ကစားသမားအားဖြည့်မပေးပါကစပါးစ်တွင်ဆက်ရှိနေရေးအပေါ်အာမခံချက်မပေးတော့တဲ့ကွန်တီ

အန်တိုနီယိုကွန်တီကစပါးစ်အနေဖြင့်ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

သူခေါ်ယူလိုတဲ့သူများကိုခေါ်ယူမပေးပါက

ထွက်ခွာမယ်လို့ခြိမ်းခြောက်မှုပြုလုပ်လာပါတယ်။

စပါးစ်ဥက္ကဌဟာယခုလတွင်ကစားသမားအားဖြည့်မပေးပါက

စပါးစ်တွင်ဆက်ရှိနေရေးအပေါ်အာမခံချက်မပေးလာတာလည်းဖြစ်ပါတယ်။

ကွန်တီဟာစပါးစ်အသင်းကိုကိုင်တွယ်လာတာ၁၀ပတ်မျှသာရှိပါသေးတယ်။

ဒါပေမဲ့သူဟာအသင်းကိုအားဖြည့်မှုပြုလုပ်ကာချန်ပီယံလိဂ်ဝင်ခွင့်အတွက်

တိုက်ပွဲဝင်ရန်စိတ်ဆန္ဒပြင်းပြနေပါတယ်။

အီတလီလူမျိုးနည်းပြဟာခံစစ်ကိုအားဖြည့်လိုနေတဲ့အပြင်

အဒါမာထရာအိုရေးနှင့်ဗလာဟိုဗစ်တို့ကိုခေါ်ယူလိုနေတဲ့အပြင်

တန်ဂေးအန်ဒွမ်ဘီလီကိုလည်းရောင်းချလိုနေပါတယ်။

ကွန်တီဟာပြီးခဲ့တဲ့နွေရာသီတုန်းကကစားသမား

ခေါ်ယူအားဖြည့်မှုပြုလုပ်ရန် အာမခံချက်မရရှိမှုကြောင့်

စီးရီးအေဖလားဆွတ်ခူးပေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်

အင်တာမီလန်မှထွက်ခွာလာသူဖြစ်ပါတယ်။

အကယ်၍ကွန်တီသာစပါးစ်မှထွက်ခွာမည်ဆိုပါက

ယူနိုက်တက်ကကမ်းလှမ်းမှုပြုလုပ်ရန်သေချာနေပါတယ်။

ယူနိုက်တက်ဟာကွန်တီနှင့်စပါးစ်တို့ရဲ့

အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။

zawgyi

ကစားသမားအားျဖည့္မေပးပါကစပါးစ္တြင္ဆက္ရွိေနေရးအေပၚအာမခံခ်က္မေပးေတာ့တဲ့ကြန္တီ

အန္တိုနီယိုကြန္တီကစပါးစ္အေနျဖင့္ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

သူေခၚယူလိုတဲ့သူမ်ားကိုေခၚယူမေပးပါက

ထြက္ခြာမယ္လို႔ၿခိမ္းေျခာက္မႈျပဳလုပ္လာပါတယ္။

စပါးစ္ဥကၠဌဟာယခုလတြင္ကစားသမားအားျဖည့္မေပးပါက

စပါးစ္တြင္ဆက္ရွိေနေရးအေပၚအာမခံခ်က္မေပးလာတာလည္းျဖစ္ပါတယ္။

ကြန္တီဟာစပါးစ္အသင္းကိုကိုင္တြယ္လာတာ၁၀ပတ္မွ်သာရွိပါေသးတယ္။

ဒါေပမဲ့သူဟာအသင္းကိုအားျဖည့္မႈျပဳလုပ္ကာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္

တိုက္ပြဲဝင္ရန္စိတ္ဆႏၵျပင္းျပေနပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာခံစစ္ကိုအားျဖည့္လိုေနတဲ့အျပင္

အဒါမာထရာအိုေရးႏွင့္ဗလာဟိုဗစ္တို႔ကိုေခၚယူလိုေနတဲ့အျပင္

တန္ေဂးအန္ဒြမ္ဘီလီကိုလည္းေရာင္းခ်လိုေနပါတယ္။

ကြန္တီဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကကစားသမား

ေခၚယူအားျဖည့္မႈျပဳလုပ္ရန္ အာမခံခ်က္မရရွိမႈေၾကာင့္

စီးရီးေအဖလားဆြတ္ခူးေပးၿပီး ရက္သတၱပတ္အနည္းငယ္အၾကာတြင္

အင္တာမီလန္မွထြက္ခြာလာသူျဖစ္ပါတယ္။

အကယ္၍ကြန္တီသာစပါးစ္မွထြက္ခြာမည္ဆိုပါက

ယူႏိုက္တက္ကကမ္းလွမ္းမႈျပဳလုပ္ရန္ေသခ်ာေနပါတယ္။

ယူႏိုက္တက္ဟာကြန္တီႏွင့္စပါးစ္တို႔ရဲ႕

အေျခအေနကိုအနီးကပ္ေစာင့္ၾကည့္လ်က္ရွိပါတယ္။