အနက်ရှိုင်းဆုံးဆိုတဲ့နေရာတွေကိုရောက်လာပြီဖြစ်တဲ့ပလတ်စတစ်များ

0
1084
photo internet

ပလတ်စတစ်တွေကို အကောင်းဆုံးတီထွင်မှုလို့ဆိုနိုင်ပေမယ့် အဆိုးဆုံးတီထွင်မှုလို့လည်း ပြောနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်လို ပလတ်စတစ်တွေဟာ နှစ်ပေါင်းများစွာကြာ တဲ့အထိတောင် ဆွေးမြေ့ပျက်စီး မှုလုံးဝမရှိကြဘဲ မြေကြီးအတွင်းမှာပဲမြုပ်နေကာ မြေသြဇာမဖြစ်တဲ့အပြင် မြေတွင်းအောက်ဆီဂျင်ထွက်ရှိမှုကိုပါ ပိတ်ဆို့တဲ့အခြေအနေမျိုးတွေအထိဖြစ်လာပြီး၊ အပင်များရှင်သန်ပေါက်ပွားစေဖို့ရာအတွက် ဖျက်ဆီးမှုတွေဖြစ်လာတာ အားလုံးသိကြမှာဖြစ်ပါတယ်။

photo internet

ဒီလိုပလတ်စတစ်တွေဟာ လူသားတွေရဲ့ နေထိုင်မှုဘဝတစ်ခုမှာ အသုံးပြုရလွယ်ကူ သက်သာစေတာ အမှန်ဖြစ်ပေမယ့် ပစ္စည်းတွေအနေအထားအရ နှစ်ကြာလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးသလိုလူသားအားလုံးရဲ့ ကျန်းမာရေးကိုလည်း တဖြည်းဖြည်းနဲ့ ထိခိုက်နစ်နာ လာစေတယ်ဆို တာကိုတော့ သိကြမှာဖြစ်ပါတယ်။အခုအခြေအနေများဆိုရင် ကမ္ဘာပေါ်မှာပလတ်စတစ်တွေ ဘယ်လောက်အထိများ လာနေပြီလဲ ဆိုတာပြောပြရရင် မိမိတို့နေထိုင်နေတဲ့ ရပ်ကွက်ကျေးရွာအသီးသီးရှိ အိမ်ဘေးမြောင်းကနေတစ်ဆင့် ချောင်းများ၊မြစ်များအတွင်း တစ်ဆင့်ပြီးတစ်ဆင့်နဲ့ လည်ပတ် စီးဆင်းကုန်တာဟာ တန်ချိန် ၁၅၀ မီလီယံမက်ထရစ်တန်ချိန်လောက် ရှိနေပြီလို့သိရပါတယ်။

photo internet

ဒီ့ထက်ပိုများလာမယ်ဆိုပါက ကမ္ဘာ့ရေမြေတစ်နေရာကိုဒီစွန့်ပစ်ပလတ်စတစ်တွေဟာရောက်ရှိသွားကုန်ပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိသတ္တဝါတွေအားလုံးကို ပိုပြီးဒုက္ခပေးလာကြတော့မှာဖြစ်ပါတယ်လို့ဆိုပါတယ်။ ပိုပြီးကြောက်စရာကောင်းတဲ့အချက်ကတော့ အဲဒီစွန့်ပစ်ပလတ်စတစ်တွေဟာ ကမ္ဘာ့အနက်ရှိုင်းဆုံးဖြစ်တဲ့ ပစိဖိတ် သမုဒ္ဒရာချောက်ကြီးရဲ့ ဟိုးအောက်ခင်းကြမ်းပြင် ကိုတောင်ရောက်နေကြပြီလို့ဆိုနေတဲ့ အခြေအနေထိဖြစ်နေပါပြီ။ ဒီလိုပြောနိုင်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နိုင်ငံသား Victor Vescovo ရဲ့တွေ့ရှိချက်အရ ကြွပ်ကြွပ်အိတ်တွေနဲ့ ပလတ်စတစ်စွန့်အချို့ကို တစ်စုတစ်စည်းတည်း တွေ့ရှိခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။ သူ့အနေနဲ့ရေတပ်ကနေ အနားယူခဲ့တဲ့စစ်သားဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီသူလုပ်ကိုင်နေတဲ့အလုပ်ကလည်း Dicovery Channelရဲ့ Five Deeps Expedition အစီအစဉ်မှာပါဝင်နေတာဖြစ်ပါတယ်။

