
ဒီပို့စ်ဟာ ဗန်ဒီဘိခ်ကို မလေးစားရာကျတယ်လို့ မန်ယူပရိသတ်အများစုကတော့ အဲဆိုခဲ့
အသင်းအတွက် ကွင်းလယ်လူဗန်ဒီဘိခ် ပွဲ ၅၀ ပြည့်သွားခဲ့ပြီးနောက်
အဲဒီအကြောင်း မန်ယူက ဆိုရှယ်မီဒီယာမှာတင်ခဲ့တာကို
ယူနိုက်တက်ပရိသတ်တွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။
ဗန်ဒီဘိခ်ဟာ ဗီလာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ
လူစားဝင်ကစားခဲ့ပြီးနောက် မန်ယူအတွက် ပွဲ ၅၀ ပြည့်ခဲ့တာပါ။
ဒါပေမဲ့ သူဟာ အဲဒီပွဲမှာ ၈၉ မိနစ်ရောက်မှ
ဘရူနိုဖာနန်ဒက်စ်အစား လူစားဝင်လာတာဖြစ်လို့
ကွင်းထဲမှာ ဘောလုံးတောင် ကောင်းကောင်းမထိလိုက်ရပါဘူး။
ပွဲအပြီး နောက်တစ်ရက်မှာ မန်ယူက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့
Twitter မှာ ဗန်ဒီဘိခ် ပွဲ ၅၀ ပြည့်တဲ့အကြောင်း ပို့စ်တင်တော့
ဒေါသထွက်နေတဲ့တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
မန်ယူပရိသတ်အများစုကတော့ အဲဒီပို့စ်ဟာ ဗန်ဒီဘိခ်ကို
မလေးစားရာကျတယ်လို့ ဆိုခဲ့ကြပါတယ်။
ပရိသတ်တစ်ယောက်ကဆိုရင်”ကျွန်တော်မြင်ဖူးသမျှထဲမှာ
အရူးနှမ်းဆုံးနဲ့ ရှက်စရာအကောင်းဆုံးအရာပါပဲ”လို့ ဝင်မန့်ခဲ့ပါတယ်။
ပရိသတ်နောက်တစ်ယောက်ကလည်း
”ဘယ်လောက်ကသိကအောက်ဖြစ်စရာကောင်းလိုက်လဲဗျာ။
သူကစားရတဲ့မိနစ်ကိုလည်း ကြည့်ပါဦး။
သူ့ကို ဆက်ဆံပုံက ကျက်သရေတုံးပါတယ်”လို့
ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ဒါဟာ မလေးစားရာကျလွန်းပြီး
လိဒ်ကိုပြောင်းသွားတဲ့ ဒန်နီရယ်ဂျိမ်းစ်ကတောင်
ဗန်ဒီဘိခ်ထက် မိနစ်ပိုကစားခွင့်ရခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
၂၄ နှစ်အရွယ် အဲဒီနယ်သာလန်သားဟာ ၂၀၂၀ မှာ အေဂျက်ကနေ
ရောက်လာပြီးတကည်းက မန်ယူမှာ ရုန်းကန်နေရတာပါ။
အသင်းပရိသတ်အများစုကလည်း ဗန်ဒီဘိခ်ဟာ
အိုးလ်ထရက်ဖို့ဒ်မှာ လုံလောက်တဲ့အခွင့်အရေးမရဘူးလို့ ခံစားနေကြရတာပါ။
ဗန်ဒီဘိခ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ
အခုချိန်ထိ ၈ ပွဲကစားထားရပေမယ့် စုစုပေါင်းမှ ၆၈ မိနစ်သာရှိပြီး
မကြာခဏဆိုသလို ပွဲပြီးခါနီးမှသာ ဝင်ကစားနေရတာပါ။
zawgyi
မန္ယူပရိသတ္မ်ားရဲ႕ ေဒါသထြက္ေနၿပီး အျပင္းအထန္ေဝဖန္ခံေနရတဲ့ မန္ယူ
