ရေဒီယိုတီထွင်ခဲ့သူအဖြစ် ကမ္ဘာကတောင်သိခဲ့သူ

0
699
photo internet
photo internet

အခုပြောပြပေးချင်တဲ့သူအကြောင်းကို ဇာတ်လမ်းပျိုးရရင်တော့ သည်းထန်စွာရွာသွန်းနေတဲ့ မိုးသီးမိုးပေါက်တွေကြားမှာ လူတစ်ယောက်ဟာ ရွဲနစ်နေတဲ့သူ့ခန္ဓာကိုယ်ကို ဘာမှဝတ်ထားခြင်းမရှိဘဲ သူ့ရဲ့လက်ထဲမှ တစ်စုံတစ်ရာကိုတော့ မိုးကာအင်္ကျီနဲ့ပတ်ထားပါတယ်။ လူထူးဆန်းဖြစ်နေတဲ့ အဲဒီလူဟာ သူ့မှာပါလာတဲ့ငွေကြေးက ရထားလုံးစီးဖို့ရန်အခြေအနေမပေးတဲ့အတွက် လမ်းဆက်လျှောက်လာခဲ့ပြီး တစ်နေရာအရောက်မှာ ကုမ္ပဏီတစ်ခုရဲ့ရုံးခန်းထဲမှာ ပိုင်ရှင်ဖြစ်တဲ့ အက်ဒီဆင်နဲ့ တွေ့ပြီးသူဖုံးလာတဲ့အထုပ်ကိုဖြည်ချကာ စာတစ်စောင်ကို ပထမဆုံး ထုတ်ပေးလိုက်ပါတယ်။ အက်ဒီဆင်ကဖတ်လိုက်တယ်ဆိုရင်ပဲ သူတို့နှစ်ယောက်အတွက် ကမ္ဘာကျော်စာတစ်စောင်ဖြစ်လာစေမယ့် အရာဖြစ်နေတဲ့ စာသားတွေကို တွေ့လိုက်ရပါတယ်။

photo internet

စာရေးသားပေးလိုက်တဲ့သူဟာ အရင်တုန်းက သူအလုပ်လုပ်ခဲ့တဲ့ ဘူတာပတ်စ်မြို့လေးရဲ့ တယ်လီဖုန်းကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ချားလ်စ်ဗက်ရှလာကရေးပေးလိုက်တဲ့စာဖြစ်နေပြီး၊ စာပါအကြောင်းအရာကလည်း နှစ်ကြောင်းတည်းသာဆိုပေမယ့်၊ ပြည့်စုံနေတဲ့စာဖြစ်နေတာဟာ အံ့သြစရာဖြစ်ခဲ့ပါတယ်။ မိုးတွေထဲကနေဖြတ်သန်းလာခဲ့တဲ့ လူငယ်ကိုမော့ကြည့်ရင်း စာထဲကအကြောင်းအရာလေးကို ဖတ်လိုက်မိတဲ့အခါ “ဉာဏ်ပညာကြီးကျယ်လွန်းတဲ့သူနှစ်ဦးကိုပဲ သူ့ဘဝမှာတွေ့ဖူးပါတယ်။ တစ်ယောက်ကတော့ အက်ဒီဆင်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အခုမျက်စိရှေ့မှာရောက်နေတဲ့ လူငယ်ပဲဖြစ်ပါတယ်”လို့ဆိုထားပါတယ်။ အဲဒီလူငယ်လေးဟာ နီကိုလာတက်စ်ဆိုတဲ့သူဖြစ်ပြီး၊ ၁၈၅၆ခု ဇူလိုင်လ ၉ရက် သန်းခေါင်ယံအချိန်မှာ Similijan VILLAGE ၊ Likaပြည်နယ်၊ Croatiaနိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ငယ်ငယ်ကတည်းက သိပ္ပံနဲ့ စက်မှုပညာကိုပိုပြီးစိတ်ဝင်စားခဲ့တဲ့ အချိန်မှာ လူငယ်လေးရဲ့ အသက်ဟာ ၁၂နှစ်ပဲရှိပါသေးတယ်။

