ကျန်းမာရေးအတွက်အခက်တွေ့စေမယ့် ပေ၂၀၀ကျော်အမှိုက်ပုံ

0
2403
photo internet

အမှိုက်ကစပြဿဒ်မီးလောင်ဆိုတဲ့အတိုင်းအမှိုက်စလေးတွေကို အနည်းအကျဉ်းကစပြီး အမှုမဲ့အမှတ်မဲ့နဲ့ စွန့်ပစ်ပြီးနေလာခဲ့ကြတာဟာ နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှမြေသြဇာမဖြစ်သွားတဲ့အပြင် တောင်ကြီးပမာမြင့်မားလာတဲ့အချိန်မှာ ဘာတွေဘယ်လိုလုပ်ကြမလဲဆိုပြီး အခက်တွေ့နေကြပြီဖြစ်ပါတယ်။ အခုဆိုရင် အဲဒီလိုကာလကြာရှည်စွန့်ပစ်လာခဲ့တဲ့အမှိုက်ပုံကြီးဟာ အိန္ဒိယနိုင်ငံမှာ အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကြီးကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဒီအမှိုက်ပုံကြီးဟာ ၁၈၉၄ခုနှစ်ကတည်းက စွန့်ပစ်လာခဲ့တဲ့ အမှိုက်တွေဖြစ်တယ်ဆိုတာကြောင့် နှစ်တွေဘယ်လောက်ကြာပြီလဲဆိုတာခန့်မှန်းမိနေလောက်ပါပြီ။

 

photo internet

၂၀၀၂ခုနှစ်ရောက်တဲ့အချိန်မှာ ရပ်ပစ်သင့်ပြီဆိုတဲ့ ပမာဏကို ရောက်ရှိကြောင်းပြောကြားခဲ့ပေမယ့်၊ ပိတ်ပင်တားမြစ်ခြင်း မလုပ်ဘဲနေလာခဲ့တာကြောင့် အခုဆိုရင် ပေ နှစ်ရာကျော် အမြင့် အထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ပျမ်းမျှခြင်းအနေနဲ့ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုပါက တစ်နှစ်ကို ၃၃ပေခန်ထိမြင့် တက်နေရာ နောက်နှစ်တွေမှာ ဆိုရင်ပေ ၂၄၀ အမြင့် ရှိတဲ့ တပ်ချ်မဟာရဲ့ အမြင့်ကိုတောင် ကျော်လွန်တော့မှာဖြစ်တယ် လို့ဆိုပါတယ်။ တောင်တစ်လုံးမျှနီးပါးဖြစ်လာတာကြောင့် အမှိုက်ပုံကြီးကို ရဟတ်ယာဉ်တွေဝင်တိုက်မိမှာစိုး တာကြောင့် အမှိုက်ပုံထိပ်ပိုင်းမှာ အနီရောင် သတိပေးမီးလင်းတိုင်များ စိုက်ထားဖို့အတွက် အိန္ဒိယတရားရုံးချုပ်ရဲ့ သတိပေးတာကို ခံခဲ့ရပါတယ်။

photo internet

ဒီအမှိုက်ပုံကြောင့် Ghazipurမြို့ဟာဆိုရင် ဆိုးရွားတဲ့လေထုညစ်ညမ်းမှုကို ရင်ဆိုင်နေရပြီး၊ အသက်ရှုမှုဆိုင်ရာ ရောဂါတွေကိုလည်း ခံစားနေကြရပြီဖြစ်ပါတယ်။ အိန္ဒိယမြို့တွေရဲ့ နှစ်စဉ်ပျမ်းမျှ အမှိုက်တန်ချိန်၆၂သန်းခန့် ထွက်ရှိနေတာဖြစ်ပြီး၊ ၂၀၃၀ရောက်ရင်တော့ တန်ချိန်ပေါင်း ၁၆၅သန်းအထိတိုးမြင့်လာလိမ့်မယ်လို့စစ်တမ်း အရဆိုပါတယ်။

