြင္းလယ္ကစားသမားဂရာနစ္ဇာခါက
အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူေနတဲ့ဆြစ္ဇာလန္ဟာ
ကမာၻ႔အဆင့္သတ္မွတ္ခ်က္အဆင့္၁၃ေနရာမွာ
ရပ္တည္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။