photo internet

အသင်းနဲ့အတူ ရေအောက်ရှာဖွေရေးတွေလုပ်ကိုင်နေရသူဖြစ်တာကြောင့် ပလတ်စတစ်အမှိုက်ကိစ္စတွေ သိလာရတာဖြစ်ပါတယ်။ သူတို့ရဲ့စူးစမ်းရှာဖွေတွေ့ရှိမှုတွေကို ရုပ်မြင်သံကြားမှတစ်ဆင့် ဗဟုသုတရဖွယ်တင်ပြပေးနေတာဖြစ်တဲ့အတွက် နောက်ထပ်လည်း သမုဒ္ဒရာအောက်ဆုံးကြမ်းခင်းပြင်အထိဆင်းပြီး ရိုက်ကူးတင်ဆက်ဦးမှာလို့လည်းသိရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်မှုတွေကြောင့်သမုဒ္ဒရာကြမ်းခင်းတွေမှာ ရှင်သန်နေထိုင်ကြတဲ့သတ္တဝါတွေအတွက် အန္တရာယ်အများဆုံးကြုံနေရပြီဖြစ်တာမို့စိတ်မကောင်းဖြစ်မိပါတယ်။ အထူးသဖြင့်ကတော့ ပင်လယ်လိပ်တွေနဲ့ ဝေလငါးအများအပြားဟာဒီပလတ်စတစ်တွေရဲ့ ဆိုးကျိုးကို အဓိကခံစားနေရတဲ့သတ္တဝါတွေဖြစ်နေပါတယ်။ဒါကြောင့်ကမ္ဘာအနှံ့ ဒီကြွပ်ကြွပ်အိတ်အသုံး မပြုရေးလှုပ်ရှားမှုတွေကိုပြုလုပ်နေကြပေမယ့်လည်း၊ ပလတ်စတစ်တွေဟာ လျော့နည်းသွားခြင်းမရှိတဲ့အပြင် ကမ္ဘာ့ကုန်သွယ်စီးပွားရေးအခြေအနေအရ လာမယ့်ဆယ်စုနှစ်အတွင်းမှာကိုပဲ လက်ရှိအသုံးပြုနေတာ ထက်၂ဆ ပိုများသွားနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်းဆိုပါတယ်။

photo internet

အမှန်တကယ်ဆို အမေရိကန်နဲ့တရုတ်အပြင် အခြားနိုင်ငံတွေဟာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း မှာ လုပ်ဆောင်မှုအားနည်းမှေးမှိန်နေတာတွေ့ရပြီး၊ ရှေ့ဆက် အခုလိုအနေအထားအတိုင်း သာသွားကြမယ် ဆိုပါက မကြာခင်နှစ်များအတွင်းမှာ သမုဒ္ဒရာတွေထဲမှာ ပလတ်စတစ်မက်ဒရစ်တန်ချိန် ၂၅၀ လောက်အထိ ရှိလာနိုင်ဖွယ်ရှိပါတယ်။ အဲလိုဖြစ်လာမယ်ဆိုရင်တော့ တိရစ္ဆာန်လေးတွေအတွက်ပါ စိုးရိမ်ဖွယ်အနေအထားတွေပိုဖြ စ်လာတော့မယ်ဆိုတာစိတ်မကောင်းစွာတွေးမိပါတယ်။

photo internet

(Zawgyi Version)

