OPPO Reno3 Pro ဖုန်းကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး

0
5306

OPPO ဖုန်းကင်မရာနှင့် ရိုက်ကူးသော မိမိတို့၏ ဓာတ်ပုံ စွမ်းရည်များမှ တစ်ဆင့် မြန်မာနိုင်ငံရှိ ဓာတ်ပုံဝါသနာရှင်များလည်း နိုင်ငံတကာမှ Professional Photographer များ နည်းတူ စွမ်းဆောင် နိုင်ကြောင်းကို ပြသနိုင်ရန် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို OPPO မှ ကျင်းပပေးမည်ဖြစ်ပြီး ဆုလက်ဆောင် အဖြစ် OPPO ၏ အသစ်ထွက်ရှိလာသော ကမ္ဘာ့ပထမဦးဆုံး 44MP+2MP Dual Punch-hole Super AMOLED Display ပါဝင်သည့် Reno3 Pro ကို ချီးမြင့်သွားမည်ဖြစ်သည်။

“ OPPO Gallery Campaign” ခေါင်းစဉ် အောက်တွင် ကျင်းပသွားမည့် ဤ ဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်လိုပါက မည်သည့် ဖုန်းကင်မရာနှင့်မဆို ရိုက်ကူးထားသော ရှုခင်းအလှပုံတို့ကို မိမိ၏ Facebook Account နှင့် OPPO ၏ Official Facebook Page တို့တွင် တင်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ဆုရရှိသူများကို မတ်လ ၂၇ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ပထမဆု ရရှိသူမှာ မတ်လ ၁၉ ရက်နေ့တွင် ဈေးကွက်တွင်း ဝင်ရောက်လာသော စွမ်းအားမြင့် OPPO Reno3 Pro ဖုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကာ ကျန် စကာတင်စာရင်းတွင် ပါဝင်လာသည့် ပြိုင်ပွဲဝင် (၉) ယောက် အတွက် PUBG ကျောပိုးအိတ် (၄) လုံး ၊ OPPO ခေါင်းအုံး (၅) လုံးတို့လည်း ချီးမြှင့်သွားမည် ဖြစ်သည်။ Campaign နှင့် ပတ်သက်သော အချက်အလက်များနှင့် ပြိုင်ပွဲ ဝင်ရောက်နိုင်ပုံတို့ကို အသေးစိတ် သိရှိလိုပါက OPPO ၏ Official Facebook Page ( https://www.facebook.com/oppomyanmar/) တွင် ဝင်ရောက် လေ့လာနိုင်သည်။

(Zawgyi Version)


