ကားတွေအတွက် Blind Spot ပြဿနာကို ၁၄နှစ်သမီးလေးရဲ့ ဖြေရှင်းပေးခဲ့ပုံ

0
20436
photo internet

ကားအကြောင်းကို လူကြီးတွေထက် ကလေးတွေကလည်းပိုပြီးစိတ်ဝင်စားကြတာကို သက်သေပြလိုက်တဲ့ မိန်းကလေးတစ်ယောက် ရှိနေတယ်ဆိုတာပြောပြပေးချင်ပါတယ်။ ကားမောင်းတာအပြင်၊ ကားတွေမှာဖြစ်တတ်တဲ့ ဘလိုင်းစပေါ့ဆိုတဲ့ ပြဿနာကို လွယ်ကူစွာဖြေရှင်းပေးနိုင်ခဲ့တဲ့မိန်းကလေးဖြစ်ပါတယ်။ ကားမောင်းနှင် သူများအများစုကတော့ ဒီပြဿနာကို သိကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီပြဿနာဟာ ယာဉ်တိုင်းမှာ ဖြစ်တတ်ကြတာအနည်းနှင့်အများ ရှိနေနိုင်ပြီး၊ယာဉ်မောင်းသူနေရာကနေ မမြင်နိုင်တဲ့နေရာတွေကိုဆိုလိုခြင်းပဲဖြစ် ပါတယ်။

photo internet

ကားမောင်းတဲ့သူတိုင်းဟာရှေ့ကိုမြင်ရတယ်၊နောက်ဘက်ကိုလည်း နောက်ကြည့်မှန်ကနေ တစ်ဆင့်ကြည့်တဲ့အခါများမှာ ထောင့်လိုနေရာတွေကိုမမြင်နိုင်တဲ့အချိန်မျိုးတွေလည်း ရှိတတ်တာကြောင့်ပြဿနာများဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်ဟာဆိုရင်ကားမောင်းလိုင်စင်တောင်မရှိသေးတဲ့ ၁၄နှစ်အရွယ် ကောင်မလေးတစ်ယောက်က ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းပေးနိုင်ခဲ့တာကို ပြောပြပေးမှာဖြစ်ပါတယ်။ သူမကိုAlaina gasslerလို့ခေါ်ပြီး၊ အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်၊ West grove မှာ နေထိုင်သူဖြစ်ပါတယ်။

photo internet

အောက်တိုဘာလအတွင်းတုန်းကပြုလုပ်ခဲ့ပြီးတဲ့ Broadcom MASTER ကနေ ပြုလုပ်ခဲ့တဲ့ နည်းပညာပြိုင်ပွဲတစ်ခုမှာသူမရဲ့ တီထွင်မှုကိုချပြခဲ့တာဖြစ်ပါတယ်။သူမရဲ့ Blind Spot ဖြေရှင်းနည်းဟာ ကားတစ်စီးရဲ့ အရှေ့ဘက်ထောင့်မှာရှိနေတဲ့ ဘလိုင်းစပေါ့တ်ကို ရိုးရိုးလေးဖြေရှင်းပြသွားခဲ့တာဖြစ်ပါတယ်။ အရှေ့ဘက်မှာ ကင်မရာကိုထားလိုက်ပြီးနောက် ကင်မရာကတိုက်ရိုက် ရိုက်ယူထားတဲ့မြင်ကွင်းဗီဒီယိုကို ပရိုဂျက်တာဆီပို့ပေးပြီး အဲဒီကနေမှ 3D Printed လုပ်ကာ ကားထောင့်မှာ ကပ်လိုက်တဲ့အခါမှာတော့ မူလအတိုင်း ပုံမှန်မမြင်ရတဲ့နေရာကို အတားအဆီးမရှိ ဖောက်ထွင်းမြင်ရသလိုဖြစ်သွားပါတော့တယ်။

