အားနည်းသူကို လှောင်ပြောင်ခဲ့တဲ့သားကို ဘေထုတ်ထည်ဝတ်ခိုင်းပြီးအပြစ်ပေးတဲ့မိဘ

0
1569
photo internet

လမ်းမှားနေတဲ့ကလေးတွေကို မိဘနဲ့ အုပ်ထိန်းသူတို့က သူတို့အမှားလေးတွေကိုထောက်ပြပြောဆို လမ်းတည့်ပေးကြမှသာ အရာခပ်သိမ်း နှိုင်းဆနိုင်မှာဖြစ်ပါတယ်။ အခုပြောပြပေးချင်တဲ့ အကြောင်းအရာလေးနဲ့ အဖြစ်ကိုယှဉ် ကြည့်ကာ ကိုယ့်ရဲ့ သားသမီး၊ တူတူမလေးတွေရဲ့ လိုအပ်ချက်တွေရှိနေလည်း အတုယူပြုပြင်ပေးလို့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးမိဘရဲ့ ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့မှသာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းပြီး အလုပ်အကိုင်လုပ်ကိုင်ရမယ့်အရွယ်ရောက်ခဲ့ရင်လည်း ထိန်းသိမ်းပြောဆိုတတ်တော့မှာဖြစ်ပါတယ်။ အခုပြောပြချင်တဲ့သတင်းအရဆိုရင် မိခင်ဖြစ်သူဟာသားဖြစ်သူရဲ့ နွမ်းပါးတဲ့သူတွေအပေါ် လှောင်ပြောင်ပြောဆိုလိုက်တဲ့အတွက်ကြောင့် သားဖြစ်သူကို အပြစ်ပေးတဲ့အနေနဲ့ မိခင်ဟာ ငွေတစ်ပြားမှမထုတ်ပေးဘဲ ကိုယ့်ကိုယ်ပိုင်ပိုက်ဆံနဲ့ဘေထုတ်ထည်တွေကို တစ်ပတ်တိတိ ဝတ်ဖို့အတွက် ဝယ်စေခဲ့ပါတယ်။

photo internet

ဒီအဖြစ်အပျက်ကိုတွေ့ခဲ့ရတဲ့အကောင့်ပိုင်ရှင်ကတော့ Cierra Brittany Forney ဆိုတဲ့ ပိုင်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ အဓိက သရုပ်ဆောင်ကတော့သူမရဲ့သားဖြစ်သူ ၁၃ နှစ်သားလေးဟာ ကြီးစကောင်ဝင်ချိန်ရောက်လာစမှာပဲ သူ့ရဲ့ အတွေးတွေဟာ ကြီးကြီးကျယ်ကျယ် နဲ့ ခွဲခြားဆက်ဆံတတ်တဲ့ ပုံစံနဲ့ အပြုအမူတွေရှိတာကို မိခင်ဖြစ်သူကတွေ့လာခဲ့တာကြောင့် လွှတ်ထားဖို့မဖြစ်နိုင်ဘူးလို့တွေးပြီး ပညာပေးခဲ့တာပဲဖြစ်ပါတယ်။ သားဖြစ်သူဟာ သူငယ်ချင်းတွေကိုဘယ်လိုဝတ်လာတယ်၊ ဘယ်လို လိုအမျိုးအစားအဝတ်အစားတွေဖြစ်တယ်ဆိုတာမျိုးတွေပြောပြီးနှိမ့်ချဆက်ဆံတတ်လာတာတွေကြောင့် သူများတွေအပေါ် အထင်သေးပြီး၊နှိမ့်ချပြောထားတဲ့သားရဲ့ စကားအတိုင်း ဘေထုတ်ထည်တွေကို သားကိုယ်တိုင်သွားဝယ်စေပြီး တစ်ပတ်တိတိ ဝတ်ခိုင်းပြီးအပြစ်ပေးခဲ့တယ်လို့ဆိုပါတယ်။ သားဖြစ်သူရဲ့ တစ်ဖက်လူအပေါ်ပြောဆိုချက်တွေဟာ မောက်မာတဲ့စိတ်ထားတွေနဲ့ပြောခဲ့တာကြောင့် မိခင်ဖြစ်သူဟာ လက်မခံနိုင်အောင်ဖြစ်ခဲ့လို့ အခုလို အပြစ်ပေးတာမျိုးကိုလုပ်စေခဲ့တာဖြစ်ပါတယ်။

