ချစ်ခြင်းမေတ္တာများနဲ့ပြည့်ဝနေတဲ့နေရာတစ်ခု

0
2142
Photo internet

တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းဖြင့်သာပြောဆိုဆက်ဆံလာကြတယ်ဆိုရင် အမုန်းတရားဆိုတာဘာလဲလို့မေးကြရမယ့် အခြေအနေတွေဖြစ်လာမှာပါ။ ချစ်တဲ့မျက်စိနဲ့ ကြည့်နိုင်ကြဖို့၊ ကိုယ်ကလည်းတခြားလူကို ကြည့်ပြီး မုဒိတာပွားနေနိုင်ဖို့ကို နှလုံးသွင်းနိုင်ကြဖို့အများကြီးလိုပါတယ်။ အဲဒီလိုမျိုးတစ်ယောက်နဲ့တစ်ယောက် အမုန်းတရားမရှိသံသယကင်းရှင်းစွာနဲ့ စာနာမှုတွေ၊ ထားနိုင်ကြတဲ့ နေရာလေးတစ်ခုရှိနေတယ်ဆိုတဲ့ အကြောင်းလေ့လာကြည့်ကြရအောင်လားမိတ်ဆွေတို့ရေ။

photo internet

အဲဒီနေရာလေးက ဘယ်နေရာလဲလို့ပြောပြရရင် မျက်မှောက်ခေတ်ကာလမှာ လူသားတွေအချင်းချင်းပဋိပက္ခအမုန်းတရားတွေနဲ့ နိုင်ငံရေးလူမျိုးရေးအပြင် ငွေကြေးဆိုင်ရာကိစ္စရပ်တွေမရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာလေးဟာ အမှန်တကယ်ရှိနေတဲ့နေရာလေးဖြစ်ပါတယ်။ မြို့နာမည်လေးကတော့ Auroville မြို့လေးပဲဖြစ်ပါတယ်။ တည်နေရာအားဖြင့်ပြောပြရမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံTami Nadu ပြည်နယ် အတွင်းက Viluppuram ခရိုင်နဲ့ အိန္ဒိယတောင်ပိုင်းPuducherry ပြည်ထောင်စုနယ်မြေ အကြားဒေသမှာတည်ရှိနေတဲ့နေရာဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းနယ်မြေဖြစ်လာအောင် စတင် အကောင်အထည်ဖော်ဖို့ဦးဆောင်လာခဲ့သူဟာ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာသိရပါတယ်။

photo internet

သူမဟာ ဒီနယ်မြေကို ၁၉၆၈ခု မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဟိုး၁၉၃၀ခုလောက်ကတည်းက ဒီလိုနယ်မြေလေးဖြစ်ဖို့စိတ်ကူးရှိခဲ့ပေမယ့်၊ အကြောင်းကြောင်းကြောင့် ၁၉၆၀အလယ်ပိုင်းရောက်ချိန်မှာ မှ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။သူမကို Mirra Alfassa လို့ခေါ်ကြောင်းသိရပါတယ်။ပထမပိုင်းမှာတော့ အိန္ဒိယအစိုးရဘက်မှ သဘောတူဖို့အခက်အခဲရှိခဲ့ပေမယ့်၊ ယူနက်စကိုရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နောက်မှလိုက်လျောပေးခဲ့တာကြောင့် ၁၉၆၆ခုမှာ အဲဒီနေရာလေးကို ယူနက်စကိုရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာရှိနေတဲ့ တရားဝင် လူ့အဖွဲ့အစည်း အဖြစ်ကြေညာခဲ့ပါတယ်။ ဒီနေရာလေးကို တည်ထောင်ရတဲ့ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းပြီးလက်တွေ့ဆန်တဲ့လူ့အဖွဲ့အစည်းအဖြစ်ရှိဖို့ပဲဖြစ်ပါတယ်။

photo internet

ဒါတွေတင်မကသေးဘဲဒီနေရာလေးအတွက် နိုင်ငံရေး၊ ဘာသာတရားကိုးကွယ်ယုံကြည်မှုတွေနဲ့ ငွေကြေးသုံးစွဲမှုတွေကိုလည်း အဲဒီမြို့လေးမှာ လုံးဝတွေ့ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒီနေရာလေးဖွင့်ပွဲမှာ အဖြူရောင်စကျင်ကျောက်တွေနဲ့ရောနှောပြီး၊ ကြာပန်းပုံခွက်တွေဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီကြာခွက်တွေကို အမိုးမပါတဲ့ အဲဒီAuroville မြို့ရဲ့ ခန်းမဆောင်အလယ်မှာတွေ့နိုင်ကြောင်းသိရပါတယ်။ မြို့ရဲ့ဒီဇိုင်းကိုဆွဲပေးတဲ့သူကတော့ ပြင်သစ်ဗိသုကာပညာရှင် ရိုဂျာအင်န်ဂါပဲဖြစ်ပါတယ်။ လူပေါင်း၅သောင်းလောက်နေထိုင်နိုင်တဲ့အထိ အိမ်တွေကိုလုံလောက်အောင်ဆောက်လု ပ်ထားပေမယ့်၊လက်ရှိချိန်မှာတော့ နှစ်ထောင်ကျော်ပဲနေထိုင်ကြသေးတာဖြစ်ပါတယ်။ ဒီနေရာလေးကို ဇုန်၆ခုခွဲတည်ဆောက်ထားတယ်လို့ဆိုပါတယ်။ စက်မှုဇုန်၊နိုင်ငံတကာဇုန်၊ ယဉ်ကျေးမှုဇုန်၊ငြိမ်းချမ်းရေးဇုန်၊ လူနေဇုန်၊ အစိမ်းရောင်ဇုန်တို့ဆိုပြီးခွဲထားတာတွေ့ရမှာဖြစ်ပါတယ်။

