အသက်၇၀အရွယ်ရောက်နေပေမယ့်လည်း သမုဒ္ဒရာကိုလှေနဲ့ဖြတ်သန်းနိုင်ခဲ့သူ

0
729
photo internet

လူငယ်တွေပဲလှော်နိုင်ခတ်နိုင်ကြတယ်မထင်ကြပါနဲ့ တချို့လူကြီးတွေမှာလည်း ကြိုးစားနေထိုင်ကျင့်ကြံ အားထုတ်နိုင်စွမ်းတွေရှိပါတယ်။ အမြဲတမ်းလေ့ကျင့်မှုရဲ့ ရလဒ်ကို အောင်မြင်စွာရရှိခဲ့တဲ့ အဘိုးအိုတစ်ယောက်အကြောင်းကိုပြောပြပေးချင်ပါတယ်။ အဘိုးအိုအနေနဲ့ လှေလို့သိထားကြတဲ့ အလုံပိတ်အပေါ့စားလှေငယ်လေးတစ်စင်းကို အသုံးပြုပြီးအတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ဒိုဘာလို့ခေါ်ပါတယ်။ Aleksander DoBAရဲ့ခရီးစဉ်မှာ ၇မီတာအရှည်ရှိတဲ့ ကယပ်လှေကို ရွက်လွှင့်တာမျိုးမလုပ်ဘဲ လှော်တက်ကို သာအသုံးပြုပြီး၊သမုဒ္ဒရာခရီးစဉ်ကို အစပြုခဲ့တယ်လို့သိရပါတယ်။ စွန့်စားရတာကိုကြိုက်နှစ်သက်တဲ့ ဒိုဘာ အတွက်တော့ ဝေးလွန်းလှတဲ့ ရေလမ်းကြောင်းခရီးစဉ်တွေဟာ ပထမဆုံးအကြိ်မ်မဟုတ် တော့တာကြောင့်အခုလည်း ထပ်မံစွန့်စားဖြတ်သန်းဖို့အတွက် အတ္တလန်တိတ် သမုဒ္ဒရာကိုရွေးချယ်ခဲ့တာဟာ ၃ကြိမ်မြောက်ဖြစ်ကြောင်းဆိုပါတယ်။

photo internet

ရက်ပေါင်း၈၀နဲ့ဖြတ်သန်းခဲ့တဲ့ဘောလ်တစ်ပင်လယ်ကိုတော့ ၁၉၉၉ခုနှစ်ကဖြတ်နိုင်ခဲ့တာဖြစ်ပြီး၊ ၂၀၀၀ပြည့်နှစ်ကတော့ ပိုလန်နိုင်ငံPOLICEကနေ နော်ဝေနိုင်ငံတွင်းကNarvilမြို့ကိုရေကြောင်းခရီးနဲ့ ၁၀၁ရက်ကြာအောင်ဖြတ်သန်း လှော်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ၂၀၀၉ခုနှစ်မှာလည်း ရုရှားနိုင်ငံဆိုက်ဘေးရီးယား မှာရှိနေတဲ့နာမည်ကျော်LakeBaikalကို၄၁ရက်ကြာအောင်ကျော်ဖြတ်ပြနိုင်ခဲ့တာကြောင့် မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဒိုဘာဟာ ရေယာဉ်မှုး လက်မှတ်နဲ့ ရေကြောင်းကျွမ်းကျင်သူအဖြစ်လည်းပြည့်စုံတဲ့အထောက်အထားတွေကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်သလို၊ လေထီးနဲ့၁၄ကြိမ်အထိလည်း ခုန်ဆင်းနိုင်ခဲ့သူဖြစ်ပါတယ်။ဒိုဘာရဲ့ ကျွမ်းကျင်မှုတွေဟာ မှတ်တမ်းတွေနဲ့ကို ရှိနေခဲ့သူဖြစ်ပါ တယ်။ လေယာဉ်မောင်းသူအဖြစ်နဲ့လည်း ကောင်းကင်အထက် နာရီပေါင်း၂၅၀ နေနိုင်ခဲ့တဲ့မှတ်တမ်းလည်းရှိခဲ့သူဖြစ်ပါတယ်။

