ဂျိမ်းစ်ဝပ်ဆိုတဲ့ပညာရှင်အကြောင်း

0
1947
Photo internet

ဂျိမ်းဝပ်ဆိုတဲ့သူဟာ ၁၇၈၁ခုနှစ်န ယူးကိုးမန်းရဲ့ ရေနွေးငွေ့အင်ဂျင်ကို ဆန်းသစ် ပြောင်းလဲ တာတွေကိုပြုလုပ်ခဲ့ပြီး၊ကမ္ဘာ့စက်မှုခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သူဖြစ်ပါတယ်။ သူုဟာ ဓာတုဗေဒပညာရှင်၊စက်မှုအင်ဂျင်နီယာနဲ့စွန့်ဦးတီထွင်သူဖြစ်ပါတယ်။ ရေနွေးငွေ့သုံးစက်တွေကို ဘယ်ကနေဘယ်လို လုပ်ဖို့စပြီး အကြံရလာတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ သူ့ရဲ့ စမ်းသပ်ချက်တွေဟာ ဘယ်လိုပဲအားနည်းချက် ၊အားသာချက်တွေရှိတယ်ဆိုတာ မှတ်သားစေချင်တာကြောင့်ပြောပြပေးလိုက်ပါတယ်။

Photo internet

တကယ်ဆို ဂျိမ်းစ်ဝပ်ဟာ Glasgow တက္ကသိုလ်ရဲ့ သချာၤနဲ့ သိပ္ပံဆိုင်ရာ သင်ကြားရေး ပစ္စည်းအထော က်အကူပြုလုပ်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ အလုပ်တာဝန်ထမ်းဆောင်နေဆဲမှာပဲ အသုံးပြုနေကြတဲ့ ရေနွေးငွေ့အသုံးပြုစက်ဟာ အားနည်းချက်ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဂျိမ်းစ်ဝပ် အနေနဲ့ သီးခြားကွန်ဒက်ဆာပါဝင်တဲ့ ရေနွေးငွေ့စက်တွေကို တီထွင်ပြီး၊ စွမ်းအင်ပိုကောင်းတဲ့အင်ဂျင်သစ်နဲ့ ကမ္ဘာကြီး ကိုမိတ်ဆက်ပေးခဲ့ကြောင်းဆိုပါတယ်။ ဂျိမ်းစ်ဝပ်ကို ၁၇၃၆ခုနှစ် ဇန်နဝါရီလ၉ ရက် နေ့မှာ စကော့တလန်နိုင်ငံ Greenock ခရိုင်တွင်းမှ Rengrewshireမြို့မှာမွေးဖွားခဲ့သူဖြစ်ပြီး၊သူ့ရဲ့မိခင်ဖြစ်သူMuirhead Agnes ကတော့ ချမ်းသာကြွယ်ဝသူဖြစ်ကာ၊ဖခင်ကတော့ သဘောၤပိုင်ရှင်ကုန်သည်တစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။

Photo internet

ဂျိမ်းစ်ဟာ ငယ်ရွယ်စဉ်ကတည်းက အစိုးရကျောင်းတွေမှာမတက်ဘဲ မိခင်ဆီကနေ မူလတန်းအဆင့် ပညာရပ်တွေကို သင်ကြားခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဂရင်းနော့ခ်ဂျာမန်ကျောင်းကိုတက်ပြီး ပညာသင်ခဲ့ပေမယ့်၊ သချာၤနဲ့ အင်ဂျင်နီယာဘာသာရပ်တွေမှာတော့ အရွယ်နဲ့မလိုက်အောင်ကို ဉာဏ်ထက်မြက်လွန်းတာကိုပိုင်ဆိုင်သူ အဖြစ်သက်သေပြနိုင် ခဲ့တာသိရပါတယ်။ ဒါကြောင့်ဂျိမ်းစ်ဝပ်ဟာသူ့ရဲ့ ဘဝကို တီထွင်သူတစ်ယောက်အ ဖြစ်နဲ့ဖြတ်သန်းနေထိုင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်းသိပ္ပံဆိုင်ရာစမ်းသပ်ပစ္စည်းထုတ်လုပ်တဲ့ပညာရပ်ကို လန်ဒန်မှာသွားပြီး သင်ယူခဲ့တာမှအချိန်တစ်နှစ်ကြာခဲ့တယ်လို့ဆိုပါတယ်။