photo internet

အမေဖြစ်သူအတွက် ဂျုံကြိတ်တဲ့စက်တစ်ခုကို ဖန်တီးထုတ်လုပ်ပေးခဲ့ပြီးနောက် အော့စတီးယားတက္ကသိုလ်မှာ လျှပ်စစ်နဲ့သိပ္ပံပညာကိုလေ့လာသင်ယူနိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံ ရှိ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်း ကုမ္ပဏီမှာဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။ တက်စ်လာက ၁၈၈၅ခုနှစ်မှာ အရည်အသွေးပိုကောင်းပြီးသေသပ်လှပတဲ့ ဒိုင်နမိုများထုတ်လုပ်ဖို့ခွင့်တောင်းခဲ့တာကို အက်ဒီဆင်ကလည်း ခွင့်ပြုခဲ့ရုံမကဘဲ အောင်မြင်ခဲ့ရင် ဆုငွေဒေါ်လာ၅သောင်းချီးမြှင့်မယ်လို့စိန်ခေါ်မှုကြောင့် တက်စလာရဲ့ ကြိုးစားမှုဟာတစ်နှစ်မပြည့်ခင်မှာပဲ နိုင်ငံအနှံ့အပြားမှ အမှာစာများဝင်လာပြီး၊အက်ဒီဆင်ရဲ့ ဒိုင်နမိုများဟာ ထုတ်မလောက်အောင်ဖြစ်ခဲ့ပါတယ်။ အမြတ်အစွန်များစွာရရှိလာခဲ့ပြီး သူပြောထားတဲ့ ကတိမတည်ခဲ့တာကြောင့် တက်စ်လာဟာ သူ့ရဲ့ စိတ်ကူးအကောင်အထည်ဖော်ဖို့အခွင့်အရေးကို ချိုးဖောက်ခံလိုက်ရသလိုဖြစ်သွားခဲ့ပြီး၊ မျှော်လင့်ချက်များပျက်စီးခဲ့ရတာကြောင့် အက်ဒီဆင်ဆီကနေ ချက်ချင်း သေတ္တာကိုပိုက် အလုပ်ထွက်ခဲ့လိုက်ပါတယ်။

photo internet

၁၈၈၆ခုနှစ်မှာတော့ တက်စ်လာဟာ လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး နာမည်နဲ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ အစပြုခဲ့ရာမှာ အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မြေတူးသမားဘဝနဲ့ အလုပ်တွေလုပ်ခဲ့ပေမယ့်၊ သူတီထွင်ခဲ့တဲ့ ပညာဂုဏ်သတင်းတွေကြောင့်ဝက်စတင်းန်ဟောက် လျှပ်စစ်ကုမ္ပင်္ဏီကလိုက်လံရှာဖွေပြီး၊ ခေါ်ခဲ့တာကြောင့် အက်ဒီဆင်နဲ့ အပြိုင်ကြဲဖို့စတင်လာခဲ့ပါတယ်။ ၁၈၉၁ခုမှာ တက်စ်လာကွိုင်ကို ပထမဆုံးတီထွင်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ လူနဲ့ထိမိရင်တောင် အန္တရာယ်မရှိဘူးလို့ဆိုတဲ့အပြင် ဝပ်၅၀တစ်လုံးကိုထွန်းညှိလိုက်ရင် မူလဓာတ်အား ၅၀ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို အားပြုပြီး၊တက်စ်လာကကြိုးမဲ့လျှပ်စစ် ဆက်သွယ်ရေးကို ကြံစည်ခဲ့ကာသူ့ရဲ့ စမ်းသပ်ချက်တွေကြောင့် ညဘက်ဆိုရင် သူ့အခန်းတစ်ဝိုက်မှာ အရောင်တွေတောက်နေပြီး၊ မီးပွားတွေပန်းတက်နေတာမျိုးတွေမြင်ရကြောင်းပြောကြပါတယ်။

