ရော့ခ်တေးဂီတအဖွဲ့Queenရဲ့အောင်မြင်မှုများ

0
438
photo internet

သီချင်းတွေကိုအရမ်းစိတ်ဝင်စားကြတဲ့စာဖတ်ပရိသတ်တွေအတွက် လေ့လာမိသမျှပြန်ပြီးရှဲပေးလိုက်ပါတယ်။ ဒီတေးဂီတအဖွဲ့ဟာ ၁၉၇၀ခုနှစ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ ကတော့ လိဒ်ဂီတာတီးသူဟာ Brian mayနဲ့ ဒရမ်တီးသူမှာ Rog Taylorဖြစ်ပြီး၊ ဘေ့စ်ကိုတော့ John Deaconကတီးကာ သီချင်းလည်းဆိုပြီး ပီယာနိုလည်းတီးတဲ့သူကတော့ Freddie Mercuryဖြစ်ပါတယ်။အစောပိုင်းအချိန်တစ်ခုဖြစ်တဲ့ ၁၉၆၈ခုနှစ်မှာ တုန်းက လိဒ်ဂီတာသမားနဲ့ ဒရမ်သမားတို့နှစ်ယောက်ဟာ စမိုင်းလ်ဆိုတဲ့ဘန်းန် တစ်ခုကို တည်ထောင်ခဲ့ ကြတယ်လို့ဆိုပါတယ်။ သူတို့ဟာ စားသောက်ဆိုင်တွေနဲ့ ပွဲအငယ်လေးတွေမှာလိုက်တီးပေးခဲ့ရတဲ့ အဖွဲ့လေးဖြစ်ခဲ့ပါတယ်။ အဖွဲ့အငယ်လေးဖြစ်စတုန်းက ပင်တိုင်အဆိုတော်ဟာ ရော့ခ်သမားတစ်ယောက်ဖြစ်တဲ့ Tim Staffellပဲဖြစ်ပါတယ်။

photo internet

၂နှစ်လောက်ကြာတဲ့အချိန်မှာတော့ Tim Staffellဟာ အဖွဲ့ကနေနှုတ်ထွက်ပြီး တခြားအဖွဲ့ကို ပြောင်းသွားခဲ့တာကြောင့် အဆိုတော်မရှိဘဲဖြစ်နေခဲ့ပါတယ်။ဒီလိုအချိန်မှာစမိုင်းလ်ဘန်ရဲ့ ပရိသတ်ဖြစ်ခဲ့တဲ့ ဖရက်ဒီနဲ့ စတွေ့ကြပြီး၊ သူ့ရဲ့ အဆိုကျွမ်းကျင်မှုကို သဘောကျခဲ့တာကြောင့် စမိုင်းလ်အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ဖြစ်လာခဲ့ပါတယ်။ ဖရက်ဒီရောက်လာပြီးတဲ့အချိန်မှာပဲ အဖွဲ့ရဲ့နာမည်ကိုပါပြောင်းလဲဖို့ြ ဖစ်လာခဲ့တာကြောင့် ကြီးကျယ်မြင့်ြုမတ်ရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ Queenလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

photo internet

ဖရက်ဒီဟာ အဆိုပညာနဲ့ပတ်သက်လို့ ဝါရင့်တစ်ယောက်လို ဆိုပြနိုင်ခဲ့တာများကြောင့် သူတို့ရဲ့ ဘုရင်မကြီးအဖွဲ့ဟာ နာမည်ရလာခဲ့ပါတယ်။ တဖြည်းဖြည်းနှစ်သက်တဲ့သူတွေရှိ လာခဲ့တဲ့အချိန်မှာ ဘေ့စ်သမားနေရာမှာတီးခတ်နေတဲ့ မိုက်ဂရို့စ်၊ကယ်ရီမစ်ရှယ်လ် နဲ့ ဒဗ်အီးဝုဒ်ဗိုဂီးတို့ကို ခေါ်တီးခဲ့ပေမယ့်၊ အဆင်မပြေဖြစ်ခဲ့တာကြောင့် ၁၉၇၁ခုနှစ်မှာ သူတို့ရဲ့ ပင်တိုင်ဘေ့စ်ဂစ်တာ သမားဖြစ်လာမယ့်ဂျွန်ဒီကွန်း ကို တွေ့ပြီးသဘောကျခဲ့ကြပါတယ်။ပထမဆုံးအခွေလုပ်ဖို့ကြိုးစားခဲ့ကြပေမယ့် အောင်မြင်ဖို့အခွင့်အရေးမရခဲ့ကြတဲ့အတွက် ဖရက်ဒီဟာ မိသားစုနာမည်ပြောင်းတဲ့မာကျူရီဆိုတာကိုပြောင်းလိုက်တာကြောင့်ဖရက်ဒီမာကျူရီဖြစ်လာပါတယ်။