Photo internet

သူ့ရဲ့ စမ်းသပ်တီထွင်မှုတွေကို ထုတ်လုပ်ဖို့အတွက် Glasgowမြို့ကို ပြန်လာခဲ့ပြီး၊ အလုပ်ရုံတစ်ခုတည်ဆောက်ဖို့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ ဂျိမ်းစ်ဝပ်ဟာ အသက်ငယ်တဲ့စွန့်ဦးတီထွင်သူအဖြစ်ပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လုပ်ငန်းတစ်ခုမှာ လုပ်ငန်းအတွေ့အကြုံဟာ အနည်းဆုံး၇နှစ်လောက်ရယူမှဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သူ့ရဲ့ အလုပ်ခွင့်ပြုမိန့်လျှောက်ထားချက်ဟာ ပယ်ချခံခဲ့ရပါတယ်။ ဒီအကြောင်းတွေကြောင့် နဲ့ပဲတီထွင်မှုလုပ်ငန်းအတွေ့အကြုံနဲ့ အသက်မွေးဝမ်းကြောင်းကို ပထမဆုံး ပြုလုပ်ဖို့အခြေအေ နဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။သူ့ရဲ့ ပထမဆုံးအသက်မွေးဝမ်းကျောင်းတစ်ခုကတော့ Glasgow Universityရဲ့ jamaicaမှ အင်္ဂလန်ကိုပေးပို့တဲ့နက္ခတ်တာရာကြည့်မှန်ပြောင်းတွေတပ်ဆင်၊ ပြုပြင်တဲ့လုပ်ငန်းမှာဝင်ပြီးလုပ်ကိုင်ခဲ့ကြောင်းနဲ့ ပစ္စည်းထိန်းသိမ်းရေးလုပ်ငန်းတွေအပြင်တက္ကသိုလ်ရဲ့ အခြားသိပ္ပံဆိုင်ရာ ပစ္စည်းတည်ဆောက် ရေးပညာရှ င်တစ်ယောက်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရ ပါတယ်။

Photo internet

အဲဒီလိုတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာမှ တက္ကသိုလ်အာဏာပိုင်များရဲ့ အလုပ်ရံ ုတစ်ခုတည် ဆောက်ဖို့ခွင့်ပြုမိန့်ကိုရရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂျိမ်းဟာ တက္ကသိုလ်သင်ထောက်ကူပစ္စည်းပြုလုပ်ထိန်းသိမ်း သူဖြစ်ခဲ့ပေမယ့်၊နောက်ပိုင်းမှာတော့ သင်ကြားရေးသရုပ်ပြလုပ်ငန်းမှာ ပါဝင်လာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေအထိ ဂျိမ်းစ်ဝပ်ဟာ ရေနွေးငွေ့အင်ဂျင်ကိုတွေ့ဖူးတာမျိုးမရှိဘဲ၁၇၅၉ခုနှစ် ရောက်တဲ့အချိန်မှာပဲ ထရူမင်းတီထွင်ထားတဲ့ရေနွေးငွေ့စက်ကို ပြင်ဖို့တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးရေနွေး ငွေ့စက်အဖြစ်သတ်မှတ်ခံထားရတဲ့ထရူမင်းရဲ့စက်ဟာ ဥရောပ တစ်ခွင်မှာတော့ ကျောက်မီးသွေးတူးတဲ့ဒေသတွေမှာရေစုပ်စက်အဖြစ်နဲ့ အသုံးပြု နေကြတာဖြစ်ပါတယ်။ ရေနွေး ငွေ့အင်ဂျင်ကိုစွမ်းအားပိုမိုတိုးမြှင့်ထုတ်လုပ်ဖို့ အချိန်များစွာကြာတဲ့အထိ ကြံဆခဲ့ရတယ်လို့ဆိုပါတယ်။