photo internet

၁၉၃၁ခုနှစ်မှာတော့ တက်စ်လာရဲ့ အံ့သြဖွယ်ရာတစ်ခုကို ထြပ်ပီးမိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာတစ်ခွင်လုံး စစ်မီးများစနေချိန်မှာတော့ တက်စ်လာရဲ့ ဖော်ထုတ်မှုဖြစ်တဲ့ မရဏရောင်ခြည်၊ဒါမှမဟုတ် ငြိမ်းချမ်းရေးရောင်ခြည်ကို ဆက်ပြီးတည်ရှိနေတယ်ဆိုရင် မကောင်းမှုပြုတဲ့သူတွေအတွက် အကျိုးပြုနေမှာစိုးတာကြောင့် စာရွက်စာတမ်းတွေဖျက်ဆီးလိုက်ပြီး၊ သူ့ခေါင်းထဲမှာရှိနေတာကိုတော့ ဘယ်သူမှလာမယူနိုင်ပါဘူးလို့ဆိုပါတယ်။ တော်ရုံလူများတွေးတောနားလည်နိုင်စွမ်းမရှိတဲ့အယူအဆတွေဟာ သူ့နာမည်ကို မှေးမှိန်စေခဲ့ပြီး၊ သူ့ဘဝနောက်ဆုံးအချိန်တွေကို နယူးယောက်မြို့မှာနေထိုင်ရင်း ကုန်ဆုံးခဲ့ပါတယ်။ အသက် ၈၇အရွယ်မှာနှလုံးသွေးကြောပိတ်ရောဂါနဲ့သေဆုံးခဲ့တာဖြစ်ပါတယ်။ သူကွယ်လွန်ပြီးတစ်နှစ်ကြာတဲ့ အချိန်မှာ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကနေ တက်စ်လာဟာ ရေဒီယိုကိုတီထွင်ခဲ့တာ အမှန်ဖြစ်ကြောင်းဆုံးဖြတ် ခဲ့ကြ တယ်လို့ဆိုပါတယ်။

photo internet

(Zawgyi Version)

ေရဒီယိုတီထြင္ခဲ့သူအျဖစ္ ကမၻာကေတာင္သိခဲ့သူ

အခုေျပာျပေပးခ်င္တဲ့သူအေၾကာင္းကို ဇာတ္လမ္းပ်ဳိးရရင္ေတာ့ သည္းထန္စြာရြာသြန္းေနတဲ့ မိုးသီးမိုးေပါက္ေတြၾကားမွာ လူတစ္ေယာက္ဟာ ရြဲနစ္ေနတဲ့သူ႕ခႏၶာကိုယ္ကို ဘာမွ၀တ္ထားျခင္းမရွိဘဲ သူ႔ရဲ႕လက္ထဲမွ တစ္စံုတစ္ရာကိုေတာ့ မိုးကာအက်ႌနဲ႔ပတ္ထားပါတယ္။ လူထူးဆန္းျဖစ္ေနတဲ့ အဲဒီလူဟာ သူ႔မွာပါလာတဲ့ေငြေၾကးက ရထားလံုးစီးဖို႔ရန္အေျခအေနမေပးတဲ့အတြက္ လမ္းဆက္ေလွ်ာက္လာခဲ့ၿပီး တစ္ေနရာအေရာက္မွာ ကုမၸဏီတစ္ခုရဲ႕ရံုးခန္းထဲမွာ ပိုင္ရွင္ျဖစ္တဲ့ အက္ဒီဆင္နဲ႔ ေတြ႕ၿပီးသူဖံုးလာတဲ့အထုပ္ကိုျဖည္ခ်ကာ စာတစ္ေစာင္ကို ပထမဆံုး ထုတ္ေပးလိုက္ပါတယ္။ အက္ဒီဆင္ကဖတ္လိုက္တယ္ဆိုရင္ပဲ သူတို႔ႏွစ္ေယာက္အတြက္ ကမၻာေက်ာ္စာတစ္ေစာင္ျဖစ္လာေစမယ့္ အရာျဖစ္ေနတဲ့ စာသားေတြကို ေတြ႔လိုက္ရပါတယ္။

