ခရီးသွားများပိုပြီးစိတ်ဝင်စားနေတဲ့ မာချူးပီချူး

0
137
photo internet

တောင်အမေရိကမှာ ခရီးသွားဧည့်သည်အများအပြားစိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့ နေရာတစ်ခုကိုပြောပြပါဆိုရင်တော့ မာချူးပီချူးဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်။ ဒီနေရာလေးဟာ ကိုလံဘီယာခေတ် မတိုင်မီ ၁၅ရာစုနှစ်လောက်က အင်ကာတိုရဲ့ ဒေသဖြစ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်အမြင့် ၇၉၇၀ပေမှာ တည်ရှိနေတာဖြစ်ပါတယ်။ ပီရူးနိုင်ငံ အူရူဘမ်ဘာမြစ်ဖြတ်စီးတဲ့ ဒေသမှာ တည်ရှိနေတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာလေးရဲ့အဆောက်အဦးပုံစံတွေရဲ့ တည်ဆောက်ပုံကိုကြည့်မယ်ဆိုရင်အင်ကာဗိသုကာပညာရှင်များက အန်ဒတ်စ်တောင်တန်းပေါ်မှာလှေကားထစ်ပုံစံနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီခေတ်ကဗိသုကာပညာရှင်တွေဟာ ဒီမြို့လေးကို ငလျင်ဒဏ်ခံနိုင်ဖို့အတွက် ကျောက်တုံးတွေကိုအယ်လ်ပုံစံထွင်းပြီး ချိတ်ဆက်တည်ဆောက်ကြတာဖြစ်ပါတယ်။

photo internet

၁၉၇၆ ခုနှစ်တွင် မာချူးပီချူးရဲ့ ၃၀% ခန့်ဟာ ပြန်ပြီးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဒီနေ့ထိဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရပါတယ်။ ၁၉၈၁ခုနှစ်မှာ မာချူးပီချူးကို ပီရူးသမိုင်းဝင်ဘေးမဲ့တောအဖြစ်ကြေငြာခဲ့ကာ ၁၉၈၃ ခူနှစ် မှာတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်သတ်မှတ်ပေးခဲ့တာ်လို့ဆိုပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းက အင်တာနက်မဲပေးမှုအရ မာချူးပီချူးကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်၇ပါးထဲမှာ ထည့်သွင်းသတ်မှတ်ဖို့ရွေးချယ်ထားခဲ့ကြောင်းဆိုပါတယ်။

photo internet

အမှန်တကယ်ဆိုရရင် ဒီနေရာလေးဟာ ရာစုဝက်ကျော်ကျော်လောက်နေထိုင်ခဲ့ကြတဲ့ နောက်ပိုင်းမှာ မြို့သူမြို့သားတွေဟာ အရေပြားရောဂါတစ်မျိုးဖြစ်ကာ ကပ်ရောဂါတစ်မျိုး ဖြစ်စေခဲ့ပြီး၊နယ်ချဲ့စပိန်တို့ကလည်း တိုက်ခိုက်မှုကြောင့် မြို့ပျက်စီးပြီး၊ ပျောက်ဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုတိမ်မြှုပ်ပျောက်ဆုံးနေခဲ့ရာမှ ၁၉၁၁ခုနှစ်မှာ အမေရိကန်သမိုင်းပညာရှိ ဟီရမ်ဘင်ဂမ်ကြောင့် မာချူးပီချူးကို ပိုပြီးသတိထားလာမိကြတာဖြစ်ပါ တယ်။ ဒါကြောင့်အခုအချိန်တွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာရောက်လေ့လာကြတဲ့ နေရာသစ်တစ်ခုဖြစ်နေပြီလို့ပြောချင်ပါတယ်။

photo internet

(Zawgyi Version)