Photo internet

ဂျိမ်းစ်အနေနဲ့ ၁၇၆၅ခုကနေ ၁၇၈၂ခုနှစ်အထိထရူမင်း ရေနွေးငွေ့အင်ဂျင်တွေကို အတိုးအလျှော့ ပြုလုပ်လှုပ်ရှား ပြောင်းလဲစေခဲ့ပြီး၊ မူလကထက်စွမ်းအင်များ သာလွန်အောင်ပြုလု ပ်ထုတ်နိုင်လာ ခဲ့ပါတယ်။ အမှန်ဆိုရင်တော့၁၇၇၅ခုကတည်းက ရေနွေးငွေ့အင်ဂျင်မူပိုင်ခွင့်ကို ဗြိတိန်အစိုးရထံမှ ၂၅နှစ်သ က်တမ်းမူပိုင်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တီထွင်မှုကို အစမှာလူသိ နည်းခဲ့ပေမယ့်၊ နောက်ပိုင်းချ ည်ငင်လုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေမှာအသုံးများလာတဲ့အချိန်မှာမှ မူပိုင်ခွင့်ရထားတဲ့ ဂျိမ်းစ်ဟာ ၁၇၈၄ခုနှစ်မှာ ရေနွေးငွေ့စက်ခေါင်းမူပိုင်ခွင့်ကိုရရှိခဲ့ပြီး၊ ၁၇၉၀မှာ ရေနွေ းငွေ့ဖိအားတိုင်းဒိုင်ခွက်ကိုဖန်တီး နိုင်ခဲ့ပါတယ်။၁၈၀၀ပြည့်နှစ်ရောက်တာနဲ့သူ့ရဲ့တီထွင်မှုတွေလုပ်နေရင်း ကနေ အနားယူပြီးအိမ်မှာတင် တစ်ကိုယ်တော်စမ်းသပ်ချက်တွေကို ၁၉နှစ်လောက်ဆက်လက်လုပ်ကိုင်ခဲ့ပြီး၊အသက်၈၃နှစ် ၁၈၁၉ခုနှစ်မှာတော့ ဘာမင်ဂမ်မြို့မှာပဲကွယ်လွန်ခဲ့ပါတယ်။

Photo internet

(Zawgyi Version)

ဂ်ိမ္းစ္၀ပ္ဆိုတဲ့ပညာရွင္အေၾကာင္း

ဂ်ိမ္း၀ပ္ဆိုတဲ့သူဟာ ၁၇၈၁ခုႏွစ္န ယူးကိုးမန္းရဲ႕ ေရေႏြးေငြ႕အင္ဂ်င္ကို ဆန္းသစ္ ေျပာင္းလဲ တာေတြကိုျပဳလုပ္ခဲ့ၿပီး၊ကမၻာ့စက္မႈေခတ္တစ္ေခတ္ကို အစပ်ိဳးေပးခဲ့သူျဖစ္ပါတယ္။ သူုဟာ ဓာတုေဗဒပညာရွင္၊စက္မႈအင္ဂ်င္နီယာနဲ႔စြန္႔ဦးတီထြင္သူျဖစ္ပါတယ္။ ေရေႏြးေငြ႕သံုးစက္ေတြကို ဘယ္ကေနဘယ္လို လုပ္ဖို႕စၿပီး အႀကံရလာတာလဲဆိုတဲ့ အေၾကာင္းကို ေျပာျပေပးမွာျဖစ္ပါတယ္။ သူ႔ရဲ႕ စမ္းသပ္ခ်က္ေတြဟာ ဘယ္လိုပဲအားနည္းခ်က္ ၊အားသာခ်က္ေတြရွိတယ္ဆိုတာ မွတ္သားေစခ်င္တာေၾကာင့္ေျပာျပေပးလိုက္ပါတယ္။