photo internet

အခွေမထုတ်နိုင်သေးတဲ့ Queenအဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံးရှိုးပွဲကို လန်ဒန်အပြင်မှာရှိတဲ့ Surrey ကောလိပ်မှာစတင်ဖျော်ဖြေခဲ့ကြပြီး၊ပထမဆုံးအယ်လ်ဘမ်ကို ၁၉၇၃ခုနှစ်မှာပဲ အီးအမ်အိုင်ရက်ကော့စ် ထုတ်လုပ်ရေး ကုမ္ပဏီကတစ်ဆင့်ထုတ်လုပ်နိုင်ခဲ့ပေမယ့်အောင်မြင်ခြင်းမရှိခဲ့ဘဲဒုတိယအယ်လ်ဘမ်ကိုတော့ ၁၉၇၄မှာထုတ်ခဲ့ပြီး၊နောက်၈လအကြာမှာတော့ တတိယအယ်လ်ဘမ်Sheer Heart Attack ကို ထပ်ထုတ်ခဲ့ရာမှာတော့ အောင်မြင်မှုရရှိခဲ့တယ်လို့သိရပါတယ်။ ဒီအယ်လ်ဘမ်ဟာ ယူကေမှာနံပါတ်၂နေရာချိတ်ပြီးဥရောပတစ်ဝန်းလုံးမှာ ရောင်းချနိုင်ခဲ့ကြောင်းဆိုပါတယ်။ အမေရိကန်မှာဆိုတဲ့အချိန်မှာတော့ လူကြိုက်အများဆုံးနဲ့ ဟစ်အဖြစ်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကမှ Killer Queenသီချင်းဟာဆိုရင် USမှာနံပါတ်၁ ချိတ်ခဲ့ပေမယ့်၊ Billboard မှာတော့ နံပါတ် ၁၂နေရာမှာရပ်တည်နေခဲ့ပါတယ်။

photo internet

ဒါ့အပြင် Now I’m Here နဲ့ Stone Cold Crazyသီချင်းတွေဟာဆိုရင် လူကြိုက်များခဲ့တဲ့အတွက် အကောင်းဆုံး British Rock Album ၁၀၀စာရင်းလည်းဝင်ခဲ့ကြောင်းသိရပါတယ်။ ၁၉၇၅ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ ဖက်ရှင်ဒီဇိုင်းအဖွဲ့Zandra Rhodesနဲ့အတူ နိုင်ငံတကာဖျော်ဖြေပွဲတွေကိုစခဲ့ရာမှာ အမေရိကန်မှာပထမဆုံး အကြီးအကျယ်အားပေးခဲ့ကြတယ်လို့ဆိုပါတယ်။ လေးခုမြောက်အယ်လ်ဘမ်ကိုလည်းထပ်ထုတ်ခဲ့ပါသေးတယ်။ ငါးခုမြောက်အယ်လ်ဘမ်ကိုတော့ ၁၉၇၆ခုနှစ် ဒီဇင်ဘာလမှာထုတ်လုပ်ခဲ့ပြီး၊ အမှတ်တရအဖြစ်ဆုံးရှိုးပွဲ တစ်ခုဖြစ်လာစေတဲ့ပွဲကတော့ လန်ဒန်ဟိုက်ပါ့ခ်ဖရီးကွန်းဆက်ရှိုးပွဲပဲဖြစ်ပါတယ်။ ခြောက်ခုမြောက်အယ်လ်ဘမ်ကိုတော့ ၁၉၇၇ခုနှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအခွေထဲမှာပါတဲ့ We Will Rock Youနဲ့ We Are the Champions သီချင်းတွေဟာ အားကစားလောကရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်လာခဲ့ပါတယ်။

photo internet

(Zawgyi Version)