photo internet

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ယာဉ်မတော်တဆဖြစ်မှုတွေဖြစ်လာတဲ့အချိန်တိုင်းမှာ ကားသမားတိုင်းဟာ စိတ်ရှုပ်စရာကောင်းတဲ့အခြေအနေကနေ ဝေးသွားမှာပဲဖြစ်ပါတယ်။ နှစ်စဉ်ယာဉ်တိုက်မှုပေါင်း၈၄၀၀၀၀ မှာဆိုရင် ဒီဘလိုင်းစပေါ့တ် ပြသနာကြောင့်ဖြစ်တဲ့ မတော်တဆတွေကပိုများ တယ်လို့ ဆိုပါ တယ်။ နောက်ဆုံးပြောရရင်တော့ လူသေတဲ့ အထိတောင်ဖြစ်ခဲ့ကြတာများတယ်လို့ အဝေးပြေး
အဖွဲ့ကပြောထားတာ တွေရှိ လာပါတယ်။ ဒါ့အပြင် နောက်ကြည့်မှန်တွေအပြင် ရှေ့အောက်ဝဲယာ နေရာတွေကိုမြင်နိုင်တဲ့ မှန်များတပ်ဆင်လိုက်ခြင်းအားဖြင့် ဘလိုင်းစပေါ့တ်နေရာကို နည်းနိုင်သမျှနည်း အောင်လျှော့ချပေးတာတွေကြောင့်မှတ်တွေအများကြီးတပ်ထားတာဟာ အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အတွက် နည်းပညာကုမ္ပဏီကြီးတွေကလည်း ဂျီပီအက်စ်၊စီစီတီဗီ ကင်မရာ၊ရေဒါတွေကို ခေတ်မီနည်းပညာများအသုံးပြုပြီး၊ ပြသနာမျိုးစုံကို ဖြေရှင်းနေကြပြီဖြစ်ပါတယ်။

photo internet

ဒီဘလိုင်းစပေါ့တ်ဆိုတဲ့ ပြဿနာတွေဟာ ကားတွေမှာအများဆုံးဖြစ်နေတာတွေနဲ့ ကြုံနေရတဲ့ မိခင်ရဲ့အခက်အခဲကို တွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ သူမရဲ့ စိတ်ကူးကောင်းလေးကို အကောင်အထည်ဖော်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ တီထွင်လိုက်တဲ့ဖန်တီးမှုနည်းပညာဟာဆိုရင် အဆင်ပြေနေကြပြီလို့ပြောလို့ရနေပြီ ဖြစ်ကြောင်းသိရပါတယ်။

photo internet

(Zawgyi Version)

ကားေတြအတြက္ Blind Spot ျပႆနာကို ၁၄ႏွစ္သမီးေလးရဲ႕ ေျဖရွင္းေပးခဲ့ပံု

ကားအေၾကာင္းကို လူႀကီးေတြထက္ ကေလးေတြကလည္းပိုၿပီးစိတ္၀င္စားၾကတာကို သက္ေသျပလိုက္တဲ့မိန္းကေလးတစ္ေယာက္ ရွိေနတယ္ဆိုတာေျပာျပေပးခ်င္ပါတယ္။ ကားေမာင္းတာအျပင္၊ ကားေတြမွာျဖစ္တတ္တဲ့ ဘလိုင္းစေပါ့ဆိုတဲ့ ျပႆနာကို လြယ္ကူစြာေျဖရွင္းေပးႏိုင္ခဲ့တဲ့မိန္းကေလးျဖစ္ပါတယ္။ ကားေမာင္းႏွင္သူမ်ားအမ်ားစုကေတာ့ ဒီျပႆနာကို သိၾကလိမ့္မယ္လို႔ထင္ပါတယ္။ ဒီျပႆနာဟာ ယာဥ္တိုင္းမွာျဖစ္တတ္ၾကတာအနည္းႏွင့္အမ်ား ရွိေနႏိုင္ၿပီး၊ယာဥ္ေမာင္းသူေနရာကေန မျမင္ႏိုင္တဲ့ေနရာေတြကိုဆိုလိုျခင္းပဲျဖစ္ပါတယ္။

ကားေမာင္းတဲ့သူတိုင္းဟာေရွ႕ကိုျမင္ရတယ္၊ေနာက္ဘက္ကိုလည္း ေနာက္ၾကည့္မွန္ကေန တစ္ဆင့္ၾကည့္တဲ့အခါမ်ားမွာ ေထာင့္လိုေနရာေတြကိုမျမင္ႏိုင္တဲ့အခ်ိန္မ်ိဳးေတြလည္း ရွိတတ္တာေၾကာင့္ျပႆနာမ်ားျဖစ္တတ္ၾကပါတယ္။ ဒီလိုမ်ိဳးျဖစ္တတ္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးခဲ့တဲ့ မိန္းကေလးတစ္ေယာက္ဟာဆိုရင္ကားေမာင္းလိုင္စင္ေတာင္မရွိေသးတဲ့ ၁၄ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္က ေကာင္းမြန္တဲ့ နည္းလမ္းနဲ႔ေျဖရွင္းေပးႏိုင္ခဲ့တာကို ေျပာျပေပးမွာျဖစ္ပါတယ္။ သူမကိုAlaina gasslerလို႔ေခၚၿပီး၊ အေမရိကန္ႏိုင္ငံ Pennsylvania ျပည္နယ္၊ West grove မွာ ေနထိုင္သူျဖစ္ပါတယ္။

