ကံကောင်းထောက်မလို့ အသက်မဆုံးရှုံးခဲ့တဲ့ အေဂျက်စ်ဂိုးသမား

March 23, 2022 Ko zaw 0

အေဂျက်စ်အသင်းရဲ့ ကင်မရွန်းလက်ရွေးစင်ဂိုးသမားအိုနာနာဟာ အယ်လ်ဂျီးရီးယားနဲ့ကစားမယ့် ကမ္ဘာ့ဖလားတတိယအဆင့်ခြေစစ်ပွဲအတွက် ကင်မရွန်းအသင်းနဲ့ပူးပေါင်းဖို့အသွားမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုနဲ့ကြုံတွေ့ခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အသက်အန္တရာယ်မထိခိုက်ခဲ့ပါဘူး။ မီဒီယာတွေဖော်ပြတဲ့ဓာတ်ပုံတွေအရ ကားနှစ်စီးဟာ ရှေ့ပိုင်းတစ်ခုလုံး ကြေမွသွားတဲ့အထိ’တိုက်’မိခဲ့တာဖြစ်ပြီး နှစ်စီးစလုံးရဲ့ရှေ့ပိုင်းက ရစရာမရှိအောင်ပျက်စီးခဲ့ရပါတယ်။ ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့အတွက် ကင်မရွန်းကိုရောက်ရှိနေတဲ့ အိုနာနာဟာ Douala မြို့က အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုအသွားမှာ အခုလိုအဖြစ်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ကားထဲမှာ ထိခိုက်ဒဏ်ရာရသူရှိ၊ မရှိကို […]

ဟာလန်းနေရာမှာအစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦးရှာဖွေနေပြီလို့ အတည်ပြုလိုက်တဲ့ ဒေ့ါမွန်

March 22, 2022 Ko zaw 0

ဒေ့ါမွန်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလကျရင် အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တဲ့ နာမည်ကျော်တိုက်စစ်မှူးဟာလန်းနေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေပြီလို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ စာချုပ်လျော်ကြေးပေါင်(၆၄)သန်းတန်ဖိုးရှိတဲ့ ဟာလန်းကိုခေါ်ယူဖို့အတွက် မန်စီးတီး၊ ရီးယဲလ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေပြီး ဗြိတိန်မီဒီယာတွေကတော့ မန်စီးတီးအသင်းဟာ ဟာလန်းကိုခေါ်ယူနိုင်ဖို့နီးစပ်နေပြီလို့ဖော်ပြခဲ့ကြပါတယ်။ ဒေ့ါမွန်အသင်းကတော့ သူတို့ရဲ့ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ပြီး ဟာလန်းဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုသလောက်အချိန်ပေးသွားမှာဖြစ်ပေမယ့် တကယ်လို့ ဟာလန်းကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် အဆင်သင့်အစားထိုးနိုင်အောင် […]

နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားခွင့်ရအောင် အားထုတ်သွားမယ်လို့ စီရော်နယ်ဒို ကြွေးကြော်

March 22, 2022 Ko zaw 0

ပေါ်တူဂီဟာ play-off ပွဲစဉ်အဖြစ် မတ်လ ၂၅ ရက်နေ့မှာ တူရကီနဲ့ ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် ပြင်ဆင်လေ့ကျင့်နေပြီဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုက နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားခွင့်ရအောင် အားထုတ်သွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုက “၂၀၂၂ ကမ္ဘာ့ဖလားကို အာရုံအပြည့်အဝစိုက်ထားပါတယ်။ ပေါ်တူဂီကို ကိုယ်စားပြုကစားရတာ အမြဲတမ်းဂုဏ်ယူစရာပါ။ မလွယ်ကူဘူးဆိုတာကို ကျွန်တော်တို့ […]

ကို.ဗ.စ်က လူမရွေးတာ သိသွားတဲ့ နယ်သာလန်နည်းပြကြီး လူဝစ်ဗန်ဂါးလ်

March 22, 2022 Ko zaw 0

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြကြီးဖြစ်တဲ့ မန်ယူနည်းပြဟောင်းကြီး လူးဝစ်ဗန်ဂါးလ်ဟာ ကို.ဗ.စ် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး တစ်ရက်အကြာမှာပဲ ကို.ဗ.စ်ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဒိန်းမတ်နဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်မီ သီခြားခွဲနေထိုင်ရတော့မှာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ လာမယ့် စနေ့ညနဲ့ အင်္ဂါညတွေမှာ ဒိန်းမတ်နဲ့ ဂျာမနီတို့ကို အိမ်ကွင်းအမ်စတာဒမ်မှာ ခြေစမ်းပွဲလက်ခံကစားမှာဖြစ်ပါတယ်။ မနေ့(တနင်္လာနေ့)က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗန်ဂါးလ်က […]

No Image

ပြိုင်ဘက်တွေရှေ့သွားပြီး ငယ်ပါနေရာကို လက်နဲ့ပြခဲ့လို့ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျူလီယန်ကွီနိုနက်စ်

March 21, 2022 Ko zaw 0

ကိုလံဘီယာတိုက်စစ်မှူး ဂျူလီယန်ကွီနိုနက်စ် ဟာသူ့အသင်းအတ္တလက်စ်အတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ သူရဲကောင်း ဖြစ်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုဘဲ ဟီးရိုးဘဝကနေ ဇီးရိုးဘဝကိုရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ တနင်္ဂနွေနေ့ က မက္ကဆီကိုလိဂ်ပွဲမှာ သူ့အသင်းအတွက်နောက်ဆုံးမိနစ်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ပြိုင်ဘက်တွေရှေ့သွားပြီး ငယ်ပါနေ ရာကို လက်နဲ့ပြခဲ့လို့ ထုတ်ပယ်ခံလိုက်ရတာပါ။ သူ့အသင်း အတ္တလက်စ်ဟာ ချီဗက်စ်နဲ့တွေ့တဲ့ပွဲမှာ ဧည့်သည်ချီဗက်စ် က […]

