အံ့သြစရာလူဖြူများ

0
2175
photo internet

လူဖြူဆိုတာနဲ့ လူဖြူလူမည်းကွဲပြားနေတာတွေကို ပြောတာမဟုတ်ပါဘူး။ သူများတွေနဲ့ မတူတဲ့ဆဲလ်တွေနဲ့ထင်ရှားနေ တဲ့လူတွေထဲကမှ သူတို့ညီအစ်မအကြောင်းလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်။ အဲဒိလိုမျိုးလူတွေဟာ သူတို့မွေးဖွားတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ albinism နဲ့ မွေးဖွားလာကြတာဖြစ်ပါတယ်။ မွေးဖွားသူအယောက်၃၀၀၀ မှာ ၁ယောက်ဖြစ်တတ်တဲ့ Albinism ဟာ ဆံပင် ၊အသားအရည်ကစပြီး၊ခေါင်းအစခြေအဆုံးတွေမှာ ရောင်ခြယ်ဆဲလ်တွေမရှိဘဲ တစ်ကိုယ်လုံးဖြူဆွတ်နေတာကို ခေါ်တာဖြစ်ပါတယ်။ အခုပြောပြမယ့် ညီအစ်မနှစ်ယောက်ဟာဆိုရင် ကာဇက်ခ်စတန်မှာနေတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်လေးတွေကတော့ အေဆဲလ်နဲ့ ကာမီလာလို့ခေါ်ပါတယ်။

photo internet

သူတို့ညီအစ်မနှစ်ယောက်စလုံးဟာ မိသားစုတစ်စုတည်းကပဲ မွေးဖွားလာတာ ဖြစ်ပြီးတစ်ယောက်နဲ့ တစ်ယောက် အသက် (၁၂)နှစ်ကွာတယ်လို့သိရပါတယ်။ ကာမီလာက ၂နှစ်သမီးလေးဖြစ်ပြီး၊ အစ်မဖြစ်သူအေဆဲလ်ကတော့ ၁၄နှစ် ရှိနေပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အလယ်မှာတော့ အယ်လ်ဒီယာလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။ သူကတော့ အသက်၈နှစ်အရွယ်ရှိနေတဲ့ကောင်လေးဖြစ်ပြီး၊ မောင်နှမ၃ ယောက်ထဲမှာမှ သူကတော့ ညီအစ်မနှစ်ယောက်နဲ့ မတူတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့မိသားစုကိုတွေ့တဲ့သူတိုင်းဟာ အံ့သြခြင်းများစွာနဲ့ အမြဲတမ်းဖြစ်ခဲ့ကြပါတယ်လို့ဆိုပါတယ်။ အေဆဲလ်ဟာ သူမအသက်၁၀နှစ်ကတည်းက မော်ဒယ်အလုပ်ကို စလုပ်ခဲ့တာဖြစ်ကြောင်းသိရပြီး၊ တခြားသူတွေနဲ့ မတူတဲ့ မော်ဒယ်လေးကို ပိုပြီးစိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။

photo internet

ဒါပေမယ့် အေဆဲလ်အတွက် အားငယ်ချင်တဲ့စိတ်ဟာ သူ့ကိုဝန်းရံထားတဲ့ သူတွေများလာတဲ့ သူမအင်စတာဂရမ်ပေါ်မှာဆိုရင် လူပေါင်းများစွာရှိနေတယ်လို့ဆိုပါတယ်။ အခုဆိုရင်တော့ ညီမလေးကာမီလာကလည်း သူ့အစ်မလိုပဲ Albino ဖြစ်နေတာကြောင့် ဝန်းရံသူတွေပိုများကြောင်းဆိုပါတယ်။ အေဆဲလ်မွေးစတုန်းကဆိုရင် ဖခင်ဖြစ်သူ ကာဇက်ခ်စတန်သားမဟုတ်ဘဲ ရုရှားဖြစ်မယ်လို့ထင်နေကြတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့်အငြင်းအခုန်ဖြစ်တဲ့အထိဖြစ်ခဲ့ကြပါတယ်။