photo internet

ဒီအမှိုက်ပုံကြီးဟာ တိရစ္ဆာန်အသေများနဲ့ နံစော်လှတဲ့ အောက်သိုးသိုးအနံ့များထွက်ပေါ်နေပြီး၊ ဝမ်းရေးအတွက် အမှိုက်ကောက်စီးပွားရှာသူများဟာ ၁၀၀၀ခန့်ရှိပြီး၊ အဲဒီထဲမှာ ကလေးတွေအများဆုံးဖြစ်ကြောင်းသိရပါတယ်။ Chintanသဘာဝနဲ့ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့Chitra Mukherjeeက အမှိုက်ဆက်ပြီးမပုံတော့ဘဲရပ်ဖို့ပြောနေပြီး၊ ဆက်ပုံနေကြမယ်ဆိုရင်တော့ ဆိုရွားတဲ့လေထုညစ်ညမ်းမှုနဲ့ မြေအောက်ရေညစ်ညမ်းမှုတွေကိုမကြာခင်မှာရင်ဆိုင်ရတော့မယ်လို့ သတိပေးထောက်ပြခဲ့ပါတယ်။ အမှိုက်ပုံကြီးပိုပြီးထုထည်ထူပြီးမြင့်လာလေ ကျန်းမာရေးအတွက်ပတ်ဝန်းကျင်မှာလည်း ဆိုးရွားစွာရင်ဆိုင်ရလေဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုတွေလည်း တစ်စထက်တစ်စ အနှေးနဲ့ အမြန်မီးလောင်ဖို့ရာလည်း ပိုပြီးနီးလာပြီဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ အတော်အတန်လျှော့ချနိုင်လိမ့်ယ်လို့ပညာရှင်များက ခန့်မှန်းထားကြောင်းဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပလတ်စတစ်တင်သွင်းမှုများကိုတောင် စောစောပိုင်းနှစ်များတည်းက ပိတ်ပင်လိုက်ပြီဖြစ်ပြီး၊ ပြန်ပြီးသန့်စင်သုံးစွဲကြမယ်ဆိုပါက အမှိုက်နဲ့ ပလတ်စတစ်ကိစ္စဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

က်န္းမာေရးအတြက္အခက္ေတြ႔ေစမယ့္ ေပ၂၀၀ေက်ာ္အမိႈက္ပံု

အမိႈက္ကစျပႆဒ္မီးေလာင္ဆိုတဲ့အတိ္ုင္းအမိႈက္စေလးေတြကို အနည္းအက်ဥ္းကစၿပီး အမႈမဲ့အမွတ္မဲ့နဲ႔ စြန္႔ပစ္ၿပီးေနလာခဲ့ၾကတာဟာ ႏွစ္ေပါင္းမ်ားစြာၾကာလာတာနဲ႔အမွ်ေျမၾသဇာမျဖစ္သြားတဲ့အျပင္ ေတာင္ႀကီးပမာျမင့္မားလာတဲ့အခ်ိန္မွာ ဘာေတြဘယ္လိုလုပ္ၾကမလဲဆိုၿပီး အခက္ေတြ႔ေနၾကၿပီျဖစ္ပါတယ္။ အခုဆိုရင္ အဲဒီလိုကာလၾကာရွည္စြန္႔ပစ္လာခဲ့တဲ့အမိႈက္ပံုႀကီးဟာ အိႏၵိယႏိုင္ငံမွာ အႀကီးဆံုးဆိုတဲ့ ဂုဏ္ပုဒ္ႀကီးကိုပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ ဒီအမိႈက္ပံုႀကီးဟာ ၁၈၉၄ခုႏွစ္ကတည္းက စြန္႔ပစ္လာခဲ့တဲ့ အမိႈက္ေတြျဖစ္တယ္ဆိုတာေၾကာင့္ ႏွစ္ေတြဘယ္ေလာက္ၾကာၿပီလဲဆိုတာခန္႔မွန္းမိေနေလာက္ပါၿပီ။

၂၀၀၂ခုႏွစ္ေရာက္တဲ့အခ်ိန္မွာ ရပ္ပစ္သင့္ၿပီဆိုတဲ့ ပမာဏကို ေရာက္ရွိေၾကာင္းေျပာၾကားခဲ့ေပမယ့္၊ ပိတ္ပင္တားျမစ္ျခင္း မလုပ္ဘဲေနလာခဲ့တာေၾကာင့္ အခုဆိုရင္ ေပ ႏွစ္ရာေက်ာ္ အျမင့္ အထိရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ပ်မ္းမွ်ျခင္းအေနနဲ႕ ဒီအတိုင္းသာဆက္သြားေနမယ္ဆိုပါက တစ္ႏွစ္ကို ၃၃ေပခန္ထိျမင့္ တက္ေနရာ ေနာက္ႏွစ္ေတြမွာ ဆိုရင္ေပ ၂၄၀ အျမင့္ ရွိတဲ့ တပ္ခ်္မဟာရဲ႕ အျမင့္ကိုေတာင္ ေက်ာ္လြန္ေတာ့မွာျဖစ္တယ္လို႔ဆိုပါတယ္။ ေတာင္တစ္လံုးမွ်နီးပါးျဖစ္လာတာေၾကာင့္ အမိႈက္ပံုႀကီးကို ရဟတ္ယာဥ္ေတြ၀င္တိုက္မိမွာစိုးတာေၾကာင့္ အမိႈက္ပံုထိပ္ပိုင္းမွာ အနီေရာင္ သတိေပးမီးလင္းတိုင္မ်ား စိုက္ထားဖို႔အတြက္ အိႏၵိယတရားရံုးခ်ဳပ္ရဲ႕ သတိေပးတာကို ခံခဲ့ရပါတယ္။

