
၁၀ နှစ်အတွင်း ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ဂိုးရရေးကြိုးပမ်းမှု ဇီးရိုးဖြစ်တဲ့ ပထမဆုံအသင်းဖြစ်လာတဲ့ အက်သလက်တီကို
မန်စီးတီးနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ အက်သလက်တီကိုရဲ့ကစားကွက်အခင်းအကျင်းမှာ ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေကြား အတော်လေးပြောစရာဖြစ်နေပါတယ်။ ၁၆ သင်းအဆင့်မှာ မန်ယူကို ကျော်ဖြတ်လာခဲ့တဲ့ အက်သလက်တီကိုနည်းပြဆီမြွန်နီဟ နောက်ထပ်မန်ချက်စတာတစ်သင်းနဲ့ တွေ့ဆုံမှုမှာတော့ လုံးဝကို ဘတ်စ်ကားပိတ်ခဲ့တာပါ။ အဲဒီပွဲမှာ အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ ၅-၅-၀ အခင်းအကျင်းကို အသုံးပြုခဲ့တာလို့ ပရိသတ်တွေဟာ ပုံတွေနဲ့တကွထောက်ပြကြပါတယ်။ ဒုတိယအကျော့က မက်ဒရစ်မှာဆိုတော့ ဆီမြွန်နီဟာ မန်ချက်စတာမြေမှာ […]