
ခရစ္စတီယာနိုရော်နယ်ဒိုဟာဖီဖာတစ်နှစ်တာ
အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ပြီး
အထူးဆုတစ်ခုကိုလက်ခံရယူခဲ့ပါတယ်။
အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်တုန်းက
နိုင်ငံတကာဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်
မှတ်တိုင်သစ်စိုက်ထူခဲ့သူလည်းဖြစ်ပါတယ်။
သူဟာစက်တင်ဘာလတုန်းကအိုင်ယာလန်နှင့်ပွဲတွင်
နိုင်ငံတကာသွင်းဂိုး ၁၁၀နှင့်၁၁၁ ဂိုးမြောက်ဂိုးများကိုသွင်းယူကာ
အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီရဲ့စံချိန်ကိုရိုက်ချိုးခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံတကာသွင်းဂိုး၁၁၅ဂိုးသွင်းယူထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ
တနင်္လာနေ့တုန်းကဇူးရစ်တွင်ကျင်းပတဲ့
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲသို့
ချစ်သူဂျော်ဂျီနာနှင့်သားကြီးတို့ကို ကိုယ်ပိုင်လေယာဉ်ဖြင့်
ခေါ်ဆောင်ကာ ကိုယ်တိုင်တက်ရောက်ဆုလက်ခံခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက “ပထမဆုံးပြောချင်တာကတော့ပြီးခဲ့တဲ့နှစ်တွေမှာ
အတူကစားခဲ့တဲ့လက်ရွေးစင်အသင်းကကစားဖော်တွေကို
ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
မိသားစု၊ဇနီး၊ကလေးတွေကိုလည်းကျေးဇူးတင်ပါတယ်။
မကြာခင်အဖေထပ်ဖြစ်ပါဦးမယ်။အရမ်းပျော်တယ်။
ဒါကကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါ။ပွဲအပေါ်မှာတပ်မက်နေတုန်းပါ။
ဂိုးသွင်းဖို့သာမကကိုယ့်ကိုယ်ကိုဖျော်ဖြေဖို့လည်းဖြစ်ပါတယ်။
ကွင်းထဲရောက်တဲ့အချိန်မှာသာမက
လေ့ကျင့်ရေးကွင်းရောက်တဲ့အချိန်မှာတောင်ပျော်ပါတယ်။
မကြာခင်၃၇နှစ်ပြည့်တော့မယ်ဆိုပေမယ့်စိတ်ဆန္ဒပြင်းပြနေတုန်းပါ။
အားလုံးကောင်းနေတုန်းပါ။စိတ်ဆန္ဒပြင်းပြနေတုန်းပါ။
အသက်၁၈နှစ်သားကတည်းကအလုပ်ကြိုးစားလာခဲ့သလို
ဆက်ပြီးတော့ကြိုးစားပါမယ်။
ဘောလုံးကိုချစ်တယ်။ဆက်ပြီးတော့ကစားချင်တယ်။
လူတွေကဘယ်အသက်အရွယ်အထိကစားဦးမလဲလို့မေးကြတယ်။
ကျွန်တော်ကနောက်ထပ်လေးငါးနှစ်လောက်
ကစားချင်သေးတယ်လို့ပြောခဲ့ပါတယ်။
အရေးအကြီးဆုံးကစိတ်ပါ။ခန္ဓာကိုယ်ကကိုယ်ဂရုစိုက်သလောက်
ကောင်းနေမဲ့အရာပါ”လို့ ပြောကြားသွားပါတယ်။
zawgyi