photo internet

မိခင်ဖြစ်သူ အီမန် ကတော့ သူမရဲ့ ဘိုးဘေးတွေလက်ထက်မှာတော့ albino ပါသူတွေရှိခဲ့ဖူးကြောင်းသိရပါတယ်။ ဒီလိုမျိုးဖြစ်တဲ့သူတွေဟာ အရေပြားကလည်းဖြူဖွေးနေပြီး မျက်လုံးနဲ့ အသားအရည်ကိုလည်း နေရောင်ခြည်မထိအောင် ရှောင်ဖို့သတိထားနေထိုင်ရကြောင်းနဲ့အဲဒီလို သတိမထားဘူး၊မရှောင်ဘူးဆိုတဲ့အချိန်တွေနဲ့ ကြုံလာခဲ့ပါကလည်း အသားအရည်ဟာ ပျက်စီးဖို့လွယ်ကူနေကြောင်းဆိုပါတယ်။ သူတို့ညီအစ်မနှစ်ယောက်ကလည်း အမြဲတမ်းကာကွယ်မှုတွေလုပ်ရပါတယ်လို့ဆိုပါတယ်။ ဘာတွေလုပ်ရတာလဲဆိုတာပြောပြရရင် တစ်ခါတလေ အပြင်ကို ထွက်မယ်ဆိုတဲ့အခါမျိုးမှာတော့ နေရာင်ကာခရင်မ်ကိုလိမ်းပြီး၊ အသားအရည်ကိုနေရောင်မထိအောင် အဝတ်အစားကိုလည်း ဂရုစိုက်ပြီးဝတ်ရသလို၊ ဦးထုပ်၊ထီးဆောင်းတာမျိုးတွေအထိပါ လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ နေရောင်မရရှိတော့တဲ့ ညနေရောက်ချိန်မှ ညီအစ်မနှစ်ယောက်နေရထိုင်ရတာသက်သောင့် သက်သာဖြစ်ကြောင်းသိရပါတယ်။

photo internet

(Zawgyi Version)

အံ့ၾသစရာလူျဖဴမ်ား

လူျဖဴဆိုတာနဲ႔ လူျဖဴလူမည္းကြဲျပားေနတာေတြကို ေျပာတာမဟုတ္ပါဘူး။ သူမ်ားေတြနဲ႔ မတူတဲ့ဆဲလ္ေတြနဲ႔ထင္ရွားေနတဲ့လူေတြထဲကမွ သူတို႔ညီအစ္မအေၾကာင္းေလးကိုေျပာျပေပးခ်င္တာျဖစ္ပါတယ္။ အဲဒိလိုမ်ိဳးလူေတြဟာ သူတို႔ေမြးဖြားတဲ့ႏိုင္ငံေပၚမွာမူတည္ၿပီးေတာ့ albinism နဲ႔ ေမြးဖြားလာၾကတာျဖစ္ပါတယ္။ ေမြးဖြားသူအေယာက္၃၀၀၀ မွာ ၁ေယာက္ျဖစ္တတ္တဲ့ Albinism ဟာ ဆံပင္ ၊အသားအရည္ကစၿပီး၊ေခါင္းအစေျခအဆံုးေတြမွာ ေရာင္ျခယ္ဆဲလ္ေတြမရွိဘဲ တစ္ကိုယ္လံုးျဖဴဆြတ္ေနတာကို ေခၚတာျဖစ္ပါတယ္။ အခုေျပာျပမယ့္ ညီအစ္မႏွစ္ေယာက္ဟာဆိုရင္ ကာဇက္ခ္စတန္မွာေနတဲ့ ညီအစ္မႏွစ္ေယာက္ပဲျဖစ္ပါတယ္။ သူတို႔ရဲ႕ နာမည္ေလးေတြကေတာ့ ေအဆဲလ္နဲ႔ ကာမီလာလို႔ေခၚပါတယ္။