ခရီးသြားမ်ားပိုၿပီးစိတ္၀င္စားေနတဲ့ မာခ်ဴးပီခ်ဴး

ေတာင္အေမရိကမွာ ခရီးသြားဧည့္သည္အမ်ားအျပားစိတ္၀င္စားမႈ အမ်ားဆံုးျဖစ္ေနတဲ့ ေနရာတစ္ခုကိုေျပာျပပါဆိုရင္ေတာ့ မာခ်ဴးပီခ်ဴးဆိုတဲ့ေနရာေလးပဲျဖစ္ပါတယ္။ ဒီေနရာေလးဟာ ကိုလံဘီယာေခတ္ မတိုင္မီ ၁၅ရာစုႏွစ္ေလာက္က အင္ကာတိုရဲ႕ ေဒသျဖစ္ၿပီး၊ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ ၇၉၇၀ေပမွာ တည္ရွိေနတာျဖစ္ပါတယ္။ ပီရူးႏိိုင္ငံ အူရူဘမ္ဘာျမစ္ျဖတ္စီးတဲ့ ေဒသမွာ တည္ရွိေနတဲ့ေနရာျဖစ္ပါတယ္။ ဒီေနရာေလးရဲ႕အေဆာက္အဦးပံုစံေတြရဲ႕ တည္ေဆာက္ပံုကိုၾကည့္မယ္ဆိုရင္အင္ကာဗိသုကာပညာရွင္မ်ားက အန္ဒတ္စ္ေတာင္တန္းေပၚမွာေလွကားထစ္ပံုစံနဲ႔တည္ေဆာက္ထားတာျဖစ္ပါတယ္။ အဲဒီေခတ္ကဗိသုကာပညာရွင္ေတြဟာ ဒီၿမိဳ႕ေလးကို ငလ်င္ဒဏ္ခံႏိုင္ဖို႔အတြက္ ေက်ာက္တံုးေတြကိုအယ္လ္ပံုစံထြင္းၿပီး ခ်ိတ္ဆက္တည္ေဆာက္ၾကတာျဖစ္ပါတယ္။

၁၉၇၆ ခုႏွစ္တြင္ မာခ်ဴးပီခ်ဴးရဲ႕ ၃၀% ခန္႔ဟာ ျပန္ၿပီးျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းေတြကို ဒီေန႔ထိေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ ၁၉၈၁ခုႏွစ္မွာ မာခ်ဴးပီခ်ဴးကို ပီရူးသမိုင္း၀င္ေဘးမဲ့ေတာအျဖစ္ေၾကၿငာခဲ့ကာ ၁၉၈၃ ခူႏွစ္ မွာေတာ့ ယူနက္စကို ကမၻာ့အေမြအႏွစ္ေနရာအျဖစ္သတ္မွတ္ေပးခဲ့တာ္လို႔ဆိုပါတယ္။ ၂၀၀၇ ခုႏွစ္မွာေတာ့ ကမၻာတစ္၀န္းက အင္တာနက္မဲေပးမႈအရ မာခ်ဴးပီခ်ဴးကို ေခတ္သစ္ကမၻာ့အ့့ံဖြယ္၇ပါးထဲမွာ ထည့္သြင္းသတ္မွတ္ဖို႔ေရြးခ်ယ္ထားခဲ့ေၾကာင္းဆိုပါတယ္။

အမွန္တကယ္ဆိုရရင္ ဒီေနရာေလးဟာ ရာစု၀က္ေက်ာ္ေက်ာ္ေလာက္ေနထိုင္ခဲ့ၾကတဲ့ ေနာက္ပိုင္းမွာ ၿမိဳ႕သူၿမိဳ႕သားေတြဟာ အေရျပားေရာဂါတစ္မ်ိဳးျဖစ္ကာ ကပ္ေရာဂါတစ္မ်ိဳး ျဖစ္ေစခဲ့ၿပီး၊နယ္ခ်ဲ႕စပိန္တို႔ကလည္း တိုက္ခိုက္မႈေၾကာင့္ ၿမိဳ႕ပ်က္စီးၿပီး၊ ေပ်ာက္ဆံုးတဲ့အထိ ျဖစ္ခဲ့ပါတယ္။ အဲဒီလိုတိမ္ျမွဳပ္ေပ်ာက္ဆံုးေနခဲ့ရာမွ ၁၉၁၁ခုႏွစ္မွာ အေမရိကန္သမိုင္းပညာရွိ ဟီရမ္ဘင္ဂမ္ေၾကာင့္ မာခ်ဴးပီခ်ဴးကို ပိုၿပီးသတိထားလာမိၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္အခုအခ်ိန္ေတြမွာေတာ့ ကမၻာလွည့္ခရီးသြားေတြအမ်ားဆံုးလာေရာက္ေလ့လာၾကတဲ့ ေနရာသစ္တစ္ခုျဖစ္ေနၿပီလို႔ေျပာခ်င္ပါတယ္။