ေအာက္တိုဘာလအတြင္းတုန္းကျပဳလုပ္ခဲ့ၿပီးတဲ့ Broadcom MASTER ကေန ျပဳလုပ္ခဲ့တဲ့ နည္းပညာၿပိဳင္ပြဲတစ္ခုမွာသူမရဲ႕ တီထြင္မႈကိုခ်ျပခဲ့တာျဖစ္ပါတယ္။သူမရဲ႕ Blind Spot ေျဖရွင္းနည္းဟာ ကားတစ္စီးရဲ႕ အေရွ႕ဘက္ေထာင့္မွာရွိေနတဲ့ ဘလိုင္းစေပါ့တ္ကို ရိုးရိုးေလးေျဖရွင္းျပသြားခဲ့တာျဖစ္ပါတယ္။ အေရွ႕ဘက္မွာ ကင္မရာကိုထားလိုက္ၿပီးေနာက္ ကင္မရာကတိုက္ရိုက္ ရိုက္ယူထားတဲ့ျမင္ကြင္းဗီဒီယိုကို ပရိုဂ်က္တာဆီပို႔ေပးၿပီး အဲဒီကေနမွ 3D Printed လုပ္ကာ ကားေထာင့္မွာ ကပ္လိုက္တဲ့အခါမွာေတာ့ မူလအတိုင္း ပံုမွန္မျမင္ရတဲ့ေနရာကို အတားအဆီးမရွိ ေဖာက္ထြင္းျမင္ရသလိုျဖစ္သြားပါေတာ့တယ္။

ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ ယာဥ္မေတာ္တဆျဖစ္မႈေတြျဖစ္လာတဲ့အခ်ိန္တိုင္းမွာ ကားသမားတိုင္းဟာ စိတ္ရႈပ္စရာေကာင္းတဲ့အေျခအေနကေန ေ၀းသြားမွာပဲျဖစ္ပါတယ္။ ႏွစ္စဥ္ယာဥ္တိုက္မႈေပါင္း၈၄၀၀၀၀ မွာဆိုရင္ ဒီဘလိုင္းစေပါ့တ္ ျပသနာေၾကာင့္ျဖစ္တဲ့ မေတာ္တဆေတြကပိုမ်ား တယ္လို႔ ဆိုပါ တယ္။ ေနာက္ဆံုးေျပာရရင္ေတာ့ လူေသတဲ့ အထိေတာင္ျဖစ္ခဲ့ၾကတာမ်ားတယ္လို႔ အေ၀းေျပး
အဖြဲ႕ကေျပာထားတာေတြရွိလာပါတယ္။ ဒါ့အျပင္ ေနာက္ၾကည့္မွန္ေတြအျပင္ ေရွ႕ေအာက္၀ဲယာ ေနရာေတြကိုျမင္ႏိုင္တဲ့ မွန္မ်ားတပ္ဆင္လိုက္ျခင္းအားျဖင့္ ဘလိုင္းစေပါ့တ္ေနရာကို နည္းႏိုင္သမွ်နည္းေအာင္ေလွ်ာ့ခ်ေပးတာေတြေၾကာင့္မွတ္ေတြအမ်ားႀကီးတပ္ထားတာဟာ အဲဒီျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့အတြက္ နည္းပညာကုမၸဏီႀကီးေတြကလည္း ဂ်ီပီအက္စ္၊စီစီတီဗီ ကင္မရာ၊ေရဒါေတြကို ေခတ္မီနည္းပညာမ်ားအသံုးျပဳၿပီး၊ျပသနာမ်ိဳးစံုကို ေျဖရွင္းေနၾကၿပီျဖစ္ပါတယ္။

ဒီဘလိုင္းစေပါ့တ္ဆိုတဲ့ ျပႆနာေတြဟာ ကားေတြမွာအမ်ားဆံုးျဖစ္ေနတာေတြနဲ႔ ႀကံဳေနရတဲ့ မိခင္ရဲ႕အခက္အခဲကို ေတြ႔ရွိခဲ့ရၿပီးတဲ့ေနာက္မွာ သူမရဲ႕ စိတ္ကူးေကာင္းေလးကို အေကာင္အထည္ေဖာ္ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ တီထြင္လိုက္တဲ့ဖန္တီးမႈနည္းပညာဟာဆိုရင္ အဆင္ေျပေနၾကၿပီလို႔ေျပာလို႔ရေနၿပီ ျဖစ္ေၾကာင္းသိရပါတယ္။