ေရာ့ခ္ေတးဂီတအဖြဲ႕Queenရဲ႕ေအာင္ျမင္မႈမ်ား

သီခ်င္းေတြကိုအရမ္းစိတ္၀င္စားၾကတဲ့စာဖတ္ပရိသတ္ေတြအတြက္ ေလ့လာမိသမွ်ျပန္ၿပီးရွဲေပးလိုက္ပါတယ္။ ဒီေတးဂီတအဖြဲ႔ဟာ ၁၉၇၀ခုႏွစ္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာစတင္ဖြဲ႔႕စည္းတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ပါ၀င္သူေတြအေနနဲ႔ ကေတာ့ လိဒ္ဂီတာတီးသူဟာ Brian mayနဲ႔ ဒရမ္တီးသူမွာ Rog Taylorျဖစ္ၿပီး၊ ေဘ့စ္ကိုေတာ့ John Deaconကတီးကာ သီခ်င္းလည္းဆိုၿပီး ပီယာနိုလည္းတီးတဲ့သူကေတာ့ Freddie Mercuryျဖစ္ပါတယ္။အေစာပိုင္းအခ်ိန္တစ္ခုျဖစ္တဲ့ ၁၉၆၈ခုႏွစ္မွာ တုန္းက လိဒ္ဂီတာသမားနဲ႔ ဒရမ္သမားတို႔ႏွစ္ေယာက္ဟာ စမိုင္းလ္ဆိုတဲ့ဘန္းန္ တစ္ခုကို တည္ေထာင္ခဲ့ ၾကတယ္လို႔ဆိုပါတယ္။ သူတို႔ဟာ စားေသာက္ဆိုင္ေတြနဲ႔ ပြဲအငယ္ေလးေတြမွာလိုက္တီးေပးခဲ့ရတဲ့ အဖြဲ႔ေလးျဖစ္ခဲ့ပါတယ္။ အဖြဲ႔အငယ္ေလးျဖစ္စတုန္းက ပင္တိုင္အဆိုေတာ္ဟာ ေရာ့ခ္သမားတစ္ေယာက္ျဖစ္တဲ့ Tim Staffellပဲျဖစ္ပါတယ္။

၂ႏွစ္ေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ Tim Staffellဟာ အဖြဲ႕ကေနႏႈတ္ထြက္ၿပီး တျခားအဖြဲ႕ကို ေျပာင္းသြားခဲ့တာေၾကာင့္ အဆိုေတာ္မရွိဘဲျဖစ္ေနခဲ့ပါတယ္။ဒီလိုအခ်ိန္မွာစမိုင္းလ္ဘန္ရဲ႕ ပရိသတ္ျဖစ္ခဲ့တဲ့ ဖရက္ဒီနဲ႔ စေတြ႔ၾကၿပီး၊ သူ႔ရဲ႕ အဆိုက်ြမ္းက်င္မႈကို သေဘာက်ခဲ့တာေၾကာင့္ စမိုင္းလ္အဖြဲ႕ရဲ႕ ပင္တိုင္အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။ ဖရက္ဒီေရာက္လာၿပီးတဲ့အခ်ိန္မွာပဲ အဖြဲ႕ရဲ႕နာမည္ကိုပါေျပာင္းလဲဖို႔ျ ဖစ္လာခဲ့တာေၾကာင့္ ႀကီးက်ယ္ျမင့္ျုမတ္ရမယ္ဆိုတဲ့အဓိပၸာယ္နဲ႔ Queenလို႔ နာမည္ေပးခဲ့တာျဖစ္ပါတယ္။

ဖရက္ဒီဟာ အဆိုပညာနဲ႔ပတ္သက္လို႔ ၀ါရင့္တစ္ေယာက္လို ဆိုျပႏိုင္ခဲ့တာမ်ားေၾကာင့္ သူတို႕ရဲ႕ ဘုရင္မႀကီးအဖြဲ႕ဟာ နာမည္ရလာခဲ့ပါတယ္။ တျဖည္းျဖည္းႏွစ္သက္တဲ့သူေတြရွိ လာခဲ့တဲ့အခ်ိန္မွာ ေဘ့စ္သမားေနရာမွာတီးခတ္ေနတဲ့ မိုက္ဂရို႕စ္၊ကယ္ရီမစ္ရွယ္လ္ နဲ႔ ဒဗ္အီး၀ုဒ္ဗုိဂီးတို႕ကို ေခၚတီးခဲ့ေပမယ့္၊ အဆင္မေျပျဖစ္ခဲ့တာေၾကာင့္ ၁၉၇၁ခုႏွစ္မွာ သူတို႔ရဲ႕ ပင္တိုင္ေဘ့စ္ဂစ္တာ သမားျဖစ္လာမယ့္ဂ်ြန္ဒီကြန္း ကို ေတြ႔ၿပီးသေဘာက်ခဲ့ၾကပါတယ္။ပထမဆံုးအေခြလုပ္ဖို႔ႀကိဳးစားခဲ့ၾကေပမယ့္ ေအာင္ျမင္ဖို႔အခြင့္အေရးမရခဲ့ၾကတဲ့အတြက္ ဖရက္ဒီဟာ မိသားစုနာမည္ေျပာင္းတဲ့မာက်ဴရီဆိုတာကိုေျပာင္းလိုက္တာေၾကာင့္ဖရက္ဒီမာက်ဴရီျဖစ္လာပါတယ္။