photo internet

သူ့ဇုန်နဲ့သူနေရာအလိုက်မှာ ဆိုင်ရာပစ္စည်းလေးတွေထားပေးပြီး၊အဲဒီဇုန်များထဲကမှ အစိမ်းရောင်ဇုန်ဟာဆိုရင်လည်း စိမ်းလန်းစိုပြည်ရေးအတွက် ဖြစ်ပြီး၊ အော်ဂဲနစ်စိုက်ခင်း ၊ ဆေးဖက်ဝင်အပင်များစိုက်ခြင်းတွေကိုလည်းပြုလုပ်ထားတဲ့နေရာတစ်ခုအဖြစ်တွေ့ရမှာဖြစ်ပါတယ်။ ဒီမြို့လေးကိုတည်ထောင်ပေးခဲ့တဲ့ Mirra Alfassa ဟာ သူမအသက် ၉၅နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ တယ်ဆိုတာသိရပါတယ်။

photo internet

(Zawgyi Version)

ခ်စ္ျခင္းေမတၱာမ်ားနဲ႔ျပည့္ဝေနတဲ့ေနရာတစ္ခု

တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ျခင္းျဖင့္သာေျပာဆိုဆက္ဆံလာၾကတယ္ဆိုရင္ အမုန္းတရားဆိုတာဘာလဲလို႔ေမးၾကရမယ့္ အေျခအေနေတြျဖစ္လာမွာပါ။ ခ်စ္တဲ့မ်က္စိနဲ႔ ၾကည့္ႏိုင္ၾကဖို႔၊ ကိုယ္ကလည္းတျခားလူကို ၾကည့္ၿပီး မုဒိတာပြားေနႏိုင္ဖို႔ကို ႏွလုံးသြင္းႏိုင္ၾကဖို႔အမ်ားႀကီးလိုပါတယ္။ အဲဒီလိုမ်ိဳးတစ္ေယာက္နဲ႔တစ္ေယာက္ အမုန္းတရားမရွိသံသယကင္းရွင္းစြာနဲ႔ စာနာမႈေတြ၊ ထားႏိုင္ၾကတဲ့ ေနရာေလးတစ္ခုရွိေနတယ္ဆိုတဲ့အေၾကာင္းေလ့လာၾကည့္ၾကရေအာင္လားမိတ္ေဆြတို႔ေရ။

အဲဒီေနရာေလးက ဘယ္ေနရာလဲလို႔ေျပာျပရရင္ မ်က္ေမွာက္ေခတ္ကာလမွာ လူသားေတြအခ်င္းခ်င္းပဋိပကၡအမုန္းတရားေတြနဲ႔ ႏိုင္ငံေရးလူမ်ိဳးေရးအျပင္ ေငြေၾကးဆိုင္ရာကိစၥရပ္ေတြမရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ဒီေနရာေလးဟာ အမွန္တကယ္ရွိေနတဲ့ေနရာေလးျဖစ္ပါတယ္။ ၿမိဳ႕နာမည္ေလးကေတာ့ Auroville ၿမိဳ႕ေလးပဲျဖစ္ပါတယ္။ တည္ေနရာအားျဖင့္ေျပာျပရမယ္ဆိုရင္ေတာ့ အိႏၵိယႏိုင္ငံTami Nadu ျပည္နယ္ အတြင္းက Viluppuram ခ႐ိုင္နဲ႔ အိႏၵိယေတာင္ပိုင္းPuducherry ျပည္ေထာင္စုနယ္ေျမ အၾကားေဒသမွာတည္ရွိေနတဲ့ေနရာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းျခင္းနယ္ေျမျဖစ္လာေအာင္ စတင္ အေကာင္အထည္ေဖာ္ဖို႔ဦးေဆာင္လာခဲ့သူဟာ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္ဆိုတာသိရပါတယ္။

