ချဲလ်ဆီးတွင် ၁၇ နှစ်ကြာအတွင်း ၂ ပွဲတည်းသာ ကစားရပြီး အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ အမေ့ခံကစားသမား

အမေ့ခံလူသားလူးဝစ်ဘာကာချဲလ်ဆီးတွင်၁၇နှစ်ကြာကစားပြီးနောက်

စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာကာစတုတ်စီးတီးသို့

အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိအလယ်တန်းကစားသမားဘာကာဟာ

အနောက်လန်ဒန်ကလပ်တွင်ကစားတဲ့ဆယ်စုနှစ်နှစ်ခုနီးပါးကာလအတွင်းတွင်

ပထမအသင်းအတွက်၂ပွဲတည်းသာကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ဘာကာဟာ၂၀၀၅ခုနှစ်တွင်အသက်၉နှစ်အရွယ်မှာ

ချဲလ်ဆီးသို့ရောက်လာခဲ့သူဖြစ်ပြီးလူငယ်အသင်းများတွင်ကစားခဲ့ပါတယ်။

၂၀၁၃-၁၄ရာသီမှာသူဟာချဲလ်ဆီးရဲ့တစ်နှစ်တာ

အကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာအလားအလာကောင်းများပိုင်ဆိုင်တဲ့ကစားသမားတစ်ဦးအဖြစ်

သတ်မှတ်ခြင်းခံခဲ့ရပေမဲ့ချဲလ်ဆီးအတွက်

အက်ဖ်အေဖလားပွဲနှစ်ပွဲတည်းသာကစားခဲ့ရပါတယ်။

ပထမပွဲမှာလွန်ခဲ့တဲ့ရှစ်နှစ်၂၀၁၄ခုနှစ်တုန်းကဒါဘီကောင်တီနှင့်ပွဲမှာဖြစ်ပြီး

ကျန်တစ်ပွဲမှာပြီးခဲ့တဲ့အပတ်တုန်းက

ချက်စတာဖီးလ်နှင့်ပွဲမှာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘာကာဟာချဲလ်ဆီးတွင်ကစားစဉ်အတွင်းရှစ်ကြိမ်တိုင်တိုင်

အငှားဖြင့်ထွက်ခွာကစားခဲ့ပြီး ရှက်ဖီးလ်ဝင်းနက်စ်ဒေး၊အမ်ကေဒွန်း၊

မစ်ဒယ်ဘရော့၊လိဒ်နှင့်ရီးဒင်းတို့ဖြစ်ပါတယ်။

နိုင်ငံခြားသို့အငှားဖြင့်သွားရောက်ကစားမှုအဖြစ်

ဒတ်ချ်ကလပ်ဗီဆက်စ်ဆီသို့၂ကြိမ်သွားကစားပြီး

ဂျာမနီကလပ်ဖော်ကျူနာဒူဆယ်ဒေါ့ဖ်နှင့်

တူရကီကလပ်ထရာဇွန်စပေါ်သို့သွားကစားခဲ့ပါတယ်။

နည်းစနစ်ပိုင်းကြွယ်ဝတဲ့အလယ်တန်းကစားသမားဟာ

ယခုဇန်နဝါရီတွင်စတုတ်စီးတီးသို့ရောက်လာတဲ့

သုံးဦးမြောက်ကစားသမားဖြစ်လာပါတယ်။

zawgyi

ခ်ဲလ္ဆီးတြင္ ၁၇ ႏွစ္ၾကာအတြင္း ၂ ပြဲတည္းသာ ကစားရၿပီး အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္တဲ့ အေမ့ခံကစားသမား

အေမ့ခံလူသားလူးဝစ္ဘာကာခ်ဲလ္ဆီးတြင္၁၇ႏွစ္ၾကာကစားၿပီးေနာက္

စတမ္းဖို႔ဒ္ဘရစ္ခ်္မွထြက္ခြာကာစတုတ္စီးတီးသို႔

အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိအလယ္တန္းကစားသမားဘာကာဟာ

အေနာက္လန္ဒန္ကလပ္တြင္ကစားတဲ့ဆယ္စုႏွစ္ႏွစ္ခုနီးပါးကာလအတြင္းတြင္

ပထမအသင္းအတြက္၂ပြဲတည္းသာကစားခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

ဘာကာဟာ၂၀၀၅ခုႏွစ္တြင္အသက္၉ႏွစ္အ႐ြယ္မွာ

ခ်ဲလ္ဆီးသို႔ေရာက္လာခဲ့သူျဖစ္ၿပီးလူငယ္အသင္းမ်ားတြင္ကစားခဲ့ပါတယ္။

၂၀၁၃-၁၄ရာသီမွာသူဟာခ်ဲလ္ဆီးရဲ႕တစ္ႏွစ္တာ

အေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာအလားအလာေကာင္းမ်ားပိုင္ဆိုင္တဲ့ကစားသမားတစ္ဦးအျဖစ္

သတ္မွတ္ျခင္းခံခဲ့ရေပမဲ့ခ်ဲလ္ဆီးအတြက္

အက္ဖ္ေအဖလားပြဲႏွစ္ပြဲတည္းသာကစားခဲ့ရပါတယ္။

ပထမပြဲမွာလြန္ခဲ့တဲ့ရွစ္ႏွစ္၂၀၁၄ခုႏွစ္တုန္းကဒါဘီေကာင္တီႏွင့္ပြဲမွာျဖစ္ၿပီး

က်န္တစ္ပြဲမွာၿပီးခဲ့တဲ့အပတ္တုန္းက

ခ်က္စတာဖီးလ္ႏွင့္ပြဲမွာကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဘာကာဟာခ်ဲလ္ဆီးတြင္ကစားစဥ္အတြင္းရွစ္ႀကိမ္တိုင္တိုင္

အငွားျဖင့္ထြက္ခြာကစားခဲ့ၿပီး ရွက္ဖီးလ္ဝင္းနက္စ္ေဒး၊အမ္ေကဒြန္း၊

မစ္ဒယ္ဘေရာ့၊လိဒ္ႏွင့္ရီးဒင္းတို႔ျဖစ္ပါတယ္။

ႏိုင္ငံျခားသို႔အငွားျဖင့္သြားေရာက္ကစားမႈအျဖစ္

ဒတ္ခ်္ကလပ္ဗီဆက္စ္ဆီသို႔၂ႀကိမ္သြားကစားၿပီး

ဂ်ာမနီကလပ္ေဖာ္က်ဴနာဒူဆယ္ေဒါ့ဖ္ႏွင့္

တူရကီကလပ္ထရာဇြန္စေပၚသို႔သြားကစားခဲ့ပါတယ္။

နည္းစနစ္ပိုင္းႂကြယ္ဝတဲ့အလယ္တန္းကစားသမားဟာ

ယခုဇန္နဝါရီတြင္စတုတ္စီးတီးသို႔ေရာက္လာတဲ့

သုံးဦးေျမာက္ကစားသမားျဖစ္လာပါတယ္။