နယူးကာဆယ်ကလိုင်ယွန်မှဘရာဇီးအလယ်တန်းကစားသမား ဘရူနိုဂူမာရေးစ်ကိုခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာလာပါတယ်။ နယူးကာဆယ်ဟာအသက်၂၄နှစ်ရှိကွင်းလယ်ကစားသမားအတွက် ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကြေညာသွားခြင်းမရှိပေမဲ့ ပေါင်၃၃သန်းပေးခဲ့ရပြီး အောင်မြင်မှုအပေါ်မူတည်ကာ ပေါင်၆.၇သန်းပေးရမယ့်အချက်ဖြင့်ခေါ်ယူခဲ့တယ်လို့ယုံကြည်ရပါတယ်။ သူဟာနယူးကာဆယ်နှင့်၂၀၂၆ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂူမာရေးစ်ဟာယခုဇန်နဝါရီတွင်ကီရန်ထရစ်ပီယာ၊ခရစ်ဝုဒ်တို့ပြီးနောက် နယူးကာဆယ်သို့တတိယမြောက်ရောက်လာတဲ့ကစားသမားလည်းဖြစ်ပါတယ်။ ဟိုဝီက “ဘရူနိုမှာစိတ်လှုပ်ရှားစရာကောင်းတဲ့ပါရမီမျိုးရှိပါတယ်။ သူကကျွန်တော်တို့ရဲ့အဓိကပစ်မှတ်တွေထဲကတစ်ဦးပါ။ သူ့ကိုခေါ်ယူနိုင်လို့အရမ်းဝမ်းသာရတယ်။သူကပြင်သစ်မှ ာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်တစ်ဦးလည်းဖြစ်တာကြောင့် ကျွန်တော်တွေသူ့ခြေစွမ်းကြောင့်ပျော်ရမှာပါ”လို့ပြောကြားသွားပါတယ်။ ဂူမာရေးစ်ဟာလိုင်ယွန်တွင်၂နှစ်ကြာကစားလာခဲ့သူဖြစ်ပြီး ပြင်သစ်ကလပ်အတွက်၇၁ပွဲကစားကာ၃ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂူမာရေးစ်ဟာဘရာဇီးအတွက်သုံးပွဲကစားထားသူဖြစ်ပြီး နွေရာသီတုန်းကအိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာနယူးကာဆယ်အသင်းတွင်ကျောနံပါတ်၃၉ကိုဝတ်ဆင်ကစားသွားပါမယ်။ ယင်းကျောနံပါတ်ကဘရာဇီးမှာသူ့ဖခင်မောင်းခဲ့တဲ့တက္ကစီနံပါတ်ဖြစ်ပါတယ်။ နယူးကာဆယ်ဟာယနေ့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ […]