ငယ်ရွယ်သူတို့ရဲ့တီထွင်မှုများ

0
2382

လူကြီးတွေမှတီထွင်မှုတွေမှာ အစွမ်းထက်ကြတာမဟုတ်ပါဘူး။ကလေးတွေဆိုတိုင်းလည်းအ ထင်သေးနှိမ့်ချနေဖို့မလိုသလို၊သူတို့စိတ်ဝင်စားရာ ပြုလုပ်ချင်တဲ့အရာလေးတွေကို လမ်းညွှန်ပြသ စိတ်ကူးလေးတွေကို ပြုလုပ်ခွင့်များပေးပြီး၊လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးကြမယ်ဆိုပါက သူတို့လေးတွေရဲ့စိတ်ကူးကောင်းရင်ကောင်းသလိုတိုးတက်လာမှာ သေချာနေပြီဖြစ်ပါတယ်။

photo internet

အခုပြောပြပေးချင်တဲ့အကြောင်းအရာလေးတွေကတော့ လွန်ခဲ့တဲ့ ၁၉၅၈ခုနှစ်တုန်းက အသက်အားဖြင့်၁၂နှစ် သာရှိသေးတဲ့ကလေးတစ်ယောက်ဟာ ပထမဆုံးတီထွင်မှုဖြစ်ခဲ့တဲ့Sailboard ကိုစတင်ဖန်တီးခဲ့ပါတယ်။ သူနေထိုင်ရာဒေသလေးကတော့ ဗြိတိန်ကမ်းရိုးတန်းရဲ့တောင်ဘက်စွန်းမှာရှိတဲ့ ဟေးလင်းကျွန်းလေး မှာဖြစ်ပါတယ်။ ပီတာရှေးလ်ဗားဟာ လှိုင်းစီးတာကို နှစ်သက်သူဖြစ်တာကြောင့် ဒီၤရေလှိုင်းတွေကြား မှာအဆင်ပြေစေမယ့် ကိရိယာတစ်ခုကို တီထွင်ဖို့ကကြိုးစားလာခဲ့ရာကနေ သူဖန်တီးထုတ်လုပ်ခဲ့တဲ့ ပစ္စည်းကြောင့် ရေလွှာလျှော စီးသူများပြာလာတာနဲ့အညီ ဝင်ငွေလည်း များစွာရရှိလာခဲ့ပါတယ်။ ပီတာအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးများအတွက် ရည်ရွယ်ပြီး The London East End Wilndsurfing Center ကို သူ့ရဲ့မွေးရပ်မှာပဲတည်ထောင်ခဲ့တယ်လို့သိရပါတယ်။

photo internet

ထူးဆန်းတယ်လို့ပြောရတာမျိုးမဟုတ်ပေမယ့် ရေခဲချောင်းဆိုတာကို စပြီးတီထွင်ခဲ့ပါတယ်ဆိုတဲ့ သူကိုတော့ ပြောပြချင်ပါတယ်။ သူကတော့ အမေရိကန်လူမျိုးဖရန့်အက်ပါဆွန်လို့ခေါ်တဲ့ အသက်၁၁နှစ်အရွယ်ကော င်လေးပဲဖြစ်ပါတယ်။ စစချင်းမှာတော့ စတီးနဲ့ပြုလုပ်ထားတဲ့ နို့ခွက်လေးဟာ ဇွန်းနဲ့အတူအိမ်အပြင်မှာ အမှတ်မထင်ကျန်ခဲ့ရာကနေ ဇွန်းကိုဆွဲထုတ်လိုက်တဲ့အချိန်မှာ ခဲပြီးအရသာ ကောင်းတဲ့ ရေခဲချော င်းလေးတစ်ခုကို စားလိုက်ရတာကနေ ၁၈လလောက်ကြာတဲ့အချိန်ထိ အိမ်မှမိသားစုတွေကို သာလုပ်ကျွေးခဲ့ပြီး စားသောက်စေခဲ့ တယ်လို့သိရပါတယ်။ နောက်ပိုင်း၁၉၂၃ ခုရောက်မှသာ စီးပွားရေးတစ်ခု အဖြစ်နဲ့ ရောင်းချခဲ့ရာမှပြန့်နှံ့သွားခဲ့ပါတယ်။

photo internet

နောက်တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၁၉၇၄ခုနှစ်တုန်းက Glo_Sheet ကိုစတင်ဖန်တီးပြုလုပ်ခဲ့တာပါ။သူမဟာ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံးတီထွင်မှုမူပိုင်ကိုရရှိခဲ့တဲ့အမျိုးသမိးလေး အဖြစ်မှတ်တမ်းတင်တာကိုလည်းခံခဲ့ရသူဖြစ်ပါတယ်။ သူမအနေနဲ့ အပူဓာတ်မဆိုသလောက်လေးထွက်တဲ့ မီစုန်းဓာတ်ကိုတွေ့ရှိခဲ့ရာကစာရွက်တစ်ရွက်မှာသုတ်လိမ်းလိုက်ပြီး၊အမှောင်ထဲမှာမြင်ရတဲ့ ဒီစာရွက်ကို ဖန်တီးနိုင်ခဲ့ပြီး၊အမေရိကန်အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုခြင်းကိုတောင်ခံခဲ့ရသူဖြစ်ခဲ့ပါတယ်။ မိတ်ဆွေတို့တစ်ခါတလေစားနေကြတဲ့ ပီကေဆိုတဲ့ ဝါးစရာလေးတစ်ခုကိုတီထွင်ခဲ့တဲ့သူလေးကတော့ အားလုံးကသိထားကြတာကတော့ အမေရိကန်စားသောက်ကုန်လုပ်ငန်းပိုင်ရှင် သောမတ်စ်အက်ဒမ် လို့ပဲသိကြတာဖြစ်ပါတယ်။