အေခြမထုတ္ႏိုင္ေသးတဲ့ Queenအဖြဲ႕ဟာ သူတို႔ရဲ႕ ပထမဆံုးရႈိးပြဲကို လန္ဒန္အျပင္မွာရွိတဲ့ Surrey ေကာလိပ္မွာစတင္ေဖ်ာ္ေျဖခဲ့ၾကၿပီး၊ပထမဆံုးအယ္လ္ဘမ္ကို ၁၉၇၃ခုႏွစ္မွာပဲ အီးအမ္အိုင္ရက္ေကာ့စ္ထုတ္လုပ္ေရးကုမၸဏီကတစ္ဆင့္ထုတ္လုပ္ႏိုင္ခဲ့ေပမယ့္ေအာင္ျမင္ျခင္းမရွိခဲ့ဘဲဒုတိယအယ္လ္ဘမ္ကိုေတာ့ ၁၉၇၄မွာထုတ္ခဲ့ၿပီး၊ေနာက္၈လအၾကာမွာေတာ့ တတိယအယ္လ္ဘမ္Sheer Heart Attack ကို ထပ္ထုတ္ခဲ့ရာမွာေတာ့ ေအာင္ျမင္မႈရရွိခဲ့တယ္လို႔သိရပါတယ္။ ဒီအယ္လ္ဘမ္ဟာ ယူေကမွာနံပါတ္၂ေနရာခ်ိတ္ၿပီးဥေရာပတစ္၀န္းလံုးမွာ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းဆိုပါတယ္။ အေမရိကန္မွာဆိုတဲ့အခ်ိန္မွာေတာ့ လူႀကိဳက္အမ်ားဆံုးနဲ႔ ဟစ္အျဖစ္ဆံုးျဖစ္ခဲ့ပါတယ္။ အဲဒီအထဲကမွ Killer Queenသီခ်င္းဟာဆိုရင္ USမွာနံပါတ္၁ ခ်ိတ္ခဲ့ေပမယ့္၊ Billboard မွာေတာ့ နံပါတ္ ၁၂ေနရာမွာရပ္တည္ေနခဲ့ပါတယ္။

ဒါ့အျပင္ Now I’m Here နဲ႔ Stone Cold Crazyသီခ်င္းေတြဟာဆိုရင္ လူႀကိဳက္မ်ားခဲ့တဲ့အတြက္ အေကာင္းဆံုး British Rock Album ၁၀၀စာရင္းလည္း၀င္ခဲ့ေၾကာင္းသိရပါတယ္။ ၁၉၇၅ခုႏွစ္မွာေတာ့ သူတို႔အဖြဲ႕ဟာ ဖက္ရွင္ဒီဇိုင္းအဖြဲ႕Zandra Rhodesနဲ႔အတူ ႏိုင္ငံတကာေဖ်ာ္ေျဖပြဲေတြကိုစခဲ့ရာမွာ အေမရိကန္မွာပထမဆံုးအႀကီးအက်ယ္အားေပးခဲ့ၾကတယ္လို႔ဆိုပါတယ္။ ေလးခုေျမာက္အယ္လ္ဘမ္ကိုလည္းထပ္ထုတ္ခဲ့ပါေသးတယ္။ ငါးခုေျမာက္အယ္လ္ဘမ္ကိုေတာ့ ၁၉၇၆ခုႏွစ္ ဒီဇင္ဘာလမွာထုတ္လုပ္ခဲ့ၿပီီး၊ အမွတ္တရအျဖစ္ဆံုးရႈိးပြဲတစ္ခုျဖစ္လာေစတဲ့ပြဲကေတာ့ လန္ဒန္ဟိုက္ပါ့ခ္ဖရီးကြန္းဆက္ရႈိးပြဲပဲျဖစ္ပါတယ္။ ေျခာက္ခုေျမာက္အယ္လ္ဘမ္ကိုေတာ့ ၁၉၇၇ခုႏွစ္မွာ ဖန္တီးထုတ္လုပ္ခဲ့ပါတယ္။ အဲဒီအေခြထဲမွာပါတဲ့ We Will Rock Youနဲ႕ We Are the Champions သီခ်င္းေတြဟာ အားကစားေလာကရဲ႕ ထင္ရွားတဲ့ သီခ်င္းေတြျဖစ္လာခဲ့ပါတယ္။