
စီရော်နယ်ဒိုပို့စ်ကြောင့် လက်စတာနဲ့ပွဲမှာသူမပါနိုင်တဲ့အပေါ်ပဟေဠိဖြစ်နေကြတဲ့ မန်ယူပရိသတ်များ
လက်စတာနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲမှာမန်ယူအသင်းရဲ့လူစာရင်းမှာ စီရော်နယ်ဒိုမပါနိုင်ခဲ့တာဟာ ဖျားနေတာကြောင့်လို့နည်းပြရန်းနစ်ခ် ကဆိုခဲ့ပေမယ့် ဒီပွဲလွဲပြီးနောက်ပထမဆုံးအကြိမ်အဖြစ်သူတင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်ကြောင့် သူလွဲချော်ခဲ့တာကိုအားလုံးက ပဟေဠိဖြစ်နေကြတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုမပါခဲ့တဲ့မန်ယူဟာ အိမ်ကွင်းမှာ လက်စတာနဲ့ ၁-၁ သရေကျခဲ့လို့သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ အဲဒီပွဲမတိုင်ခင်မှာ နည်းပြရန်းနစ်ခ်က စီရော်နယ်ဒိုထံမှာ တုပ်ကွေးရောဂါလက္ခဏာတွေ တွေ့ခဲ့လို့ လက်စတာနဲ့ပွဲကိုပါဝင်နိုင်မှာမဟုတ်ဘူးလို့ […]