ဒီအမိႈက္ပံုေၾကာင့္ Ghazipurၿမိဳ႕ဟာဆိုရင္ ဆိုးရြားတဲ့ေလထုညစ္ညမ္းမႈကို ရင္ဆိုင္ေနရၿပီး၊ အသက္ရႈမႈဆိုင္ရာ ေရာဂါေတြကိုလည္း ခံစားေနၾကရၿပီျဖစ္ပါတယ္။ အိႏိၵယၿမိဳ႕ေတြရဲ႕ ႏွစ္စဥ္ပ်မ္းမွ် အမိႈက္တန္ခ်ိန္၆၂သန္းခန္႔ထြက္ရွိေနတာျဖစ္ၿပီး၊ ၂၀၃၀ေရာက္ရင္ေတာ့ တန္ခ်ိန္ေပါင္း ၁၆၅သန္းအထိတိုးျမင့္လာလိမ့္မယ္လို႔စစ္တမ္းအရဆိုပါတယ္။

ဒီအမိႈက္ပံုႀကီးဟာ တိရစၦာန္အေသမ်ားနဲ႔ နံေစာ္လွတဲ့ ေအာက္သိုးသိုးအနံ႔မ်ားထြက္ေပၚေနၿပီး၊ ၀မ္းေရးအတြက္ အမိႈက္ေကာက္စီးပြားရွာသူမ်ားဟာ ၁၀၀၀ခန္႔ရိွၿပီး၊ အဲဒီထဲမွာ ကေလးေတြအမ်ားဆံုးျဖစ္ေၾကာင္းသိရပါတယ္။ Chintanသဘာ၀နဲ႔ ပတ္၀န္းက်င္ ကာကြယ္ထိန္းသိမ္းေရးအဖြဲ႕ရဲ႕အႀကီးအကဲျဖစ္တဲ့Chitra Mukherjeeက အမိႈက္ဆက္ၿပီးမပံုေတာ့ဘဲရပ္ဖို႔ေျပာေနၿပီး၊ ဆက္ပံုေနၾကမယ္ဆိုရင္ေတာ့ ဆိုရြားတဲ့ေလထုညစ္ညမ္းမႈနဲ႔ ေျမေအာက္ေရညစ္ညမ္းမႈေတြကိုမၾကာခင္မွာရင္ဆိုင္ရေတာ့မယ္လို႔ သတိေပးေထာက္ျပခဲ့ပါတယ္။ အမိႈက္ပံုႀကီးပိုၿပီးထုထည္ထူၿပီးျမင့္လာေလ က်န္းမာေရးအတြက္ပတ္၀န္းက်င္မွာလည္း ဆိုးရြားစြာရင္ဆိုင္ရေလျဖစ္ၿပီး၊ မီးေလာင္ကၽြမ္းမႈေတြလည္း တစ္စထက္တစ္စ အေႏွးနဲ႔ အျမန္မီးေလာင္ဖို႔ရာလည္း ပိုၿပီးနီးလာၿပီျဖစ္ပါတယ္။ ၂၀၂၂ခုႏွစ္မွာေတာ့ အေတာ္အတန္ေလွ်ာ့ခ်ႏိုင္လိမ့္ယ္လို႔့ပညာရွင္မ်ားက ခန္႔မွန္းထားေၾကာင္းဆိုပါတယ္။အိႏၵိယနိုင္ငံရဲ႕ ပလတ္စတစ္တင္သြင္းမႈမ်ားကိုေတာင္ ေစာေစာပိုင္းႏွစ္မ်ားတည္းက ပိတ္ပင္လိုက္ၿပီျဖစ္ၿပီး၊ ျပန္ၿပီးသန္႔စင္သံုးစြဲၾကမယ္ဆိုပါက အမိႈက္နဲ႔ ပလတ္စတစ္ကိစၥေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။