တကယ္ဆို ဂ်ိမ္းစ္၀ပ္ဟာ Glasgow တကၠသိုလ္ရဲ႕ သခ်ာၤနဲ႔ သိပၸံဆိုင္ရာ သင္ၾကားေရး ပစၥည္းအေထာ က္အကူျပဳလုပ္သူအျဖစ္တာ၀န္ထမ္းေဆာင္ခဲ့တဲ့သူျဖစ္ပါတယ္။ အလုပ္တာ၀န္ထမ္းေဆာင္ေနဆဲမွာပဲ အသံုးျပဳေနၾကတဲ့ ေရေႏြးေငြ႔အသံုးျပဳစက္ဟာ အားနည္းခ်က္ရွိေနတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ ဂ်ိမ္းစ္၀ပ္ အေနနဲ႔ သီးျခားကြန္ဒက္ဆာပါ၀င္တဲ့ ေရေႏြးေငြ႔စက္ေတြကို တီထြင္ၿပီး၊ စြမ္းအင္ပိုေကာင္းတဲ့အင္ဂ်င္သစ္နဲ႔ ကမၻာႀကီး ကိုမိတ္ဆက္ေပးခဲ့ေၾကာင္းဆိုပါတယ္။ ဂ်ိမ္းစ္၀ပ္ကို ၁၇၃၆ခုႏွစ္ ဇန္န၀ါရီလ၉ ရက္ ေန႔မွာ စေကာ့တလန္ႏိုင္ငံ Greenock ခရိုင္တြင္းမွ Rengrewshireၿမိဳ႕မွာေမြးဖြားခဲ့သူျဖစ္ၿပီး၊သူ႔ရဲ႕မိခင္ျဖစ္သူMuirhead Agnes ကေတာ့ ခ်မ္းသာၾကြယ္၀သူျဖစ္ကာ၊ဖခင္ကေတာ့ သေဘာၤပိုင္ရွင္ကုန္သည္တစ္ေယာက္ျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ိမ္းစ္ဟာ ငယ္ရြယ္စဥ္ကတည္းက အစိုးရေက်ာင္းေတြမွာမတက္ဘဲ မိခင္ဆီကေန မူလတန္းအဆင့္ ပညာရပ္ေတြကို သင္ၾကားခဲ့တယ္လို႔ဆိုပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဂရင္းေနာ့ခ္ဂ်ာမန္ေက်ာင္းကိုတက္ၿပီး ပညာသင္ခဲ့ေပမယ့္၊ သခ်ာၤနဲ႔ အင္ဂ်င္နီယာဘာသာရပ္ေတြမွာေတာ့ အရြယ္နဲ႔မလိုက္ေအာင္ကို ဥာဏ္ထက္ျမက္လြန္းတာကိုပိုင္ဆိုင္သူအျဖစ္သက္ေသျပႏိုင္ခဲ့တာသိရပါတယ္။ ဒါေၾကာင့္ဂ်ိမ္းစ္၀ပ္ဟာသူ႕ရဲ႕ ဘ၀ကို တီထြင္သူတစ္ေယာက္အ ျဖစ္နဲ႔ျဖတ္သန္းေနထိုင္သြားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္အတိုင္းသိပၸံဆိုင္ရာစမ္းသပ္ပစၥည္းထုတ္လုပ္တဲ့ပညာရပ္ကို လန္ဒန္မွာသြားၿပီး သင္ယူခဲ့တာမွအခ်ိန္တစ္ႏွစ္ၾကာခဲ့တယ္လို႔ဆိုပါတယ္။

သူ႕ရဲ႕ စမ္းသပ္တီထြင္မႈေတြကို ထုတ္လုပ္ဖို႔အတြက္ Glasgowၿမိဳ႕ကို ျပန္လာခဲ့ၿပီး၊ အလုပ္ရံုတစ္ခုတည္ေဆာက္ဖို႔စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ဂ်ိမ္းစ္၀ပ္ဟာ အသက္ငယ္တဲ့စြန္႔ဦးတီထြင္သူအျဖစ္ပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ လုပ္ငန္းတစ္ခုမွာ လုပ္ငန္းအေတြ႔အႀကံဳဟာ အနည္းဆံုး၇ႏွစ္ေလာက္ရယူမွျဖစ္မယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔သူ႔ရဲ႕ အလုပ္ခြင့္ျပဳမိန္႔ေလွ်ာက္ထားခ်က္ဟာ ပယ္ခ်ခံခဲ့ရပါတယ္။ ဒီအေၾကာင္္းေတြေၾကာင့္ နဲ႔ပဲတီထြင္မႈလုပ္ငန္းအေတြ႔အႀကံဳနဲ႔ အသက္ေမြး၀မ္းေၾကာင္းကို ပထမဆံုး ျပဳလုပ္ဖို ႔အေျခအေ နျဖစ္လာခဲ့တယ္လို႔ဆိုပါတယ္။သူ႔ရဲ႕ ပထမဆံုးအသက္ေမြး၀မ္းေက်ာင္းတစ္ခုကေတာ့ Glasgow Universityရဲ႕ jamaicaမွ အဂၤလန္ကိုေပးပို႔တဲ့နကၡတ္တာရာၾကည့္မွန္ေျပာင္းေတြတပ္ဆင္၊ျပဳျပင္တဲ့လုပ္ငန္းမွာ၀င္ၿပီးလုပ္ကိုင္ခဲ့ေၾကာင္္းနဲ႔ ပစၥည္းထိန္းသိမ္းေရးလုပ္ငန္းေတြအျပင္တကၠသိုလ္ရဲ႕ အျခားသိပၸံဆိုင္ရာ ပစၥည္းတည္ေဆာက္ ေရးပညာရွ င္တစ္ေယာက္အျဖစ္လည္းတာ၀န္ထမ္းေဆာင္ခဲ့ေၾကာင္းသိရပါတယ္။

