
မက်ဆီမှာ အနေအေးသူအဖြစ် လှည့်စားထားသူပြီး အလွန်ရိုင်းစိုင်းသူဖြစ်ကြောင်း ဒူးဒက် စွပ်စွဲပြောကြား
လီဗာပူးဂိုးသမားဟောင်းဂျာဇီဒူးဒက်ကလီယွန်နယ်မက်ဆီမှာ အနေအေးသူအဖြစ်လူအများထင်မှတ်လာအောင်လှည့်စားထားသူပြီး အလွန်ရိုင်းစိုင်းသူဖြစ်ကြောင်းစွပ်စွဲပြောကြားခဲ့ပါတယ်။ ဒူးဒက်ဇ်ဟာလီဗာပူးတွင်ကစားပြီးနောက် ရီးရဲလ်မက်ဒရစ်တွင် အရန်ဂိုးသမားအဖြစ်လေးနှစ်တိုင်တိုင်ကစားခဲ့ဖူးပါတယ်။ သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်အတွင်းဘာစီလိုနာနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပါတယ်။ဒူးဒက်ဇ်ဟာသူ့ရဲ့အတ္ထုပ္ပတ္တိစာအုပ်အတွင်းတွင် မက်ဆီနှင့်ဂွါဒီယိုလာတို့နှစ်ဦးလုံးမှာတစ်ဖက်ကို ရန်စတတ်သူဖြစ်ကြောင်းစွပ်စွဲခဲ့တာဖြစ်ပါတယ်။ ၎င်းက “သူကလှည့်စားတယ်။ရန်စတတ်တယ်။ ဘာစီလိုနာနဲ့ပက်ဂွါဒီယိုလာတို့နဲ့အတူတူပဲ။ခင်ဗျားကိုသူတို့က ရန်စဖို့အမြဲအသင့်ဖြစ်နေတယ်။အပြည့်စုံဆုံလုပ်တတ်တယ်။ ဟိုဆေးမော်ရင်ဟိုနဲ့တစ်သင်းလုံးတော်တော်ခံခဲ့ရတယ်။ ပီပီနဲ့ရာမို့စ်ကို မက်ဆီ ပယ်ပယ်နယ်နယ်ဆဲနေတာမြင်ခဲ့ရတယ်။ သူ့ကို အေးအေးချမ်းချမ်းနေတတ်ပြီးလူကောင်းတစ်ယောက်ထင်ထားတော့ ဒီလိုဖြစ်မယ်လို့မထင်ဘူး”လို့ရေးသားခဲ့ပါတယ်။ မက်ဆီဟာဘာစီလိုနာတွင်ကစားစဉ်အတွင်းရီးရဲလ်မက်ဒရစ်နှင့် ၄၅ကြိမ်ရင်ဆိုင်ခဲ့ရာမှာ၂၆ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။ မက်ဆီနဲ့ရာမို့စ်တို့ဟာအယ်ကလက်စီပွဲများတွင်ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ခဲ့ကြပေမယ့်ယခုအခါပီအက်စ်ဂျီတွင်အတူကစားလျက်ရှိပါတယ်။ […]