Clean Sheet ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လီနိုကို စိတ်ထားပြည့်ဝစွာ ဂုဏ်ပြုခဲ့တဲ့ ရမ်စ်ဒေးလ်

ဗီလာနဲ့ ပွဲကို ရမ်စ်ဒေးလ်ဟာ တင်ပါးဆုံဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်မာတင်နယ်လီကတော့ ဖျားနာနေတာကြောင့် ဒီပွဲကို လွဲခဲ့တာဖြစ်ပါတယ်။

ဖျားနာမှုဟာ ရိုးရိုးဖျားနာတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရခြင်းမဟုတ်ကြောင်းလည်း သိရပါတယ်။

ဗီလာ ပွဲအတွက် အာဆင်နယ် ရဲ့ ပွဲထွက်စာရင်းမှာ

ဂိုးသမား လီနို၊ နောက်တန်းမှာ ဆီဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊

ကွင်းလယ်မှာ ချာကာ၊ ပါတေး၊ အိုဒီဂတ်၊ စမစ်ရိုး၊ ဆာကာနဲ့

အထောင်တိုက်စစ်မှူး နေရာမှာတော့ လာကာဇက်တို့ ပါဝင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ အာဆင်နယ်တို့ သွင်းဂိုး ရှာဖွေနိုင်ခဲ့ကြပြီး

ညာခြမ်းမှာ ရခဲ့တဲ့ ဖရီးကစ်ကို အတိုကန်ပေးရာမှာ ဆီဒရစ်က ဖြတ်တင်ပေးခဲ့ပြီး

ဗီလာနောက်ခံလူတွေ ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဆာကာက

မနားတမ်း ပြေးဝင်ကန်သွင်းနိုင်ခဲ့လို့ ဗီလာဂိုးသမား မာတီနက်ဇ် အငိုက်မိခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အက်စတွန်ဗီလာကို အဝေးကွင်းမှာတစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့

ဒဏ်ရာကြောင့် ပွဲကစားခွင့်မရခဲ့တဲ့ ရမ်စ်ဒေးလ်ဟာ ပွဲအပြီးမှာတော့ Clean Sheet ရရှိအောင်

စွမ်းဆောင်နိုင်ခဲ့တဲ့ လီနိုကို ပွေ့ဖက်ဂုဏ်ပြုခဲ့တာတွေ့ရပါတယ်။

ဂိုးသမားနှစ်ဦးကြားက အပြန်အလှန်လေးစားတန်ဖိုးထားမှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ clean sheet ၁၃ပွဲ ရထားပြီး မန်စီးတီး(၁၇ပွဲ)နဲ့

လီဗာပူး(၁၇ပွဲ)တို့သာ သူတို့ထက် clean sheet ပိုများတဲ့အသင်းတွေအဖြစ် ရှိနေပါတယ်။

နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ ရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ ပွဲစဉ် ၂၈ ပွဲ ကစားအပြီးမှာ

ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၄ နေရာကို ခိုင်မာစေဖို့ လုပ်ဆောင်နိုင်ခဲ့သလို

အဆင့် ၅ က ယူနိုက်တက်ထက် တစ်ပွဲလျှော့ကစား၊ ၄ မှတ်ဖြတ်နိုင်ခဲ့ပါပြီ။

zawgyi

Clean Sheet ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ လီႏိုကို စိတ္ထားျပည့္ဝစြာ ဂုဏ္ျပဳခဲ့တဲ့ ရမ္စ္ေဒးလ္

ဗီလာနဲ႔ ပြဲကို ရမ္စ္ေဒးလ္ဟာ တင္ပါးဆုံဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အဆိုပါဒဏ္ရာကို ရရွိခဲ့တာျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္မာတင္နယ္လီကေတာ့ ဖ်ားနာေနတာေၾကာင့္ ဒီပြဲကို လြဲခဲ့တာျဖစ္ပါတယ္။

ဖ်ားနာမႈဟာ ႐ိုး႐ိုးဖ်ားနာတာျဖစ္ၿပီး ကိုဗစ္ကူးစက္ခံရျခင္းမဟုတ္ေၾကာင္းလည္း သိရပါတယ္။

ဗီလာ ပြဲအတြက္ အာဆင္နယ္ ရဲ႕ ပြဲထြက္စာရင္းမွာ

ဂိုးသမား လီႏို၊ ေနာက္တန္းမွာ ဆီဒရစ္၊ ဘန္ဝႈိက္၊ ဂါဘရီရယ္၊ တီယာေနး၊

ကြင္းလယ္မွာ ခ်ာကာ၊ ပါေတး၊ အိုဒီဂတ္၊ စမစ္႐ိုး၊ ဆာကာနဲ႔

အေထာင္တိုက္စစ္မႉး ေနရာမွာေတာ့ လာကာဇက္တို႔ ပါဝင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ အာဆင္နယ္တို႔ သြင္းဂိုး ရွာေဖြႏိုင္ခဲ့ၾကၿပီး

ညာျခမ္းမွာ ရခဲ့တဲ့ ဖရီးကစ္ကို အတိုကန္ေပးရာမွာ ဆီဒရစ္က ျဖတ္တင္ေပးခဲ့ၿပီး

ဗီလာေနာက္ခံလူေတြ ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဆာကာက

မနားတမ္း ေျပးဝင္ကန္သြင္းႏိုင္ခဲ့လို႔ ဗီလာဂိုးသမား မာတီနက္ဇ္ အငိုက္မိခဲ့ၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

အက္စတြန္ဗီလာကို အေဝးကြင္းမွာတစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာေတာ့

ဒဏ္ရာေၾကာင့္ ပြဲကစားခြင့္မရခဲ့တဲ့ ရမ္စ္ေဒးလ္ဟာ ပြဲအၿပီးမွာေတာ့ Clean Sheet ရရွိေအာင္

စြမ္းေဆာင္ႏိုင္ခဲ့တဲ့ လီႏိုကို ေပြ႕ဖက္ဂုဏ္ျပဳခဲ့တာေတြ႕ရပါတယ္။

ဂိုးသမားႏွစ္ဦးၾကားက အျပန္အလွန္ေလးစားတန္ဖိုးထားမႈကိုျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုႏွစ္ရာသီ clean sheet ၁၃ပြဲ ရထားၿပီး မန္စီးတီး(၁၇ပြဲ)နဲ႔

လီဗာပူး(၁၇ပြဲ)တို႔သာ သူတို႔ထက္ clean sheet ပိုမ်ားတဲ့အသင္းေတြအျဖစ္ ရွိေနပါတယ္။

ႏိုင္ပြဲရွာေဖြႏိုင္ခဲ့တဲ့ ရလဒ္ေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ပြဲစဥ္ ၂၈ ပြဲ ကစားအၿပီးမွာ

ရမွတ္ ၅၄ မွတ္နဲ႔ အဆင့္ ၄ ေနရာကို ခိုင္မာေစဖို႔ လုပ္ေဆာင္ႏိုင္ခဲ့သလို

အဆင့္ ၅ က ယူႏိုက္တက္ထက္ တစ္ပြဲေလွ်ာ့ကစား၊ ၄ မွတ္ျဖတ္ႏိုင္ခဲ့ပါၿပီ။