photo internet

အမှန်တကယ်ဆို တီထွင်မှုရဲ့အစဟာ သားဖြစ်သူဟိုရာတီရိုအက်ဒမ်ပဲဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ သောမတ်စ်စဟာမြောက်အမေရိကမှာပေါက်ရောက်တဲ့ CHICLEကို ဝါးစားပြီးတဖြည်းဖြည်း ချိုပြီးမွှေးတဲ့သစ်စေးကို စားသောက်ကုန်အဖြစ်ဖန်တီးဖို့အကြံရခဲ့တာမှအစပြုခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ အလုပ်ကို ကူညီပေးရင်းကနေ ဝါးစားနိုင်တဲ့ ပီကေကို ဖန်တီးဖို့လမ်းရှာတွေ့ခဲ့ပါတယ်။ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ပီကေဘူး၂၀၀လောက်ကို ဒေသထွက် ဆေးဝါးပမာစားသုံးသူများအတွက် အခမဲ့လိုက်ဝေပေးပြီးနောက်ပိုင်းမှာတော့ အရောင်အသွေးစုံလင်တဲ့ ပီကေတွေထုတ်လုပ်လာပြီး စီးပွားရေးဈေးကွက်ထဲရောက်ရှိလာခဲ့ပါတယ်။

photo internet

(Zawgyi Version)

ငယ္ရြယ္သူတို႔ရဲ႕တီထြင္မႈမ်ား

လူႀကီးေတြမွတီထြင္မႈေတြမွာ အစြမ္းထက္ၾကတာမဟုတ္ပါဘူး။ကေလးေတြဆိုတိုင္းလည္းအ ထင္ေသးႏွိမ့္ခ်ေနဖို႔မလိုသလို၊သူတို႕စိတ္၀င္စားရာ ျပဳလုပ္ခ်င္တဲ့အရာေလးေတြကို လမ္းညႊန္ျပသ စိတ္ကူးေလးေတြကို ျပဳလုပ္ခြင့္မ်ားေပးၿပီး၊လိုအပ္တာမွန္သမွ် ျဖည့္ဆည္းေပးၾကမယ္ဆိုပါက သူတို႕ေလးေတြရဲ႕စိတ္ကူးေကာင္းရင္ေကာင္းသလိုတိုးတက္လာမွာ ေသခ်ာေနၿပီျဖစ္ပါတယ္။

အခုေျပာျပေပးခ်င္တဲ့အေၾကာင္းအရာေလးေတြကေတာ့ လြန္ခဲ့တဲ့ ၁၉၅၈ခုႏွစ္တုန္းက အသက္အားျဖင့္၁၂ႏွစ္သာရိွေသးတဲ့ကေလးတစ္ေယာက္ဟာ ပထမဆံုးတီထြင္မႈျဖစ္ခဲ့တဲ့Sailboard ကိုစတင္ဖန္တီးခဲ့ပါတယ္။ သူေနထိုင္ရာေဒသေလးကေတာ့ ၿဗိတိန္ကမ္းရိုးတန္းရဲ ႕ေတာင္ဘက္စြန္းမွာရွိတဲ့ ေဟးလင္းကၽြြန္းေလးမွာျဖစ္ပါတယ္။ ပီတာေရွးလ္ဗားဟာ လႈိင္းစီးတာကို ႏွစ္သက္သူျဖစ္တာေၾကာင့္ ဒီၤေရလိႈင္းေတြၾကားမွာအဆင္ေျပေစမယ့္ ကိရိယာတစ္ခုကို တီထြင္ဖို႔ကႀကိဳးစားလာခဲ့ရာကေန သူဖန္တီးထုတ္လုပ္ခဲ့တဲ့ ပစၥည္းေၾကာင့္ ေရလႊာေလွ်ာ စီးသူမ်ားျပာလာတာနဲ႔အညီ ၀င္ေငြလည္း မ်ားစြာရရွိလာခဲ့ပါတယ္။ ပီတာအေနနဲ႔ ဆင္းရဲႏြမ္းပါးတဲ့ ကေလးမ်ားအတြက္ ရည္ရြယ္ၿပီး The London East End Wilndsurfing Center ကို သူ႔ရဲ႕ေမြးရပ္မွာပဲတည္ေထာင္ခဲ့တယ္လို႔သိရပါတယ္။

