
စီရော်နယ်ဒိုဟာ Bugatti အမျိုးအစားနာရီတစ်လုံးအတွက်
အမေရိကန်ဒေါ်လာတစ်သန်းကျော်တောင် သုံးစွဲခဲ့ပါတယ်။
အဲဒီနာရီဟာ ၂၀၂၂ ထဲမှာ ဈေးအကြီးဆုံးနာရီတွေထဲကက တစ်လုံးဖြစ်ကာ
သူ့ရဲ့ Bugatti Chiron ဟိုက်ပါကားနဲ့ အသွင်အပြင်ကိုက်ညီတဲ့နာရီလည်းဖြစ်တာပါ။
ဟိုက်ပါကား(hypercar) ဆိုတာ ကမ္ဘာတစ်ဝန်းဈေးကွက်ထဲမှာ
အကောင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးကားတွေကိုသာ ရည်ညွန်းတာဖြစ်ပြီး
ကမ္ဘာ့ကားဈေးကွက်မှာ အဲဒီကားအရေအတွက်က ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။
ပြင်သစ်မှာ အခြေစိုက်တဲ့ Bugatti ကားကုမ္ပဏီဟာ
နောက်ထပ်ကုမ္ပဏီတစ်ခုနဲပူပေါင်းပြီး သူတို့ကားနဲ့သက်ဆိုင်တဲ့
တန်ဖိုးအကြီးဆုံးနာရီတွေကိုလည်း ထုတ်လုပ်တာပါ။
စီရော်နယ်ဒိုအခုဝယ်လိုက်တဲ့ Bugatti နာရီထဲမှာ
သူ့ရဲ့ Chiron ဟိုက်ပါကားက ပုံစံတူအင်ဂျင်အငယ်စားလည်း ပါဝင်ပါတယ်။
အဲဒါကို စိန်ပေါင်း ၂၃၂ ခုအပြင် အမည်းရောင်နီလာ ၁၀၉ ခုနဲ့ စီခြယ်ထားပြီး
ကျောက်မျက်ပါဝင်မှုစုစုပေါင်းက ၂၁ ကာရတ်ရှိတာပါ။
ဒါ့အပြင် အဲဒီနာရီမှာလည်း သူ့ရဲ့ CR7 အမှတ်တံဆိပ်ကို ထည့်သွင်းထားပါတယ်။
ဒါကြောင့်လည်း အဲဒီပေါ်တူဂီစူပါစတားဟာ နာရီတစ်လုံးအတွက်
အမေရိကန်တစ်သန်းကျော်တောင် ကုန်ကျခဲ့တာပါ။
စီရော်နယ်ဒိုဟာ တန်းဖိုးကြီးနာရီပေါင်းများစွာကို ပိုင်ဆိုင်ပြီး
သူ့ဆီမှာ Hublot၊ Rolex နဲ့ Richard Mile လို့ ကမ္ဘာကျော် brand တွေလည်း ရှိပါတယ်။
အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes ရဲ့အဆိုအရ ၂၀၂၁ မှာ စီရော်နယ်ဒိုဟာ
UFC ကြယ်ပွင့်ဟောင်းမက်ဂရီဂေါ်၊ မက်ဆီတို့နဲ့အတူ
အကြွယ်ဝဆုံးအားကစားသမား ၃ ယောက်ထဲမှာ ပါဝင်တာပါ။
zawgyi
Bugatti အမျိုးအစားနာရီတစ်လုံးအတွက် အမေရိကန်ဒေါ်လာတစ်သန်းကျော်တောင် သုံးစွဲခဲ့တဲ့ စီရော်နယ်ဒို