photo internet

ဒိုဘာကို ပိုလန်နိုင်ငံအလယ်ပိုင်း Swarzedမှာ မွေးဖွားခဲ့တာဖြစ်ကာ ၁၉၄၆ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက် အခုချိန်မှာတော့ ၇၄နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး အတ္တလန်တိတ်ဖြတ်ကျော်ခရီးစဉ်ဟာ ၂၀၁၀မှာစခဲ့တာဖြစ်ပြီး၊ ရေပြင်အထက် ကီလိုမီတာ၅၃၉၄ ဝေးတဲ့နေရာကို ၉၉ရက်နဲ့ လှော်ခတ်ဖြတ်သန်းနိုင်ခဲ့ ပါတယ်။ လှေခတ်နှုန်းဟာဆိုရင် တစ်နာရီကို ၂.၂၆ ကီလိုမီတာအထိရောက်အောင်လှော်ခတ်လာနိုင်ခဲ့ ရာမှာ အလေးချိန်၆၄ပေါင်ထိကျဆင်းခဲ့တယ်လို့ဆိုပါတယ်။အမေရိကကမ်းခြေတစ်လျှောက်ကနေ ဝါရှင်တန်ဒီစီအထိ မိုင်၆၀၀ခရီးကိုလှော်ခတ်ခဲ့ရာမှာ ပီရူးကနေ ဘရာဇီးသွားတဲ့ခရီးစဉ်မှာ အမေဇုံမြစ်ထဲမှာဓားပြတိုက်ခံခဲ့ရတာလည်းကြုံခဲ့ရပါတယ်။

photo internet

၂၀၁၃ခုအောက်တိုဘာမှာဒုတိယအကြိမ်ဖြတ်သန်းခဲ့ပြီး၊၂၀၁၄ခုနှစ် ဧပြီ မှာတော့ ပန်းတိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ New Smyrna ကမ်းခြေကို ဆိုက်ကပ်နိုင်ခဲ့ရာမှာရက်ပေါင်း ၁၉၆ရက်ကြာကာ မိုင်ပေါင်း ၆၃၀၀ရှိတယ်လို့ဆိုပါတယ်။သူ့ရဲ့ တတိယမြောက် ခရီးစဉ်ကိုတော့ ၂၀၁၇ခုမှာ ပြင်သစ်နိုင်ငံ le Conquet ကနေစကာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်အတွင်းက Barnegat Bay မှာ အဆုံးသတ်ဖို့အတွက် ရက်ပေါင်း ၁၀၀ကျော်ပင်လယ်ထဲမှာနေခဲ့ရပါတယ်။ ဒီခရီးစဉ်မှာအသုံးပြုခဲ့တဲ့ ကယပ်လှေဟာ ၂၃ပေရှည်လျားပြီးပေါင်၁၅၀၀လောက် တင်ဆောင်နိုင်တဲ့လှေဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ဒီခရီးမှာပြင်းထန်တဲ့မုန်တိုင်းတွေကိုလည်း ရင်ဆိုင်ခဲ့ရပြီး ရေဒါတောင်ပျက်စီးခဲ့ပါတယ်။ အသက်မသေဘဲ ခရီးလမ်းဟာ ချောမွေ့ခဲ့ပေမယ့် သူ့ရဲ့ စွန့်စားခန်းကို ဆက်ပြီး မပြနိုင်ခဲ့တော့ဘဲ အနားယူခဲ့ရပါပြီ။သူအနားယူတဲ့အချိန် သူ့ရဲ့ စွန့်စားမှုတွေအတွက် နိုင်ငံတကာက အသိအမှတ်ပြုဂုဏ်ပြုဆုတံဆိပ်များစွာကိုပိုင်ဆိုင်ခဲ့တဲ့နာမည်ကျော် လူစွန့်စားဒိုဘာဟာ အခုချိန်ထိ ပိုလန်နိုင်ငံမှာပဲနေထိုင်လျက်ရှိပါတယ်။

photo internet

(Zawgyi Version)