စာေရးသားေပးလိုက္တဲ့သူဟာ အရင္တုန္းက သူအလုပ္လုပ္ခဲ့တဲ့ ဘူတာပတ္စ္ၿမိဳ႕ေလးရဲ႕ တယ္လီဖုန္းကုမၸဏီတစ္ခုရဲ႕ပိုင္ရွင္ျဖစ္တဲ့ ခ်ားလ္စ္ဗက္ရွလာကေရးေပးလိုက္တဲ့စာျဖစ္ေနၿပီး၊ စာပါအေၾကာင္းအရာကလည္း ႏွစ္ေၾကာင္းတည္းသာဆိုေပမယ့္၊ ျပည့္စံုေနတဲ့စာျဖစ္ေနတာဟာ အံ့ၾသစရာျဖစ္ခဲ့ပါတယ္။ မိုးေတြထဲကေနျဖတ္သန္းလာခဲ့တဲ့ လူငယ္ကိုေမာ့ၾကည့္ရင္း စာထဲကအေၾကာင္းအရာေလးကို ဖတ္လိုက္မိတဲ့အခါ “ဥာဏ္ပညာႀကီးက်ယ္လြန္းတဲ့သူႏွစ္ဦးကိုပဲ သူ႔ဘ၀မွာေတြ႔ဖူးပါတယ္။ တစ္ေယာက္ကေတာ့ အက္ဒီဆင္ျဖစ္ၿပီး၊ ေနာက္တစ္ေယာက္ကေတာ့ အခုမ်က္စိေရွ႕မွာေရာက္ေနတဲ့ လူငယ္ပဲျဖစ္ပါတယ္”လို႔ဆိုထားပါတယ္။ အဲဒီလူငယ္ေလးဟာ နီကိုလာတက္စ္ဆိုတဲ့သူျဖစ္ၿပီး၊ ၁၈၅၆ခု ဇူလိုင္လ ၉ရက္ သန္းေခါင္ယံအခ်ိန္မွာ Similijan VILLAGE ၊ Likaျပည္နယ္၊ Croatiaႏိုင္ငံတြင္ ေမြးဖြားခဲ့ပါတယ္။ ငယ္ငယ္ကတည္းက သိပၸံနဲ႕ စက္မႈပညာကိုပိုၿပီးစိတ္၀င္စားခဲ့တဲ့ အခ်ိန္မွာ လူငယ္ေလးရဲ႕ အသက္ဟာ ၁၂နွစ္ပဲရွိပါေသးတယ္။

အေမျဖစ္သူအတြက္ ဂ်ဳံႀကိတ္တဲ့စက္တစ္ခုကို ဖန္တီးထုတ္လုပ္ေပးခဲ့ၿပီးေနာက္ ေအာ့စတီးယားတကၠသိုလ္မွာ လွ်ပ္စစ္နဲ႔သိပၸံပညာကိုေလ့လာသင္ယူႏိုင္ခဲ့ၿပီး ျပင္သစ္ႏိုင္ငံ ရွိ လွ်ပ္စစ္နဲ႔ပတ္သက္တဲ့ ဆက္စပ္ပစၥည္းကုမၸဏီမွာ၀င္ေရာက္လုပ္ကိုင္ခဲ့တယ္လို႔ဆိုပါတယ္။ တက္စ္လာက ၁၈၈၅ခုႏွစ္မွာ အရည္အေသြးပိုေကာင္းၿပီးေသသပ္လွပတဲ့ ဒိုင္နမိုမ်ားထုတ္လုပ္ဖို႔ခြင့္ေတာင္းခဲ့တာကို အက္ဒီဆင္ကလည္းခြင့္ျပဳခဲ့ရံုမကဘဲ ေအာင္ျမင္ခဲ့ရင္ ဆုေငြေဒၚလာ၅ေသာင္းခ်ီးျမွင့္မယ္လို႔စိန္ေခၚမႈေၾကာင့္ တက္စလာရဲ႕ ႀကိဳးစားမႈဟာတစ္ႏွစ္မျပည့္ခင္မွာပဲ ႏိုင္ငံအႏွံ႔အျပားမွ အမွာစာမ်ား၀င္လာၿပီး၊အက္ဒီဆင္ရဲ႕ ဒိုင္နမိုမ်ားဟာ ထုတ္မေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။ အျမတ္အစြန္မ်ားစြာရရွိလာခဲ့ၿပီး သူေျပာထားတဲ့ ကတိမတည္ခဲ့တာေၾကာင့္ တက္စ္လာဟာ သူ႔ရဲ႕ စိတ္ကူးအေကာင္အထည္ေဖာ္ဖို႔အခြင့္အေရးကို ခ်ိဳးေဖာက္ခံလိုက္ရသလိုျဖစ္သြားခဲ့ၿပီး၊ေမွ်ာ္လင့္ခ်က္မ်ားပ်က္စီးခဲ့ရတာေၾကာင့္ အက္ဒီဆင္ဆီကေန ခ်က္ခ်င္း ေသတၱာကိုပိုက္ အလုပ္ထြက္ခဲ့လိုက္ပါတယ္။