သူမဟာ ဒီနယ္ေျမကို ၁၉၆၈ခု မွာ စၿပီးတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဟိုး၁၉၃၀ခုေလာက္ကတည္းက ဒီလိုနယ္ေျမေလးျဖစ္ဖို႔စိတ္ကူးရွိခဲ့ေပမယ့္၊ အေၾကာင္းေၾကာင္းေၾကာင့္ ၁၉၆၀အလယ္ပိုင္းေရာက္ခ်ိန္မွာ မွ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။သူမကို Mirra Alfassa လို႔ေခၚေၾကာင္းသိရပါတယ္။ပထမပိုင္းမွာေတာ့ အိႏၵိယအစိုးရဘက္မွ သေဘာတူဖို႔အခက္အခဲရွိခဲ့ေပမယ့္၊ ယူနက္စကိုရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ေနာက္မွလိုက္ေလ်ာေပးခဲ့တာေၾကာင့္ ၁၉၆၆ခုမွာ အဲဒီေနရာေလးကို ယူနက္စကိုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေအာက္မွာရွိေနတဲ့ တရားဝင္ လူ႔အဖြဲ႕အစည္း အျဖစ္ေၾကညာခဲ့ပါတယ္။ ဒီေနရာေလးကို တည္ေထာင္ရတဲ့ရည္႐ြယ္ခ်က္ဟာ ၿငိမ္းခ်မ္းၿပီးလက္ေတြ႕ဆန္တဲ့လူ႔အဖြဲ႕အစည္းအျဖစ္ရွိဖို႔ပဲျဖစ္ပါတယ္။

ဒါေတြတင္မကေသးဘဲဒီေနရာေလးအတြက္ ႏိုင္ငံေရး၊ ဘာသာတရားကိုးကြယ္ယုံၾကည္မႈေတြနဲ႔ ေငြေၾကးသုံးစြဲမႈေတြကိုလည္း အဲဒီၿမိဳ႕ေလးမွာ လုံးဝေတြ႕ရမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ ဒီေနရာေလးဖြင့္ပြဲမွာ အျဖဴေရာင္စက်င္ေက်ာက္ေတြနဲ႔ေရာေႏွာၿပီး၊ ၾကာပန္းပုံခြက္ေတြေဖာ္ေဆာင္ခဲ့ၾကပါတယ္။ အဲဒီၾကာခြက္ေတြကို အမိုးမပါတဲ့ အဲဒီAuroville ၿမိဳ႕ရဲ႕ ခန္းမေဆာင္အလယ္မွာေတြ႕ႏိုင္ေၾကာင္းသိရပါတယ္။ ၿမိဳ႕ရဲ႕ဒီဇိုင္းကိုဆြဲေပးတဲ့သူကေတာ့ ျပင္သစ္ဗိသုကာပညာရွင္ ႐ိုဂ်ာအင္န္ဂါပဲျဖစ္ပါတယ္။ လူေပါင္း၅ေသာင္းေလာက္ေနထိုင္ႏိုင္တဲ့အထိ အိမ္ေတြကိုလုံေလာက္ေအာင္ေဆာက္လု ပ္ထားေပမယ့္၊လက္ရွိခ်ိန္မွာေတာ့ ႏွစ္ေထာင္ေက်ာ္ပဲေနထိုင္ၾကေသးတာျဖစ္ပါတယ္။ ဒီေနရာေလးကို ဇုန္၆ခုခြဲတည္ေဆာက္ထားတယ္လို႔ဆိုပါတယ္။ စက္မႈဇုန္၊ႏိုင္ငံတကာဇုန္၊ ယဥ္ေက်းမႈဇုန္၊ၿငိမ္းခ်မ္းေရးဇုန္၊ လူေနဇုန္၊ အစိမ္းေရာင္ဇုန္တို႔ဆိုၿပီးခြဲထားတာေတြ႕ရမွာျဖစ္ပါတယ္။

သူ႔ဇုန္နဲ႔သူေနရာအလိုက္မွာ ဆိုင္ရာပစၥည္းေလးေတြထားေပးၿပီး၊အဲဒီဇုန္မ်ားထဲကမွ အစိမ္းေရာင္ဇုန္ဟာဆိုရင္လည္း စိမ္းလန္းစိုျပည္ေရးအတြက္ ျဖစ္ၿပီး၊ ေအာ္ဂဲနစ္စိုက္ခင္း ၊ ေဆးဖက္ဝင္အပင္မ်ားစိုက္ျခင္းေတြကိုလည္းျပဳလုပ္ထားတဲ့ေနရာတစ္ခုအျဖစ္ေတြ႕ရမွာျဖစ္ပါတယ္။ ဒီၿမိဳ႕ေလးကိုတည္ေထာင္ေပးခဲ့တဲ့ Mirra Alfassa ဟာ သူမအသက္ ၉၅ႏွစ္အ႐ြယ္မွာပဲကြယ္လြန္ခဲ့တယ္ဆိုတာသိရပါတယ္။