ကိုယ္ပိုင္ေလယာဥ္ျဖင့္ ကိုယ္တိုင္တက္ေရာက္ဆုလက္ခံခဲ့တဲ့ ေရာ္နယ္ဒို
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဖီဖာတစ္ႏွစ္တာ
အေကာင္းဆုံးကစားသမားဆုေပးပြဲအခမ္းအနားသို႔ ကိုယ္တိုင္တက္ေရာက္ၿပီး
အထူးဆုတစ္ခုကိုလက္ခံရယူခဲ့ပါတယ္။
အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ႏွစ္တုန္းက
ႏိုင္ငံတကာေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္
မွတ္တိုင္သစ္စိုက္ထူခဲ့သူလည္းျဖစ္ပါတယ္။
သူဟာစက္တင္ဘာလတုန္းကအိုင္ယာလန္ႏွင့္ပြဲတြင္
ႏိုင္ငံတကာသြင္းဂိုး ၁၁၀ႏွင့္၁၁၁ ဂိုးေျမာက္ဂိုးမ်ားကိုသြင္းယူကာ
အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးခဲ့တာလည္းျဖစ္ပါတယ္။
ႏိုင္ငံတကာသြင္းဂိုး၁၁၅ဂိုးသြင္းယူထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
တနလၤာေန႔တုန္းကဇူးရစ္တြင္က်င္းပတဲ့
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေပးပြဲသို႔
ခ်စ္သူေဂ်ာ္ဂ်ီနာႏွင့္သားႀကီးတို႔ကို ကိုယ္ပိုင္ေလယာဥ္ျဖင့္
ေခၚေဆာင္ကာ ကိုယ္တိုင္တက္ေရာက္ဆုလက္ခံခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုက “ပထမဆုံးေျပာခ်င္တာကေတာ့ၿပီးခဲ့တဲ့ႏွစ္ေတြမွာ
အတူကစားခဲ့တဲ့လက္ေ႐ြးစင္အသင္းကကစားေဖာ္ေတြကို
ေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။
မိသားစု၊ဇနီး၊ကေလးေတြကိုလည္းေက်းဇူးတင္ပါတယ္။
မၾကာခင္အေဖထပ္ျဖစ္ပါဦးမယ္။အရမ္းေပ်ာ္တယ္။
ဒါကႀကီးက်ယ္တဲ့ေအာင္ျမင္မႈတစ္ခုပါ။ပြဲအေပၚမွာတပ္မက္ေနတုန္းပါ။
ဂိုးသြင္းဖို႔သာမကကိုယ့္ကိုယ္ကိုေဖ်ာ္ေျဖဖို႔လည္းျဖစ္ပါတယ္။
ကြင္းထဲေရာက္တဲ့အခ်ိန္မွာသာမက
ေလ့က်င့္ေရးကြင္းေရာက္တဲ့အခ်ိန္မွာေတာင္ေပ်ာ္ပါတယ္။
မၾကာခင္၃၇ႏွစ္ျပည့္ေတာ့မယ္ဆိုေပမယ့္စိတ္ဆႏၵျပင္းျပေနတုန္းပါ။
အားလုံးေကာင္းေနတုန္းပါ။စိတ္ဆႏၵျပင္းျပေနတုန္းပါ။
အသက္၁၈ႏွစ္သားကတည္းကအလုပ္ႀကိဳးစားလာခဲ့သလို
ဆက္ၿပီးေတာ့ႀကိဳးစားပါမယ္။
ေဘာလုံးကိုခ်စ္တယ္။ဆက္ၿပီးေတာ့ကစားခ်င္တယ္။
လူေတြကဘယ္အသက္အ႐ြယ္အထိကစားဦးမလဲလို႔ေမးၾကတယ္။
ကြၽန္ေတာ္ကေနာက္ထပ္ေလးငါးႏွစ္ေလာက္
ကစားခ်င္ေသးတယ္လို႔ေျပာခဲ့ပါတယ္။
အေရးအႀကီးဆုံးကစိတ္ပါ။ခႏၶာကိုယ္ကကိုယ္ဂ႐ုစိုက္သေလာက္
ေကာင္းေနမဲ့အရာပါ”လို႔ ေျပာၾကားသြားပါတယ္။