သတိထားရမယ့် အာကာသထဲကအိမ်သာကိစ္စ

0
747
photo internet

လူတိုင်းလူတိုင်းဟာ စားသမျှ အကုန် ပြန်စွန့်ကြရတာဖြစ်တဲ့အတွက် အာကာသထဲမှာလည်း ပြန်စွန့်ဖို့လုပ်ကြရတာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ဆွဲအားကြောင့် သွားသမျှ အောက်ကိုရောက်စေတာဖြစ်ပေမယ့်၊ ဆွဲအားမရှိတဲ့အာကာသထဲရောက်ခဲ့ရင်တော့ သွားသမျှ အပေါ်တက်တာတွေကြောင့် အခန့်မသင့်တဲ့အချိန်နဲ့တွေ့ရင်တော့ ပါးစပ်ထဲဝင်တတ်လို့သတိထားနေကြရပါတယ်လို့ဆိုပါ တယ်။ အဲဒါမျိုးတွေမဖြစ်ရအောင်လို့ဆိုပြီး အာကာသအိမ်သာကိုဆောက်လုပ်ထားတယ်လို့ဆိုပါတယ်။ ဒီအာကာသအိမ်သာကို ဆွဲအားမရှိတဲ့အိမ်သာလို့ခေါ်ကြောင်းသိရပါတယ်။ အကျယ်အဝန်းပြောရရင် ၃ပေပတ်လည်လောက်ကျယ်ပြီး၊ အမျိုးသားရော၊အမျိုးသမီးရောအတူတူအသုံးပြုရတာဖြစ်ပါတယ်။

photo internet

အိမ်သာတက်တော့မယ်ဆိုတာနဲ့ ပထမဦးဆုံးလွင့်ထွက်မသွားအောင်လို့ဆိုပြီး ခါးပတ်ပတ်ရပါမယ်။ အပေါ့အလေးခွဲပြီးသုံးဖို့ပစ္စည်းလေးတွေရှိပါတယ်။ အပေါ့သွားမယ်ဆိုရင်တော့ ပိုက်ကို အသုံးပြုပြီး အလေးသွားဖို့ဆိုရင်တော့ အိမ်သာအိုးအထဲမှာလေတဖြူးဖြူးတိုက်အောင် လုပ်ထားတယ်လို့ဆိုပါတယ်။ သဘောကတော့ ကိုယ်သွားထားတဲ့ နောက်ဖေးတွေအိမ်သာထဲကျသွားအောင်လေတိုက်ထားတာလို့ဆိုပါတယ်။ အပေါ့သွားတဲ့အခါမှာဆိုရင် ယောကျာ်း၊ မိန်းမ ပိုက်ခေါင်းတစ်မျိုးစီခွဲခြားထားကြောင်းသိရပါတယ်။ အိမ်သာအိုးကိုလည်းပိုးသတ်ထားကြောင်းသိရပါတယ်။ အနံ့အသက်ကလည်းကင်းစေမှာဖြစ်ပါတယ်။

photo internet

အချိန်ပြည့် အာကာသထဲမှာ နေရတာကြောင့် အညစ်အကြေးတွေများလာရင် အညစ်အကြေးအိတ်ကို အပြင်ကိုလွှင့်ပစ်ရမှာဖြစ်ပါတယ်။ ပစ်တဲ့အခါမှာလည်း မီးစလေးနဲ့ တို့ပြီးပစ်လိုက်တာကြောင့် အလင်းတန်းတစ်ခုဖြစ်သွားတာကြောင့် ကမ္ဘာမြေအောက်ကနေကြည့်လိုက်မယ်ဆိုရင်တော့ ကြယ်တစ်လုံးကြွေသွားတဲ့ပုံစံလိုမျိုးဖြစ်နေတာပါပဲ။ အခုနောက်ပိုင်းမှာတော့ ကျင်ငယ်ရည်မှသောက် သုံးရေရရှိအောင်ပြန်လည်ထုတ်လုပ်ပြီး၊ အာကာသထဲမှာရေပြတ်လပ်မှုမရှိအောင်လုပ်ထားကြပြီဆိုတာ သိရပါတယ်။ အိမ်သာတက်ရင်တော့ အသံတွေဆူညံနေအောင်ထွက်ပေမယ့်လည်း၊ လေထုမရှိတဲ့အတွက်ကြောင့် အိမ်သာအပြင်ကနေ အသံလုံးဝမကြားရဘူးလို့ဆိုပါတယ်။

photo internet

(Zawgyi Version)