အသည်းအသန်ရုန်းကန်ရမယ့်အနေအထားမျိုးမှာ ကမ္ဘာပတ်ပြီးအနားယူနေကြလို့ ယူနိုက်တက်တစ်သင်းလုံးကို ဂယ်ရီနဗီးလ်ဝေဖန်

March 21, 2022 Ko zaw 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်ကထွက်ခဲ့ရပေမယ့် နည်းပြရန်နစ်ခ်နဲ့ကစားသမားတွေဟာ လိဂ်ပွဲစဉ်တွေ ခဏရပ်နားထားချိန်မှာ ကမ္ဘာပတ်ပြီးတော့အနားယူနေကြတာကြောင့် ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ အက်သလက်တီကိုအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရပြီး FA ဖလားပွဲနဲ့ နိုင်ငံတကာပွဲတွေကြောင့် (၁၈)ရက်လောက်အနားရတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေပြုလုပ်ရမယ့်အစား အသင်းပိုင်ရှင်ဂလေဇာမိသားစုဝင်အေဗရန်ဂလေဇာ၊ နည်းပြရန်နစ်ခ်အပါအဝင် ကစားသမားတွေဟာ တပျော်တပါးကြီး ကိုယ်ကြိုက်တဲ့နေရာမှာ အပန်းဖြေအနားယူနေကြတာဖြစ်ပြီး အဲဒီအတွက် […]

ဂါလက်ဂါရဲ့ ခြေစွမ်းကို ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့ကြတဲ့ စီးရီးအေ ထိပ်သီး ကလပ်များ

March 21, 2022 Ko zaw 0

ချဲလ်ဆီးမှ ပဲလေ့စ်သို့ အငှားဖြင့်သွားရောက် ကစားနေတဲ့ ကော်နာဂါလက်ဂါကို အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ ဂါလက်ဂါအတွက် အီတလီအသင်းများက ဘောလုံးကင်းထောက်များခေါ်ပြီး စောင့်ကြည့်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်လေး ကော်နာဂါလက်ဂါကို ခရစ်စ္စတယ်ပဲလေစ့်အသင်းထံ တစ်ရာသီ အငှားစေလွှတ်ထားခဲ့ပါတယ်။ သူဟာလူငယ်ကစားသမားလေး ဆိုပေမဲ့ သူ့ရဲ့ ထက်မြက်တဲ့ခြေစွမ်းတွေကြောင့် […]

စပါးကို လိုက်တုရင် ပိုက်ဆံတောင်လိုပုံပေးရမယ်လို့ သတိပေးခံရတဲ့ ယူနိုက်တက်

March 21, 2022 Ko zaw 0

ယူနိုက်တက်ရဲ့ အိုးထရက်ဖိုဒ့်ကွင်းကို ဖြိုချပြီး ကွင်းသစ် ပြန်တည်ဆောက်မယ်ဆိုရင် ပေါင် ၁.၅ ဘီလျံ ကုန်ကျမှာဖြစ်ကြောင်း အကြံပေးအဖွဲ့က မန်ချက်စတာ ကလပ်ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါဟာ ပေါင် ၁.၁ ဘီလျံထိ ကုန်ကျခဲ့တဲ့ စပါးအသင်းကွင်းသစ် တည်ဆောက်စရိတ်ထက်ကို ပိုမို ကုန်ကျသွားမှာ ဖြစ်ပါတယ်။ ၁၁၂ […]

ကိန်းနဲ့ ဆွန်အတွဲရဲ့ အတွဲအဖက်ကနေ ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ခဲ့တဲ့ စပါး

March 21, 2022 Ko zaw 0

မနေ့ကတော့ ဆွန်ဟောင်မင် ကိန်း အတွဲအဖက်ကနေစပါးအသင်းဟာ ဝက်စ်ဟမ်း အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ စပါးအသင်းအတွက် ၂၀၂၂ခုနှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် (၂)ပွဲဆက် နိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ စပါး 3-1 ဝက်စ်ဟမ်း ပွဲမှာ ဂိုးသွင်းသူတွေကတော့ (ဇူးမား (og)၉မိနစ် ဆွန်ဟောင်မင် ၂၄မိနစ် ၈၈မိနစ်) […]

နည်းပြတစ်ယောက်အနေနဲ့ရော ၊ ပရိသတ်တစ်ဦးအနေနဲ့ပါ ဒီနိုင်ပွဲကို အောင်ပွဲခံသွားမှာပါ – ဇာဗီ

March 21, 2022 Ko zaw 0

ဘာစီလိုနာနည်းပြအနေနဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပထမဆုံးအကြိမ် သွ ားရောက်ယှဥ်ပြိုင်ရတဲ့ ပွဲစဥ်မှာပဲ ဇာဗီက ရီးရဲမက်ဒရစ်ကို ( ၄-၀ ) ရလာဒ်နဲ့ အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဥ်အပြီးမှာ သူက လုံးဝ ပျော်ရွှင်နေပြီး “ ဒီနိုင်ပွဲက ဘာစီလိုနာအတွက် အရမ်းကို အဓိပ္ပာယ်ရှိတာကြောင့် […]