အဲဒီလိုတာ၀န္ထမ္းေဆာင္ေနတဲ့အခ်ိန္မွာမွ တကၠသိုလ္အာဏာပိုင္မ်ားရဲ႕ အလုပ္ရံ ုတစ္ခုတည္ ေဆာက္ဖို႔ခြင့္ျပဳမိန္႔ကိုရရွိခဲ့ပါတယ္။ ဒီလိုနဲ႕ပဲ ဂ်ိမ္းဟာ တကၠသိုလ္သင္ေထာက္ကူပစၥည္းျပဳလုပ္ထိန္းသိမ္းသူျဖစ္ခဲ့ေပမယ့္၊ေနာက္ပိုင္းမွာေတာ့ သင္ၾကားေရးသရုပ္ျပလုပ္ငန္းမွာ ပါ၀င္လာခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီအခ်ိန္ေတြအထိ ဂ်ိမ္းစ္၀ပ္ဟာ ေရေႏြးေငြ႕အင္ဂ်င္ကိုေတြ႔ဖူးတာမ်ိဳးမရွိဘဲ၁၇၅၉ခုႏွစ္ ေရာက္တဲ့အခ်ိန္မွာပဲ ထရူမင္းတီထြင္ထားတဲ့ေရေႏြးေငြ႔စက္ကို ျပင္ဖို႔တာ၀န္ေပးအပ္ခံခဲ့ရပါတယ္။ အေကာင္းဆံုးေရေႏြး ေငြ႕စက္အျဖစ္သတ္မွတ္ခံထားရတဲ့ထရူမင္းရဲ႕စက္ဟာ ဥေရာပ တစ္ခြင္မွာေတာ့ ေက်ာက္မီးေသြးတူးတဲ့ေဒသေတြမွာေရစုပ္စက္အျဖစ္နဲ႔ အသံုးျပဳ ေနၾကတာျဖစ္ပါတယ္။ ေရေႏြး ေငြ႔အင္ဂ်င္ကိုစြမ္းအားပိုမိုတိုးျမွင့္ထုတ္လုပ္ဖို႔ အခ်ိန္မ်ားစြာၾကာတဲ့အထိ ႀကံဆခဲ့ရတယ္လို႔ဆိုပါတယ္။

ဂ်ိမ္းစ္အေနနဲ႔ ၁၇၆၅ခုကေန ၁၇၈၂ခုႏွစ္အထိထရူမင္း ေရေႏြးေငြ႔အင္ဂ်င္ေတြကို အတိုးအေလွ်ာ့ျပဳလုပ္လႈပ္ရွားေျပာင္းလဲေစခဲ့ၿပီး၊ မူလကထက္စြမ္းအင္မ်ား သာလြန္ေအာင္ျပဳလု ပ္ထုတ္နိုင္လာ ခဲ့ပါတယ္။ အမွန္ဆိုရင္ေတာ့၁၇၇၅ခုကတည္းက ေရေႏြးေငြ႕အင္ဂ်င္မူပိုင္ခြင့္ကို ၿဗိတိန္အစိုးရထံမွ ၂၅ႏွစ္သ က္တမ္းမူပိုင္ခြင့္ရထားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕တီထြင္မႈကို အစမွာလူသိ နည္းခဲ့ေပမယ့္၊ ေနာက္ပိုင္းခ် ည္ငင္လုပ္ငန္းေတြနဲ႔ စက္မႈလုပ္ငန္းေတြမွာအသံုးမ်ားလာတဲ့အခ်ိန္မွာမွ မူပိုင္ခြင့္ရထားတဲ့ ဂ်ိမ္းစ္ဟာ ၁၇၈၄ခုႏွစ္မွာ ေရေႏြးေငြ႔စက္ေခါင္းမူပိုင္ခြင့္ကိုရရွိခဲ့ၿပီး၊ ၁၇၉၀မွာ ေရေႏြ းေငြ႔ဖိအားတိုင္းဒိုင္ခြက္ကိုဖန္တီးႏိုင္ခဲ့ပါတယ္။၁၈၀၀ျပည့္ႏွစ္ေရာက္တာနဲ႔သူ႔ရဲ႕တီထြင္မႈေတြလုပ္ေနရင္း ကေန အနားယူၿပီးအိမ္မွာတင္ တစ္ကိုယ္ေတာ္စမ္းသပ္ခ်က္ေတြကို ၁၉ႏွစ္ေလာက္ဆက္လက္လုပ္ကိုင္ခဲ့ၿပီး၊အသက္၈၃ႏွစ္ ၁၈၁၉ခုႏွစ္မွာေတာ့ ဘာမင္ဂမ္ၿမိဳ႕မွာပဲကြယ္လြန္ခဲ့ပါတယ္။