photo internet

မိခင်ဖြစ်သူရဲ့ အပြစ်ပေးချက်အတိုင်းနေထိုင်စားသောက်ဖို့အတွက် ကိုယ်ပိုင်စုဗူးလေးကိုဖောက်ပြီး၊ ဒေါ်လာ ၂၀လောက်သုံးစေခဲ့ပါတယ်။ ရသလောက်အဝတ်တွေဝယ်ယူပြီး တစ်ပတ်လုံးကို ဘေထုတ်အထည်တွေနဲ့ပဲကျောင်း တက်စေခဲ့ပါတယ်။ သားဖြစ်သူကြီးလာတဲ့အချိန် ၁၅နှစ်လောက်ကြာလာတဲ့အချိန်မှာတော့ မိခင်ရဲ့ လုပ်ရပ်ဟာ မှားလားမှန်လား ဆိုတာ ပိုပြီးသိလာနိုင်မှာဖြစ်ပါတယ်။ ဖတ်မိသူတိုင်း အတွက်တော့ မိခင်ဖြစ်သူရဲ့ လုပ်ရပ်ဟာ မှန်တယ်လို့ ပြောချင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ရော ဒီလိုအဖြစ်မျိုးတွေနဲ့ ကြုံလာတာမျိုးရှိခဲ့ရင် ဘယ်လိုဖြေရှင်းကြမလဲသိချင်မိပါတယ်။ မိခင်တစ်ယောက်အဖြစ် ပဲ့ပြင်ဆုံးမတာဟာ နည်းလမ်းကျဖို့ကအရေး ကြီးပါတယ်။ ဒါကြောင့် တစ်ဖက်လူကို ချမ်းသာတိုင်းလည်းမြှောက်စားပြီးမပေါင်းသင်းစေချင်သလို၊ နွမ်းပါးနိမ့်ကျတဲ့သူဆိုရင်လည်း နှိမ့်ချ ဆက်ဆံပြောဆိုတာမျိုးကို မလုပ်မိကြစေဖို့ သတိပေးပြောပြချင်ပါတယ်။

photo internet

(Zawgyi Version)

အားနည္းသူကို ေလွာင္ေျပာင္ခဲ့တဲ့သားကို ေဘထုတ္ထည္၀တ္ခိုင္းၿပီးအျပစ္ေပးတဲ့မိဘ

လမ္းမွားေနတဲ့ကေလးေတြကို မိဘနဲ႔ အုပ္ထိန္းသူတို႔က သူတို႔အမွားေလးေတြကိုေထာက္ျပေျပာဆိုလမ္းတည့္ေပးၾကမွသာ အရာခပ္သိမ္း ႏိႈင္းဆနိုင္မွာျဖစ္ပါတယ္။ အခုေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလးနဲ႔ အျဖစ္ကိုယွဥ္ ၾကည့္ကာ ကိုယ့္ရဲ႕ သားသမီး၊ တူတူမေလးေတြရဲ႕ လိုအပ္ခ်က္ေတြရွိေနလည္း အတုယူျပဳျပင္ေပးလို႔ရမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳးမိဘရဲ႕ ဆံုးမမႈေအာက္မွာ ႀကီးျပင္းလာခဲ့မွသာ အဖြဲ႕အစည္းေတြနဲ႔ ေပါင္းစည္းၿပီး အလုပ္အကိုင္လုပ္ကိုင္ရမယ့္အရြယ္ေရာက္ခဲ့ရင္လည္း ထိန္းသိမ္းေျပာဆိုတတ္ေတာ့မွာျဖစ္ပါတယ္။ အခုေျပာျပခ်င္တဲ့သတင္းအရဆိုရင္ မိခင္ျဖစ္သူဟာသားျဖစ္သူရဲ႕ ႏြမ္းပါးတဲ့သူေတြအေပၚ ေလွာင္ေျပာင္ေျပာဆိုလိုက္တဲ့အတြက္ေၾကာင့္ သားျဖစ္သူကို အျပစ္ေပးတဲ့အေနနဲ႔ မိခင္ဟာ ေငြတစ္ျပားမွမထုတ္ေပးဘဲ ကိုယ့္ကိုယ္ပိုင္ပိုက္ဆံနဲ႔ေဘထုတ္ထည္ေတြကို တစ္ပတ္တိတိ ၀တ္ဖို႔အတြက္ ၀ယ္ေစခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကိုေတြ႔ခဲ့ရတဲ့အေကာင့္ပိုင္ရွင္ကေတာ့ Cierra Brittany Forney ဆိုတဲ့ ပိုင္ရွင္ပဲျဖစ္ပါတယ္။ ဒီဇာတ္လမ္းေလးရဲ႕ အဓိက သရုပ္ေဆာင္ကေတာ့သူမရဲ႕သားျဖစ္သူ ၁၃ ႏွစ္သားေလးဟာ ႀကီးစေကာင္၀င္ခ်ိန္ေရာက္လာစမွာပဲ သူ႔ရဲ႕ အေတြးေတြဟာ ႀကီးႀကီးက်ယ္က်ယ္ နဲ႔ ခြဲျခားဆက္ဆံတတ္တဲ့ ပံုစံနဲ႔ အျပဳအမူေတြရိွတာကို မိခင္ျဖစ္သူကေတြ႔လာခဲ့တာေၾကာင့္ လႊတ္ထားဖို႔မျဖစ္နိုင္ဘူးလို႔ေတြးၿပီး ပညာေပးခဲ့တာပဲျဖစ္ပါတယ္။ သားျဖစ္သူဟာ သူငယ္ခ်င္းေတြကိုဘယ္လို၀တ္လာတယ္၊ ဘယ္လုိ လိုအမ်ိဳးအစားအ၀တ္အစားေတြျဖစ္တယ္ဆိုတာမ်ိဳးေတြေျပာၿပီးႏွိမ့္ခ်ဆက္ဆံတတ္လာတာေတြေၾကာင့္ သူမ်ားေတြအေပၚ အထင္ေသးၿပီး၊ႏွိမ့္ခ်ေျပာထားတဲ့သားရဲ႕ စကားအတိုင္း ေဘထုတ္ထည္ေတြကို သားကိုယ္တိုင္သြား၀ယ္ေစၿပီး တစ္ပတ္တိတိ ၀တ္ခိုင္းၿပီးအျပစ္ေပးခဲ့တယ္လို႔ဆိုပါတယ္။ သားျဖစ္သူရဲ႕ တစ္ဖက္လူအေပၚေျပာဆိုခ်က္ေတြဟာ ေမာက္မာတဲ့စိတ္ထားေတြနဲ႔ေျပာခဲ့တာေၾကာင့္ မိခင္ျဖစ္သူဟာ လက္မခံႏိုင္ေအာင္ျဖစ္ခဲ့လို႔ အခုလို အျပစ္ေပးတာမ်ိဳးကိုလုပ္ေစခဲ့တာျဖစ္ပါတယ္။