အနက္ရႈိင္းဆံုးဆိုတဲ့ေနရာေတြကိုေရာက္လာၿပီျဖစ္တဲ့ပလတ္စတစ္မ်ား

ပလတ္စတစ္ေတြကို အေကာင္းဆံုးတီထြင္မႈလို႔ဆိုႏိုင္ေပမယ့္ အဆိုးဆံုးတီထြင္မႈလို႔လည္း ေျပာႏိုင္ပါတယ္။ ႀကြပ္ႀကြပ္အိတ္လို ပလတ္စတစ္ေတြဟာ ႏွစ္ေပါင္းမ်ားစြာၾကာ တဲ့အထိေတာင္ ေဆြးေျမ႕ပ်က္စီး မႈလံုး၀မရွိၾကဘဲ ေျမႀကီးအတြင္းမွာပဲျမဳပ္ေနကာ ေျမၾသဇာမျဖစ္တဲ့အျပင္ ေျမတြင္းေအာက္ဆီဂ်င္ထြက္ရွိမႈကိုပါ ပိတ္ဆို႔တဲ့အေျခအေနမ်ိဳးေတြအထိျဖစ္လာၿပီး၊ အပင္မ်ားရွင္သန္ေပါက္ပြားေစဖို႔ရာအတြက္ ဖ်က္ဆီးမႈေတြျဖစ္လာတာ အားလံုးသိၾကမွာျဖစ္ပါတယ္။

ဒီလိုပလတ္စတစ္ေတြဟာ လူသားေတြရဲ႕ ေနထိုင္မႈဘ၀တစ္ခုမွာ အသံုးျပဳရလြယ္ကူ သက္သာေစတာ အမွန္ျဖစ္ေပမယ့္ ပစၥည္းေတြအေနအထားအရ ႏွစ္ၾကာလာတာနဲ႔အမွ် သဘာ၀ပတ္၀န္းက်င္ကိုလည္း ဒုကၡေပးသလိုလူသားအားလံုးရဲ႕ က်န္းမာေရးကိုလည္း တျဖည္းျဖည္းနဲ႔ ထိခိုက္နစ္နာ လာေစတယ္ဆို တာကိုေတာ့ သိၾကမွာျဖစ္ပါတယ္။အခုအေျခအေနမ်ားဆိုရင္ ကမၻာေပၚမွာပလတ္စတစ္ေတြ ဘယ္ေလာက္အထိမ်ားလာေနၿပီလဲဆိုတာေျပာျပရရင္ မိမိတို႔ေနထိုင္ေနတဲ့ ရပ္ကြက္ေက်းရြာအသီးသီးရွိ အိမ္ေဘးေျမာင္းကေနတစ္ဆင့္ ေခ်ာင္းမ်ား၊ျမစ္မ်ားအတြင္း တစ္ဆင့္ၿပီးတစ္ဆင့္နဲ႔ လည္ပတ္ စီးဆင္းကုန္တာဟာ တန္ခ်ိန္ ၁၅၀ မီလီယံမက္ထရစ္တန္ခ်ိန္ေလာက္ ရွိေနၿပီလို႔သိရပါတယ္။

ဒီ့ထက္ပိုမ်ားလာမယ္ဆိုပါက ကမၻာ့ေရေျမတစ္ေနရာကိုဒီစြန္႔ပစ္ပလတ္စတစ္ေတြဟာေရာက္ရွိသြားကုန္ၿပီး၊ သဘာ၀ပတ္၀န္းက်င္နဲ႔ သက္ရွိသတၱ၀ါေတြအားလံုးကို ပိုၿပီးဒုကၡေပးလာၾကေတာ့မွာျဖစ္ပါတယ္လို႔ဆိုပါတယ္။ ပိုၿပီးေၾကာက္စရာေကာင္းတဲ့အခ်က္ကေတာ့ အဲဒီစြန္႔ပစ္ပလတ္စတစ္ေတြဟာ ကမၻာ့အနက္ရႈိင္းဆံုးျဖစ္တဲ့ ပစိဖိတ္ သမုဒၵရာေခ်ာက္ႀကီးရဲ႕ ဟိုးေအာက္ခင္းၾကမ္းျပင္ ကိုေတာင္ေရာက္ေနၾကၿပီလို႔ဆိုေနတဲ့ အေျခအေနထိျဖစ္ေနပါၿပီ။ဒီလိုေျပာႏိုင္ရတဲ့အေၾကာင္းရင္းကေတာ့ အေမရိကန္ႏိုင္ငံသား Victor Vescovo ရဲ႕ေတြ႔ရွိခ်က္အရ ႀကြပ္ႀကြပ္အိတ္ေတြနဲ႔ ပလတ္စတစ္စြန္႔အခ်ိဳ႕ကို တစ္စုတစ္စည္းတည္း ေတြ႔ရွိခဲ့တာျဖစ္တယ္ လို႔ ဆိုပါတယ္။ သူ႔အေနနဲ႔ေရတပ္ကေန အနားယူခဲ့တဲ့စစ္သားေဟာင္းတစ္ေယာက္ျဖစ္တာနဲ႔အညီသူလုပ္ကိုင္ေနတဲ့အလုပ္ကလည္း Dicovery Channelရဲ႕ Five Deeps Expedition အစီအစဥ္မွာပါ၀င္ေနတာျဖစ္ပါတယ္။

