အန်ကယ်ဆမ်လို့ခေါ်ရတဲ့အကြောင်းအရင်း

0
2259
photo internet

ခေါင်းစဉ်လေးမြင်လိုက်ကြတာနဲ့ ဘယ်သူ့အမျိုးအကြောင်းပြောဦးမှာလဲလို့တွေးနေကြမယ်ထင်ပါတယ်။ နိုင်ငံရေးနဲ့ အကျွမ်းမဝင်တဲ့အများစုအနေနဲ့ကတော့ ဒီစကားလုံးကို ကြားဖုူးကြပေမယ့်၊သေသေချာချာမသိကြဘူးလို့ထင်ပါတယ်။ သိလွန်းလို့ပြောတာမဟုတ်ပေမယ့် ကိုယ်တိုင်လည်း အန်ကယ်ဆမ်ကို စိတ်ဝင်စားခဲ့တာကြောင့် ပြန်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ အန်ကယ်ဆမ်ဆိုတာဟာ အမေရိကန်စစ်ပွဲကာလအတွင်း ၁၈၁၂ခုခန့်က ပေါ်ပေါက်လာတာလို့ဆိုပါတယ်။

photo internet

အဲဒီအချိန်တုန်းက အမေရိကန်စစ်တပ်အတွက် ဆားစိမ်အမဲသား၊ဝက်သား၊စတဲ့ စားသောက်ကုန်တွေကိုSamuel Wilsonဆိုတဲ့ ကုန်သည်တစ်ယောက်နဲ့ ကန်ထရိုက်စာချုပ်ပြီးတင်သွင်းခွင့်ပြုရာမှ စခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အသားစည်သွတ်ဘူးတွေ၊စည်ပိုင်းတွေတင်သွင်းလာတဲ့အခါတိုင်းမှာ အမှတ်အသားတစ်ခုအနေနဲ့ USလို့ရေးစေခဲ့ရာမှ စခဲ့တယ်လို့သိရပါတယ်။

photo internet

တကယ့်အစစ်အမှန်စကားလုံးဟာ United Statesကို အတိုကောက်ရေးထားတာကို စစ်သားတွေက သိချင်တဲ့စိတ်တစ်ခုအနေနဲ့ထပ်ပြီးမေးမြန်းကြတဲ့အခါမှာ စိတ်ပေါက်ပေါက်နဲ့USဆိုတာ Uncle Samပေါ့ကွာလို့အလွယ်တကူ နောက်ပြောင်ပြောဆိုခဲ့ရာမှနောက်မှာ ဦးလေးဆမ်ဖြစ်သွားခဲ့ ပါတယ်။နောက်ပြောင်ပြောတဲ့စကားများ ဟာတစ်ခါတလေမှာ လူတိုင်းပါးစပ်ဖျားမှာ စွဲသွားကြစေတဲ့အထိဖြစ်တတ်ပါတယ်။

photo internet

Wilsonနောက်ပြောင်ပြီးပြောခဲ့တဲ့USပစ္စည်းတွေဟာ Uncle Samရဲ့ ပစ္စည်းတွေဖြစ်ကြောင်းအခြားနိုင်ငံတွေအထိပါ ပြန့်နှံ့သွားခဲ့ပြီး၊ အမေရိကန်နိုင်ငံအစား အန်ကယ်ဆမ်လို့ပဲသုံးကြတာကိုတွေ့ရပါတော့တယ်လို့ဆိုပါတယ်။ ဒီလိုအဖြစ်မျိုးတွေရှိခဲ့တာကြောင့် နိုင်ငံရေးသတင်းတွေ၊ဆောင်းပါးတွေ၊ကာတွန်းတွေမှာဆိုရင်တော့ အန်ကယ်ဆမ်နဲ့ မကြာမကြာတွေ့ဖူးကြလိမ့်မယ်လို့ထင်မိပါတယ်။

photo internet

(Zawgyi Version)