ဒီပို႔စ္ဟာ ဗန္ဒီဘိခ္ကို မေလးစားရာက်တယ္လို႔ မန္ယူပရိသတ္အမ်ားစုကေတာ့ အဲဆိုခဲ့
အသင္းအတြက္ ကြင္းလယ္လူဗန္ဒီဘိခ္ ပြဲ ၅၀ ျပည့္သြားခဲ့ၿပီးေနာက္
အဲဒီအေၾကာင္း မန္ယူက ဆိုရွယ္မီဒီယာမွာတင္ခဲ့တာကို
ယူႏိုက္တက္ပရိသတ္ေတြက အျပင္းအထန္ေဝဖန္ခဲ့ၾကပါတယ္။
ဗန္ဒီဘိခ္ဟာ ဗီလာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ
လူစားဝင္ကစားခဲ့ၿပီးေနာက္ မန္ယူအတြက္ ပြဲ ၅၀ ျပည့္ခဲ့တာပါ။
ဒါေပမဲ့ သူဟာ အဲဒီပြဲမွာ ၈၉ မိနစ္ေရာက္မွ
ဘ႐ူႏိုဖာနန္ဒက္စ္အစား လူစားဝင္လာတာျဖစ္လို႔
ကြင္းထဲမွာ ေဘာလုံးေတာင္ ေကာင္းေကာင္းမထိလိုက္ရပါဘူး။
ပြဲအၿပီး ေနာက္တစ္ရက္မွာ မန္ယူက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့
Twitter မွာ ဗန္ဒီဘိခ္ ပြဲ ၅၀ ျပည့္တဲ့အေၾကာင္း ပို႔စ္တင္ေတာ့
ေဒါသထြက္ေနတဲ့တုံ႔ျပန္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။
မန္ယူပရိသတ္အမ်ားစုကေတာ့ အဲဒီပို႔စ္ဟာ ဗန္ဒီဘိခ္ကို
မေလးစားရာက်တယ္လို႔ ဆိုခဲ့ၾကပါတယ္။
ပရိသတ္တစ္ေယာက္ကဆိုရင္”ကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာ
အ႐ူးႏွမ္းဆုံးနဲ႔ ရွက္စရာအေကာင္းဆုံးအရာပါပဲ”လို႔ ဝင္မန႔္ခဲ့ပါတယ္။
ပရိသတ္ေနာက္တစ္ေယာက္ကလည္း
”ဘယ္ေလာက္ကသိကေအာက္ျဖစ္စရာေကာင္းလိုက္လဲဗ်ာ။
သူကစားရတဲ့မိနစ္ကိုလည္း ၾကည့္ပါဦး။
သူ႔ကို ဆက္ဆံပုံက က်က္သေရတုံးပါတယ္”လို႔
ဆိုရွယ္မီဒီယာေပၚမွာ ေရးတင္ခဲ့ပါတယ္။
ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ဒါဟာ မေလးစားရာက်လြန္းၿပီး
လိဒ္ကိုေျပာင္းသြားတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကေတာင္
ဗန္ဒီဘိခ္ထက္ မိနစ္ပိုကစားခြင့္ရခဲ့တာလို႔ ေဖာ္ျပခဲ့ပါတယ္။
၂၄ ႏွစ္အ႐ြယ္ အဲဒီနယ္သာလန္သားဟာ ၂၀၂၀ မွာ ေအဂ်က္ကေန
ေရာက္လာၿပီးတကည္းက မန္ယူမွာ ႐ုန္းကန္ေနရတာပါ။
အသင္းပရိသတ္အမ်ားစုကလည္း ဗန္ဒီဘိခ္ဟာ
အိုးလ္ထရက္ဖို႔ဒ္မွာ လုံေလာက္တဲ့အခြင့္အေရးမရဘူးလို႔ ခံစားေနၾကရတာပါ။
ဗန္ဒီဘိခ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ
အခုခ်ိန္ထိ ၈ ပြဲကစားထားရေပမယ့္ စုစုေပါင္းမွ ၆၈ မိနစ္သာရွိၿပီး
မၾကာခဏဆိုသလို ပြဲၿပီးခါနီးမွသာ ဝင္ကစားေနရတာပါ။