မိခင္ျဖစ္သူရဲ႕ အျပစ္ေပးခ်က္အတိုင္းေနထိုင္စားေသာက္ဖို႔အတြက္ ကိုယ္ပိုင္စုဗူးေလးကိုေဖာက္ၿပီး၊ ေဒၚလာ ၂၀ေလာက္သံုးေစခဲ့ပါတယ္။ ရသေလာက္အ၀တ္ေတြ၀ယ္ယူၿပီး တစ္ပတ္လံုးကို ေဘထုတ္အထည္ေတြနဲ႔ပဲေက်ာင္းတက္ေစခဲ့ပါတယ္။ သားျဖစ္သူႀကီးလာတဲ့အခ်ိန္ ၁၅ႏွစ္ေလာက္ၾကာလာတဲ့အခ်ိန္မွာေတာ့ မိခင္ရဲ႕ လုပ္ရပ္ဟာ မွားလားမွန္လား ဆိုတာ ပိုၿပီးသိလာႏိုင္မွာျဖစ္ပါတယ္။ ဖတ္မိသူတိုင္း အတြက္ေတာ့ မိခင္ျဖစ္သူရဲ႕ လုပ္ရပ္ဟာ မွန္တယ္လို႔ ေျပာခ်င္ပါတယ္။ မိတ္ေဆြတို႔အေနနဲ႔ေရာ ဒီလိုအျဖစ္မ်ိဳးေတြနဲ႔ ႀကံဳလာတာမ်ိဳးရွိခဲ့ရင္ ဘယ္လိုေျဖရွင္းၾကမလဲသိခ်င္မိပါတယ္။ မိခင္တစ္ေယာက္အျဖစ္ ပဲ့ျပင္ဆံုးမတာဟာ နည္းလမ္းက်ဖို႔ကအေရးႀကီးပါတယ္။ ဒါေၾကာင့္ တစ္ဖက္လူကို ခ်မ္းသာတိုင္းလည္းေျမွာက္စားၿပီးမေပါင္းသင္းေစခ်င္သလို၊ ႏြမ္းပါးနိမ့္က်တဲ့သူဆိုရင္လည္း ႏွိမ့္ခ် ဆက္ဆံေျပာဆိုတာမ်ိဳးကို မလုပ္မိၾကေစဖို႔ သတိေပးေျပာျပခ်င္ပါတယ္။