အသက္၇၀အရြယ္ေရာက္ေနေပမယ့္လည္း သမုဒၵရာကိုေလွနဲ႔ျဖတ္သန္းႏိုင္ခဲ့သူ

လူငယ္ေတြပဲေလွာ္ႏိုင္ခတ္ႏိုင္ၾကတယ္မထင္ၾကပါနဲ႔ တခ်ိဳ႕လူႀကီးေတြမွာလည္း ႀကိဳးစားေနထိုင္က်င့္ႀကံအားထုတ္ႏိုင္စြမ္းေတြရိွပါတယ္။ အၿမဲတမ္းေလ့က်င့္မႈရဲ႕ ရလဒ္ကို ေအာင္ျမင္စြာရရွိခဲ့တဲ့ အဘိုးအိုတစ္ေယာက္အေၾကာင္းကိုေျပာျပေပးခ်င္ပါတယ္။ အဘိုးအိုအေနနဲ႔ ေလွလို႔သိထားၾကတဲ့ အလံုပိတ္အေပါ့စားေလွငယ္ေလးတစ္စင္းကို အသံုးျပဳၿပီးအတၱလန္တိတ္သမုဒၵရာကို ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။ သူ႔ကိုေတာ့ ဒိုဘာလို႔ေခၚပါတယ္။ Aleksander DoBAရဲ႕ခရီးစဥ္မွာ ၇မီတာအရွည္ရွိတဲ့ ကယပ္ေလွကို ရြက္လႊင့္တာမ်ိဳးမလုပ္ဘဲ ေလွာ္တက္ကို သာအသံုးျပဳၿပီး၊သမုဒၵရာခရီးစဥ္ကို အစျပဳခဲ့တယ္လို႔သိရပါတယ္။ စြန္႔စားရတာကိုႀကိဳက္ႏွစ္သက္တဲ့ ဒိုဘာ အတြက္ေတာ့ ေ၀းလြန္းလွတဲ့ ေရလမ္းေၾကာင္းခရီးစဥ္ေတြဟာ ပထမဆံုးအႀကိ္္မ္မဟုတ္ ေတာ့တာေၾကာင့္အခုလည္း ထပ္မံစြန္႔စားျဖတ္သန္းဖို႔အတြက္ အတၱလန္တိတ္ သမုဒၵရာကိုေရြးခ်ယ္ခဲ့တာဟာ ၃ႀကိမ္ေျမာက္ျဖစ္ေၾကာင္းဆိုပါတယ္။

ရက္ေပါင္း၈၀နဲ႔ျဖတ္သန္းခဲ့တဲ့ေဘာလ္တစ္ပင္လယ္ကိုေတာ့ ၁၉၉၉ခုႏွစ္ကျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး၊ ၂၀၀၀ျပည့္ႏွစ္ကေတာ့ ပိုလန္ႏိုင္ငံPOLICEကေန ေနာ္ေ၀ႏိုင္ငံတြင္းကNarvilၿမိဳ႕ကိုေရေၾကာင္းခရီးနဲ႔ ၁၀၁ရက္ၾကာေအာင္ျဖတ္သန္းေလွာ္ခတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ၂၀၀၉ခုႏွစ္မွာလည္း ရုရွားႏိုင္ငံဆိုက္ေဘးရီးယားမွာရွိေနတဲ့နာမည္ေက်ာ္LakeBaikalကို၄၁ရက္ၾကာေအာင္ေက်ာ္ျဖတ္ျပႏိုင္ခဲ့တာေၾကာင့္ မွတ္တမ္း၀င္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဒါ့အျပင္ ဒိုဘာဟာ ေရယာဥ္မႈး လက္မွတ္နဲ႔ ေရေၾကာင္းက်ြမ္းက်င္သူအျဖစ္လည္းျပည့့္စံုတဲ့အေထာက္အထားေတြကို ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္းျဖစ္သလို၊ ေလထီးနဲ႔၁၄ႀကိမ္အထိလည္း ခုန္ဆင္းနိုင္ခဲ့သူျဖစ္ပါတယ္။ဒိုဘာရဲ႕ က်ြမ္းက်င္မႈေတြဟာ မွတ္တမ္းေတြနဲ႔ကို ရွိေနခဲ့သူျဖစ္ပါ တယ္။ ေလယာဥ္ေမာင္းသူအျဖစ္နဲ႔လည္း ေကာင္းကင္အထက္ နာရီေပါင္း၂၅၀ ေနႏိုင္ခဲ့တဲ့မွတ္တမ္းလည္းရွိခဲ့သူျဖစ္ပါတယ္။