ထူးဆန္းတယ္လို႔ေျပာရတာမ်ိဳးမဟုတ္ေပမယ့္ ေရခဲေခ်ာင္းဆိုတာကို စၿပီးတီထြင္ခဲ့ပါတယ္ဆိုတဲ့ သူကိုေတာ့ ေျပာျပခ်င္ပါတယ္။ သူကေတာ့ အေမရိကန္လူမ်ိဳးဖရန္႔အက္ပါဆြန္လို႔ေခၚတဲ့ အသက္၁၁ႏွစ္အရြယ္ေကာ င္ေလးပဲျဖစ္ပါတယ္။ စစခ်င္းမွာေတာ့ စတီးနဲ႔ျပဳလုပ္ထားတဲ့ ႏို႔ခြက္ေလးဟာ ဇြန္းနဲ႔အတူအိမ္အျပင္မွာ အမွတ္မထင္က်န္ခဲ့ရာကေန ဇြန္းကိုဆြဲထုတ္လိုက္တဲ့အခ်ိန္မွာ ခဲၿပီးအရသာ ေကာင္းတဲ့ ေရခဲေခ်ာ င္းေလးတစ္ခုကို စားလိုက္ရတာကေန ၁၈လေလာက္ၾကာတဲ့အခ်ိန္ထိ အိမ္မွမိသားစုေတြကို သာလုပ္ေက်ြးခဲ့ၿပီး စားေသာက္ေစခဲ့ တယ္လို႔သိရပါတယ္။ ေနာက္ပိုင္း၁၉၂၃ ခုေရာက္မွသာ စီးပြားေရးတစ္ခု အျဖစ္နဲ႔ ေရာင္းခ်ခဲ့ရာမွျပန္႔ႏွံ႔သြားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ လြန္ခဲ့တဲ့ ၁၉၇၄ခုႏွစ္တုန္းက Glo_Sheet ကိုစတင္ဖန္တီးျပဳလုပ္ခဲ့တာပါ။သူမဟာ အေမရိကန္ႏိုင္ငံရဲ႕ အသက္အငယ္ဆံုးတီထြင္မႈမူပိုင္ကိုရရွိခဲ့တဲ့အမ်ိဳးသမိးေလးအျဖစ္မွတ္တမ္းတင္တာကိုလည္းခံခဲ့ရသူျဖစ္ပါတယ္။ သူမအေနနဲ႔ အပူဓာတ္မဆိုသေလာက္ေလးထြက္တဲ့ မီစုန္းဓာတ္ကိုေတြ႔ရွိခဲ့ရာကစာရြက္တစ္ရြက္မွာသုတ္လိမ္းလိုက္ၿပီး၊အေမွာင္ထဲမွာျမင္ရတဲ့ ဒီစာရြက္ကို ဖန္တီးႏိုင္ခဲ့ၿပီး၊အေမရိကန္အစိုးရရဲ႕ တရား၀င္ အသိအမွတ္ျပဳျခင္းကိုေတာင္ခံခဲ့ရသူျဖစ္ခဲ့ပါတယ္။ မိတ္ေဆြတို႔တစ္ခါတေလစားေနၾကတဲ့ ပီေကဆိုတဲ့ ၀ါးစရာေလးတစ္ခုကိုတီထြင္ခဲ့တဲ့သူေလးကေတာ့ အားလံုးကသိထားၾကတာကေတာ့ အေမရိကန္စားေသာက္ကုန္လုပ္ငန္းပိုင္ရွင္ ေသာမတ္စ္အက္ဒမ္ လို႔ပဲသိၾကတာျဖစ္ပါတယ္။ အမွန္တကယ္ဆို တီထြင္မႈရဲ႕အစဟာ သားျဖစ္သူဟိုရာတီရိုအက္ဒမ္ပဲျဖစ္ပါတယ္။ ဖခင္ျဖစ္တဲ့ ေသာမတ္စ္စဟာေျမာက္အေမရိကမွာေပါက္ေရာက္တဲ့ CHICLEကို ၀ါးစားၿပီးတျဖည္းျဖည္း ခ်ိုၿပီးေမႊးတဲ့သစ္ေစးကို စားေသာက္ကုန္အျဖစ္ဖန္တီးဖို႔အႀကံရခဲ့တာမွအစျပဳခဲ့တာျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ႕ အလုပ္ကို ကူညီေပးရင္းကေန ၀ါးစားႏိုင္တဲ့ ပီေကကို ဖန္တီးဖို႔လမ္းရွာေတြ႔ခဲ့ပါတယ္။ ပထမဆံုးထုတ္လုပ္ခဲ့တဲ့ပီေကဘူး၂၀၀ေလာက္ကို ေဒသထြက္ ေဆး၀ါးပမာစားသုံးသူမ်ားအတြက္ အခမဲ့လိုက္ေ၀ေပးၿပီးေနာက္ပိုင္းမွာေတာ့ အေရာင္အေသြးစံုလင္တဲ့ ပီေကေတြထုတ္လုပ္လာၿပီး စီးပြားေရးေစ်းကြက္ထဲေရာက္ရွိလာခဲ့ပါတယ္။