၁၈၈၆ခုႏွစ္မွာေတာ့ တက္စ္လာဟာ လွ်ပ္စစ္နဲ႔ ဆက္စပ္ပစၥည္းမ်ားထုတ္လုပ္ေရး နာမည္နဲ႔ကိုယ္ပိုင္ကုမၸဏီတစ္ခုတည္ေထာင္ဖို႔ အစျပဳခဲ့ရာမွာ အရံႈးနဲ႔သာ ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ေျမတူးသမားဘ၀နဲ႔ အလုပ္ေတြလုပ္ခဲ့ေပမယ့္၊ သူတီထြင္ခဲ့တဲ့ ပညာဂုဏ္သတင္းေတြေၾကာင့္၀က္စတင္းန္ေဟာက္ လွ်ပ္စစ္ကုမၸဏၤီကလိုက္လံရွာေဖြၿပီး၊ ေခၚခဲ့တာေၾကာင့္ အက္ဒီဆင္နဲ႔ အျပိဳင္ႀကဲဖို႔စတင္လာခဲ့ပါတယ္။ ၁၈၉၁ခုမွာ တက္စ္လာကြိဳင္ကို ပထမဆံုးတီထြင္ခဲ့ပါတယ္။ ထူးျခားခ်က္ကေတာ့ လူနဲ႔ထိမိရင္ေတာင္ အႏၱရာယ္မရွိဘူးလို႔ဆိုတဲ့အျပင္ ၀ပ္၅၀တစ္လံုးကိုထြန္းညွိလိုက္ရင္ မူလဓာတ္အား ၅၀ဆံုးရံႈးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကို အားျပဳၿပီး၊တက္စ္လာကႀကိဳးမဲ့လွ်ပ္စစ္ဆက္သြယ္ေရးကို ႀကံစည္ခဲ့ကာသူ႔ရဲ႕ စမ္းသပ္ခ်က္ေတြေၾကာင့္ ညဘက္ဆိုရင္ သူ႔အခန္းတစ္၀ိုက္မွာ အေရာင္ေတြေတာက္ေနၿပီး၊ မီးပြားေတြပန္းတက္ေနတာမ်ိဳးေတြျမင္ရေၾကာင္းေျပာၾကပါတယ္။

၁၉၃၁ခုႏွစ္မွာေတာ့ တက္စ္လာရဲ႕ အ့ံၾသဖြယ္ရာတစ္ခုကို ထပၿ္ပီးမိတ္ဆက္ခဲ့ပါတယ္။ ကမၻာတစ္ခြင္လံုး စစ္မီးမ်ားစေနခ်ိန္မွာေတာ့ တက္စ္လာရဲ႕ ေဖာ္ထုတ္မႈျဖစ္တဲ့ မရဏေရာင္ျခည္၊ဒါမွမဟုတ္ ၿငိမ္းခ်မ္းေရးေရာင္ျခည္ကို ဆက္ၿပီးတည္ရွိေနတယ္ဆိုရင္ မေကာင္းမႈျပဳတဲ့သူေတြအတြက္ အက်ိဳးျပဳေနမွာစိုးတာေၾကာင့္ စာရြက္စာတမ္းေတြဖ်က္ဆီးလိုက္ၿပီး၊ သူ႔ေခါင္းထဲမွာရွိေနတာကိုေတာ့ ဘယ္သူမွလာမယူႏိုင္ပါဘူးလို႔ဆိုပါတယ္။ ေတာ္ရံုလူမ်ားေတြးေတာနားလည္ႏိုင္စြမ္းမရွိတဲ့အယူအဆေတြဟာ သူ႔နာမည္ကို ေမွးမွိန္ေစခဲ့ၿပီး၊ သူ႔ဘ၀ေနာက္ဆံုးအခ်ိန္ေတြကို နယူးေယာက္ၿမိဳ႕မွာေနထိုင္ရင္း ကုန္ဆုံးခဲ့ပါတယ္။ အသက္ ၈၇အရြယ္မွာႏွလံုးေသြးေၾကာပိတ္ေရာဂါနဲ႔ေသဆံုးခဲ့တာျဖစ္ပါတယ္။ သူကြယ္လြန္ၿပီးတစ္ႏွစ္ၾကာတဲ့အခ်ိန္မွာ အေမရိကန္ႏိုင္ငံရဲ႕ အျမင့္ဆံုးတရားရံုးကေန တက္စ္လာဟာ ေရဒီယိုကိုတီထြင္ခဲ့တာအမွန္ျဖစ္ေၾကာင္းဆံုးျဖတ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။