ဒိုဘာကို ပိုလန္ႏိုင္ငံအလယ္ပိုင္း Swarzedမွာ ေမြးဖြားခဲ့တာျဖစ္ကာ ၁၉၄၆ခုႏွစ္မွာေမြးဖြားခဲ့တာျဖစ္တဲ့အတြက္ အခုခ်ိန္မွာေတာ့ ၇၄ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူ႔ရဲဲ႕ ပထမဆံုး အတၱလန္တိတ္ျဖတ္ေက်ာ္ခရီးစဥ္ဟာ ၂၀၁၀မွာစခဲ့တာျဖစ္ၿပီး၊ ေရျပင္အထက္ ကီလိုမီတာ၅၃၉၄ ေ၀းတဲ့ေနရာကို ၉၉ရက္နဲ႔ ေလွာ္ခတ္ျဖတ္သန္းနိုင္ခဲ့ပါတယ္။ ေလွခတ္ႏႈန္းဟာဆိုရင္ တစ္နာရီကို ၂.၂၆ ကီလိုမီတာအထိေရာက္ေအာင္ေလွာ္ခတ္လာနိုင္ခဲ့ရာမွာ အေလးခ်ိန္၆၄ေပါင္ထိက်ဆင္းခဲ့တယ္လို႔ဆိုပါတယ္။အေမရိကကမ္းေျခတစ္ေလွ်ာက္ကေန ၀ါရွင္တန္ဒီစီအထိ မိုင္၆၀၀ခရီးကိုေလွာ္ခတ္ခဲ့ရာမွာ ပီရူးကေန ဘရာဇီးသြားတဲ့ခရီးစဥ္မွာအေမဇံုျမစ္ထဲမွာဓားျပတိုက္ခံခဲ့ရတာလည္းႀကံဳခဲ့ရပါတယ္။

၂၀၁၃ခုေအာက္တိုဘာမွာဒုတိယအႀကိမ္ျဖတ္သန္းခဲ့ၿပီး၊၂၀၁၄ခုႏွစ္ ဧၿပီ မွာေတာ့ ပန္းတိုင္ျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္မွ New Smyrna ကမ္းေျခကို ဆိုက္ကပ္ႏိုင္ခဲ့ရာမွာရက္ေပါင္း ၁၉၆ရက္ၾကာကာ မိုင္ေပါင္း ၆၃၀၀ရွိတယ္လို႔ဆိုပါတယ္။သူ႔ရဲ႕ တတိယေျမာက္ ခရီးစဥ္ကိုေတာ့ ၂၀၁၇ခုမွာ ျပင္သစ္ႏိုင္ငံ le Conquet ကေနစကာ အေမရိကန္ျပည္ေထာင္စု နယူးဂ်ာစီျပည္နယ္အတြင္းက Barnegat Bay မွာ အဆံုးသတ္ဖို႔အတြက္ ရက္ေပါင္း ၁၀၀ေက်ာ္ပင္လယ္ထဲမွာေနခဲ့ရပါတယ္။ ဒီခရီးစဥ္မွာအသံုးျပဳခဲ့တဲ့ကယပ္ေလွဟာ ၂၃ေပရွည္လ်ားၿပီးေပါင္၁၅၀၀ေလာက္ တင္ေဆာင္ႏိုင္တဲ့ေလွျဖစ္တယ္လို႔ဆိုပါတယ္။ သူ႕ရဲ႕ဒီခရီးမွာျပင္းထန္တဲ့မုန္တိုင္းေတြကိုလည္း ရင္ဆိုင္ခဲ့ရၿပီး ေရဒါေတာင္ပ်က္စီးခဲ့ပါတယ္။ အသက္မေသဘဲ ခရီးလမ္းဟာ ေခ်ာေမြ႔ခဲ့ေပမယ့္ သူ႔ရဲ႕ စြန္႔စားခန္းကို ဆက္ၿပီး မျပႏိုင္ခဲ့ေတာ့ဘဲ အနားယူခဲ့ရပါၿပီ။သူအနားယူတဲ့အခ်ိန္ သူ႔ရဲ႕ စြန္႔စားမႈေတြအတြက္ ႏိုင္ငံတကာက အသိအမွတ္ျပဳဂုဏ္ျပဳဆုတံဆိပ္မ်ားစြာကိုပိုင္ဆိုင္ခဲ့တဲ့နာမည္ေက်ာ္ လူစြန္႔စားဒိုဘာဟာ အခုခ်ိန္ထိ ပိုလန္ႏိုင္ငံမွာပဲေနထိုင္လ်က္ရွိပါတယ္။