သူတို႔ညီအစ္မႏွစ္ေယာက္စလံုးဟာ မိသားစုတစ္စုတည္းကပဲ ေမြးဖြားလာတာ ျဖစ္ၿပီးတစ္ေယာက္နဲ႔ တစ္ေယာက္ အသက္ (၁၂)ႏွစ္ကြာတယ္လို႔သိရပါတယ္။ ကာမီလာက ၂ႏွစ္သမီးေလးျဖစ္ၿပီး၊ အစ္မျဖစ္သူေအဆဲလ္ကေတာ့ ၁၄ႏွစ္ ရွိေနၿပီျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အလယ္မွာေတာ့ အယ္လ္ဒီယာလို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ကိုေတြ႔ရမွာျဖစ္ပါတယ္။ သူကေတာ့ အသက္၈ႏွစ္အရြယ္ရွိေနတဲ့ေကာင္ေလးျဖစ္ၿပီး၊ ေမာင္ႏွမ၃ ေယာက္ထဲမွာမွ သူကေတာ့ ညီအစ္မႏွစ္ေယာက္နဲ႔ မတူတာကို ေတြ႔ရမွာျဖစ္ပါတယ္။ သူတို႔မိသားစုကိုေတြ႔တဲ့သူတိုင္းဟာ အံ့ၾသျခင္းမ်ားစြာနဲ႔ အၿမဲတမ္းျဖစ္ခဲ့ၾကပါတယ္လို႔ဆိုပါတယ္။ ေအဆဲလ္ဟာ သူမအသက္၁၀ႏွစ္ကတည္းက ေမာ္ဒယ္အလုပ္ကို စလုပ္ခဲ့တာျဖစ္ေၾကာင္းသိရၿပီး၊ တျခားသူေတြနဲ႔ မတူတဲ့ ေမာ္ဒယ္ေလးကို ပိုၿပီးစိတ္၀င္စားၾကမယ္လို႔ထင္ပါတယ္။

ဒါေပမယ့္ ေအဆဲလ္အတြက္ အားငယ္ခ်င္တဲ့စိတ္ဟာ သူ႔ကို၀န္းရံထားတဲ့ သူေတြမ်ားလာတဲ့ သူမအင္စတာဂရမ္ေပၚမွာဆိုရင္ လူေပါင္းမ်ားစြာရွိေနတယ္လို႔ဆိုပါတယ္။ အခုဆိုရင္ေတာ့ ညီမေလးကာမီလာကလည္း သူ႔အစ္မလိုပဲ Albino ျဖစ္ေနတာေၾကာင့္ ၀န္းရံသူေတြပိုမ်ားေၾကာင္းဆိုပါတယ္။ ေအဆဲလ္ေမြးစတုန္းကဆိုရင္ ဖခင္ျဖစ္သူ ကာဇက္ခ္စတန္သားမဟုတ္ဘဲ ရုရွားျဖစ္မယ္လို႔ထင္ေနၾကတာျဖစ္ပါတယ္။ ဒီအေျခအေနေတြေၾကာင့္အျငင္းအခုန္ျဖစ္တဲ့အထိျဖစ္ခဲ့ၾကပါတယ္။

မိခင္ျဖစ္သူ အီမန္ ကေတာ့ သူမရဲ႕ ဘိုးေဘးေတြလက္ထက္မွာေတာ့ albino ပါသူေတြရွိခဲ့ဖူးေၾကာင္းသိရပါတယ္။ ဒီလိုမ်ိဳးျဖစ္တဲ့သူေတြဟာ အေရျပားကလည္းျဖဴေဖြးေနၿပီး မ်က္လံုးနဲ႕ အသားအရည္ကိုလည္း ေနေရာင္ျခည္မထိေအာင္ ေရွာင္ဖို႔သတိထားေနထိုင္ရေၾကာင္းနဲ႔အဲဒီလို သတိမထားဘူး၊မေရွာင္ဘူးဆိုတဲ့အခ်ိန္ေတြနဲ႔ ႀကံဳလာခဲ့ပါကလည္း အသားအရည္ဟာ ပ်က္စီးဖို႔လြယ္ကူေနေၾကာင္းဆိုပါတယ္။ သူတို႔ညီအစ္မႏွစ္ေယာက္ကလည္း အျမဲတမ္းကာကြယ္မႈေတြလုပ္ရပါတယ္လို႔ဆိုပါတယ္။ ဘာေတြလုပ္ရတာလဲဆိုတာေျပာျပရရင္ တစ္ခါတေလ အျပင္ကို ထြက္မယ္ဆိုတဲ့အခါမ်ိဳးမွာေတာ့ ေနရာင္ကာခရင္မ္ကိုလိမ္းၿပီး၊ အသားအရည္ကိုေနေရာင္မထိေအာင္ အ၀တ္အစားကိုလည္း ဂရုစိုက္ၿပီး၀တ္ရသလို၊ ဦးထုပ္၊ထီးေဆာင္းတာမ်ိဳးေတြအထိပါ လုပ္ခဲ့ရတယ္လို႔ဆိုပါတယ္။ ေနေရာင္မရရွိေတာ့တဲ့ ညေနေရာက္ခ်ိန္မွ ညီအစ္မႏွစ္ေယာက္ေနရထိုင္ရတာသက္ေသာင့္သက္သာျဖစ္ေၾကာင္းသိရပါတယ္။