အန္ကယ္ဆမ္လို႔ေခၚရတဲ့အေၾကာင္းအရင္း

ေခါင္းစဥ္ေလးျမင္လိုက္ၾကတာနဲ႔ ဘယ္သူ႕အမ်ိဳးအေၾကာင္းေျပာဦးမွာလဲလို႔ေတြးေနၾကမယ္ထင္ပါတယ္။ ႏိုင္ငံေရးနဲ႔ အကၽြမ္းမ၀င္တဲ့အမ်ားစုအေနနဲ႔ကေတာ့ ဒီစကားလံုးကို ၾကားဖုူးၾကေပမယ့္၊ေသေသခ်ာခ်ာမသိၾကဘူးလို႔ထင္ပါတယ္။ သိလြန္းလို႔ေျပာတာမဟုတ္ေပမယ့္ ကိုယ္တိုင္လည္း အန္ကယ္ဆမ္ကို စိတ္၀င္စားခဲ့တာေၾကာင့္ ျပန္ၿပီးမွ်ေ၀ေပးတာပဲျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ အန္ကယ္ဆမ္ဆိုတာဟာ အေမရိကန္စစ္ပြဲကာလအတြင္း ၁၈၁၂ခုခန္႔က ေပၚေပါက္လာတာလို႔ဆိုပါတယ္။

အဲဒီအခ်ိန္တုန္းက အေမရိကန္စစ္တပ္အတြက္ ဆားစိမ္အမဲသား၊၀က္သား၊စတဲ့ စားေသာက္ကုန္ေတြကိုSamuel Wilsonဆိုတဲ့ ကုန္သည္တစ္ေယာက္နဲ႔ ကန္ထရိုက္စာခ်ဳပ္ၿပီးတင္သြင္းခြင့္ျပဳရာမွ စခဲ့တဲ့ဇာတ္လမ္းျဖစ္ပါတယ္။ အသားစည္သြတ္ဘူးေတြ၊စည္ပိုင္းေတြတင္သြင္းလာတဲ့အခါတိုင္းမွာ အမွတ္အသားတစ္ခုအေနနဲ႔ USလို႔ေရးေစခဲ့ရာမွ စခဲ့တယ္လို႔သိရပါတယ္။

တကယ့္အစစ္အမွန္စကားလံုးဟာ United Statesကို အတိုေကာက္ေရးထားတာကို စစ္သားေတြက သိခ်င္တဲ့စိတ္တစ္ခုအေနနဲ႔ထပ္ၿပီးေမးျမန္းၾကတဲ့အခါမွာ စိတ္ေပါက္ေပါက္နဲ႔USဆိုတာ Uncle Samေပါ့ကြာလို႔အလြယ္တကူ ေနာက္ေျပာင္ေျပာဆိုခဲ့ရာမွေနာက္မွာ ဦးေလးဆမ္ျဖစ္သြားခဲ့ ပါတယ္။ေနာက္ေျပာင္ေျပာတဲ့စကားမ်ား ဟာတစ္ခါတေလမွာ လူတိုင္းပါးစပ္ဖ်ားမွာ စြဲသြားၾကေစတဲ့အထိျဖစ္တတ္ပါတယ္။

Wilsonေနာက္ေျပာင္ၿပီးေျပာခဲ့တဲ့USပစၥည္းေတြဟာ Uncle Samရဲ႕ ပစၥည္းေတြျဖစ္ေၾကာင္းအျခားႏိုင္ငံေတြအထိပါ ျပန္႔ႏွံ႔သြားခဲ့ၿပီး၊ အေမရိကန္ႏိုင္ငံအစား အန္ကယ္ဆမ္လို႔ပဲသံုးၾကတာကိုေတြ႔ရပါေတာ့တယ္လို႔ဆိုပါတယ္။ ဒီလိုအျဖစ္မ်ိဳးေတြရွိခဲ့တာေၾကာင့္ ႏိုင္ငံေရးသတင္းေတြ၊ေဆာင္းပါးေတြ၊ကာတြန္းေတြမွာဆိုရင္ေတာ့ အန္ကယ္ဆမ္နဲ႔ မၾကာမၾကာေတြ႔ဖူးၾကလိမ့္မယ္လို႔ထင္မိပါတယ္။