သတိထားရမယ့္ အာကာသထဲကအိမ္သာကိစၥ

လူတိုင္းလူတိုင္းဟာ စားသမွ် အကုန္ ျပန္စြန္႔ၾကရတာျဖစ္တဲ့အတြက္ အာကာသထဲမွာလည္း ျပန္စြန္႔ဖို႔လုပ္ၾကရတာပဲျဖစ္ပါတယ္။ ကမၻာေပၚမွာရွိတဲ့ဆြဲအားေၾကာင့္ သြားသမွ် ေအာက္ကိုေရာက္ေစတာျဖစ္ေပမယ့္၊ ဆြဲအားမရွိတဲ့အာကာသထဲေရာက္ခဲ့ရင္ေတာ့ သြားသမွ် အေပၚတက္တာေတြေၾကာင့္ အခန္႔မသင့္တဲ့အခ်ိန္နဲ႔ေတြ႔ရင္ေတာ့ ပါးစပ္ထဲ၀င္တတ္လို႔သတိထားေနၾကရပါတယ္လို႔ဆိုပါတယ္။ အဲဒါမ်ိဳးေတြမျဖစ္ရေအာင္လို႔ဆိုၿပီး အာကာသအိမ္သာကိုေဆာက္လုပ္ထားတယ္လို႔ဆိုပါတယ္။ ဒီအာကာသအိမ္သာကို ဆြဲအားမရွိတဲ့အိမ္သာလို႔ေခၚေၾကာင္းသိရပါတယ္။ အက်ယ္အ၀န္းေျပာရရင္ ၃ေပပတ္လည္ေလာက္က်ယ္ၿပီး၊ အမ်ိဳးသားေရာ၊အမ်ိဳးသမီးေရာအတူတူအသံုးျပဳရတာျဖစ္ပါတယ္။

အိမ္သာတက္ေတာ့မယ္ဆိုတာနဲ႔ ပထမဦးဆံုးလြင့္ထြက္မသြားေအာင္လို႔ဆိုၿပီး ခါးပတ္ပတ္ရပါမယ္။ အေပါ့အေလးခြဲၿပီးသံုးဖို႔ပစၥည္းေလးေတြရွိပါတယ္။ အေပါ့သြားမယ္ဆိုရင္ေတာ့ ပိုက္ကို အသံုးျပဳၿပီး အေလးသြားဖို႔ဆိုရင္ေတာ့ အိမ္သာအိုးအထဲမွာေလတျဖဴးျဖဴးတိုက္ေအာင္ လုပ္ထားတယ္လို႔ဆိုပါတယ္။ သေဘာကေတာ့ ကိုယ္သြားထားတဲ့ ေနာက္ေဖးေတြအိမ္သာထဲက်သြားေအာင္ေလတိုက္ထားတာလို႔ဆိုပါတယ္။ အေပါ့သြားတဲ့အခါမွာဆိုရင္ ေယာက်ာ္း၊ မိန္းမ ပိုက္ေခါင္းတစ္မ်ိဳးစီခြဲျခားထားေၾကာင္းသိရပါတယ္။ အိမ္သာအိုးကိုလည္းပိုးသတ္ထားေၾကာင္းသိရပါတယ္။ အနံ႔အသက္ကလည္းကင္းေစမွာျဖစ္ပါတယ္။

အခ်ိန္ျပည့္ အာကာသထဲမွာ ေနရတာေၾကာင့္ အညစ္အေၾကးေတြမ်ားလာရင္ အညစ္အေၾကးအိတ္ကို အျပင္ကိုလႊင့္ပစ္ရမွာျဖစ္ပါတယ္။ ပစ္တဲ့အခါမွာလည္း မီးစေလးနဲ႔ တို႔ၿပီးပစ္လိုက္တာေၾကာင့္ အလင္းတန္းတစ္ခုျဖစ္သြားတာေၾကာင့္ ကမၻာေျမေအာက္ကေနၾကည့္လိုက္မယ္ဆိုရင္ေတာ့ ၾကယ္တစ္လံုးေၾကြသြားတဲ့ပံုစံလိုမ်ိဳးျဖစ္ေနတာပါပဲ။ အခုေနာက္ပိုင္းမွာေတာ့ က်င္ငယ္ရည္မွေသာက္သံုးေရရရွိေအာင္ျပန္လည္ထုတ္လုပ္ၿပီး၊ အာကာသထဲမွာေရျပတ္လပ္မႈမရွိေအာင္လုပ္ထားၾကၿပီဆိုတာသိရပါတယ္။ အိမ္သာတက္ရင္ေတာ့ အသံေတြဆူညံေနေအာင္ထြက္ေပမယ့္လည္း၊ ေလထုမရွိတဲ့အတြက္ေၾကာင့္ အိမ္သာအျပင္ကေန အသံလံုး၀မၾကားရဘူးလို႔ဆိုပါတယ္။