အသင္းနဲဲ႔အတူ ေရေအာက္ရွာေဖြေရးေတြလုပ္ကိုင္ေနရသူျဖစ္တာေၾကာင့္ ပလတ္စတစ္အမႈိက္ကိစၥေတြ သိလာရတာျဖစ္ပါတယ္။ သူတို႔ရဲ႕စူးစမ္းရွာေဖြေတြ႔ရွိမႈေတြကို ရုပ္ျမင္သံၾကားမွတစ္ဆင့္ ဗဟုသုတရဖြယ္တင္ျပေပးေနတာျဖစ္တဲ့အတြက္ ေနာက္ထပ္လည္း သမုဒၵရာေအာက္ဆံုးၾကမ္းခင္းျပင္အထိဆင္းၿပီး ရိုက္ကူးတင္ဆက္ဦးမွာလို႔လည္းသိရပါတယ္။ စည္းကမ္းမဲ့စြန္႔ပစ္မႈေတြေၾကာင့္သမုဒၵရာၾကမ္းခင္းေတြမွာ ရွင္သန္ေနထိုင္ၾကတဲ့သတၱ၀ါေတြအတြက္ အႏၱရာယ္အမ်ားဆံုးၾကံဳေနရၿပီျဖစ္တာမို႔စိတ္မေကာင္းျဖစ္မိပါတယ္။အထူးသျဖင့္ကေတာ့ ပင္လယ္လိပ္ေတြနဲ႔ ေ၀လငါးအမ်ားအျပားဟာဒီပလတ္စတစ္ေတြရဲ႕ ဆိုးက်ိဳးကို အဓိကခံစားေနရတဲ့သတၱ၀ါေတြျဖစ္ေနပါတယ္။ဒါေၾကာင့္ကမၻာအႏွံ႔ ဒီၾကြပ္ၾကြပ္အိတ္အသံုးမျပဳေရးလႈပ္ရွားမႈေတြကိုျပဳလုပ္ေနၾကေပမယ့္လည္း၊ ပလတ္စတစ္ေတြဟာ ေလ်ာ့နည္းသြားျခင္းမရွိတဲ့အျပင္ ကမၻာ့ကုန္သြယ္စီးပြားေရးအေျခအေနအရ လာမယ့္ဆယ္စုႏွစ္အတြင္းမွာကိုပဲ လက္ရွိအသံုးျပဳေနတာထက္၂ဆ ပိုမ်ားသြားႏိုင္တယ္လို႔ ခန္႔မွန္းထားၾကေၾကာင္းဆိုပါတယ္။

အမွန္တကယ္ဆို အေမရိကန္နဲ႔တရုတ္အျပင္ အျခားႏိုင္ငံေတြဟာလည္း သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးလုပ္ငန္းမွာ လုပ္ေဆာင္မႈအားနည္းေမွးမိွန္ေနတာေတြ႔ရၿပီး၊ ေရွ႕ဆက္ အခုလိုအေနအထားအတိုင္းသာသြားၾကမယ္ဆိုပါက မၾကာခင္ႏွစ္မ်ားအတြင္းမွာ သမုဒၵရာေတြထဲမွာ ပလတ္စတစ္မက္ဒရစ္တန္ခ်ိန္ ၂၅၀ ေလာက္အထိ ရွိလာႏိုင္ဖြယ္ရိွပါတယ္။ အဲလိုျဖစ္လာမယ္ဆိုရင္ေတာ့ တိရစၦာန္ေလးေတြအတြက္ပါ စိုးရိမ္ဖြယ္အေနအထားေတြပိုျဖ စ္လာေတာ့မယ္ဆိုတာစိတ္မေကာင္းစြာေတြးမိပါတယ္။