အဆင့်မြင့်မြင့်စားသောက်ချင်ကြသူများအတွက်

0
1616
photo internet

ဒီခေါင်းစဉ်လေးကိုကြည့်လိုက်တာနဲ့ ဘာတွေများစားရမှာလဲလို့တွေးနေကြမယ်ထင်ပါတယ်။ အစီအစဉ်လေးကတော့ ဘယ်ဂျီယံကဈေးကွက်နဲ့ ဆက်သွယ်ရေးဆိုင်ရာကုမ္ပဏီပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ David Ghyselsနဲ့ အတူ အစီအစဉ်ကျင်းပသူတစ်ယောက်ဖြစ်တဲ့ Stefan Kerkhofsတို့က ပူးပေါင်းစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ Bungee jumpingဆိုတာဟာ အဆောက်အအုံ၊မတ်စောက်တဲ့ချောက်ကမ်းပါးစတာတို့ကနေ ခြေထောက်ကိုအလျော့အတင်း လုပ်လို့ရတဲ့ကြိုးနဲ့ချည်ကာ အောက်ဘက်ကိုခုန်ချရတဲ့ စွန့်စားမှုတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ ပထမဦးဆုံးအနေနဲ့ လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်မှာ သူတို့နှစ်ယောက်ပေါင်းပြီး ဥရောပ စားသောက်ဆိုင်လုပ်ငန်းစုကြီးတစိခုဖြစ်တဲ့ jeunesအတွက် တစ်မူထူးခြားတဲ့ ဝန်ဆောင်မှုကိုပေးခဲ့ကြကြောင်းသိရပါတယ်။

photo internet

နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ထံကို ကမ္ဘာတစ်ဝန်းကနေ အခုလိုမျိုး ဝန်ဆောင်မှုတွေပေးဖို့ ဆက်သွယ်လာကြောင်းသိရပါတယ်။ အဲလိုဆက်သွယ်လာပြီးနောက်မှာတော့ သူတို့ရဲ့ဆိုင်ကို ဘယ်လ်ဂျီယံမှာသာမက တခြားနိုင်ငံတွေမှာပါ ခွဲပြီးဝန်ဆောင်မှုတွေပေးဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။ ရှားပါးလှတဲ့ဒီလိုဆိုင်မျိုးကို DINNER IN THE SKYလို့ နာမည်ပေးထားတာသိရပါတယ်။ ဆိုင်အခင်းအကျင်းတွေကို ပြောပြရရင် စားသောက်ဆိုင်ရဲ့ စားပွဲတွေကို ပေ၁၅၀ အမြင့်အထိ ကရိန်းတွေနဲ့ ဆွဲမထားပြီး စားသုံးသူတွေကို သုံးဆောင်စေတာဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ ကမ္ဘာ့အထူးခြားဆုံး စားသောက်ဆိုင်၁၀ခု စာရင်းမှာလည်း ထည့်သွင်းဖော်ပြတာခံရပြီး၊ လက်ရှိအချိန်မှာတော့ Dinner In The Sky ကို နိုင်ငံ၁၅နိုင်ငံကမြို့ကြီးများအထိ ဝန်ဆောင်မှုပေးထားတာဖြစ်ပြီး၊ပါရီ၊ ဒူဘိုင်း၊လတ်စ်ဗီးဂတ်စ်တို့ လိုမြို့ကြီးတွေအထိပါဝင်ကြောင်း သိရပါတယ်။

photo internet

ဒီစားသောက်ဆိုင်နဲ့ပတ်သက်ပြီးရှင်းပြရရင်တော့ လူ၁၅ယောက်ခန့်လိုက်ပါစားသုံးနိုင်ပြီး၊ဝန်ထမ်း၄ယောက်ကလိုက်ပါ ဝန်ဆောင်မှုများပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစားသောက်ဆိုင်ရဲ့ အဓိကတားမြစ်ချက်တွေအရ ကရိန်းနဲ့ဆွဲမတင်ပြီး၁၅ထပ်အမြင့်လောက်ရောက်တဲ့အခါမျိုးဆိုရင်တော့ ကြောက်စရာလန့်စရာပိုကောင်းလွန်းတာကြောင့် အသက်၁၃နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေကိုတော့ လာရောက်စားသောက်ခွင့် မပြုထားတဲ့ အကြောင်းဆိုပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်အလေးချိန်၁၅၀ကီလိုအထိပဲခွင့်ပြုထားတာဖြစ်ပြီး၊ အရပ်၄ပေ၅လက္မအထက်ရှိသူတွေဖြစ်ရပါမယ်။ ဖုန်းနဲ့ကင်မရာမှလွဲပြီး တခြားအိတ်တွေကို ယူဆောင်ခွင့်မပြုထားကြောင်းလည်းသိရပါတယ်။

photo internet

အသည်းတအေးအေးနဲ့ စားသောက်နေရတဲ့ အရသာလေးကို ဘယ်လိုမျိုးလည်းသိချင်သူများကလာရောက်စားသုံး ကြတာက်ုတွေ့ရမှာဖြစ်ပါတယ်။ ခုံတွေကလည်း တစ်သမတ်တည်းမဟုတ်ဘဲ အနောက်ကိုလှန်ချနိုင်ပြီးလှည့်နိုင် တယ်လို့ဆိုပါတယ်။ တချို့စားပွဲတွေမှာဆိုရင် စားနေရင်းလှည့်ပေးနေတာကြောင့် အောက်ခြေမြင်ကွင်းတွေကို အကောင်းဆုံးမြင်ရမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ဆိုရင် တစ်နာရီကြာဝန်ဆောင်မှုအတွက်ကတော့ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ၃သိန်းခွဲလောက်အထိ အမျိုးမျိုးရှိမှာဖြစ်ကြောင်းသိရပါတယ်။ အပေါ်စီးကနေပြီး အဆင့်မြင့်မြင့် စားသုံးရတာကိုမှကြိုက်ပါတယ်ဆိုသူတွေအတွက်တော့ ဇိမ်ရှိမရှိတော့မသိနိုင်ဘဲ စိတ်ထဲတထင့်ထင့်နဲ့ စားသောက်နေရမယ်လို့ တွေးနေမိပါတယ်။

photo internet

(Zawgyi Version)

အဆင့္ျမင့္ျမင့္စားေသာက္ခ်င္ၾကသူမ်ားအတြက္

ဒီေခါင္းစဥ္ေလးကိုၾကည့္လိုက္တာနဲ႔ ဘာေတြမ်ားစားရမွာလဲလို႔ေတြးေနၾကမယ္ထင္ပါတယ္။ အစီအစဥ္ေလးကေတာ့ ဘယ္ဂ်ီယံကေစ်းကြက္နဲ႔ ဆက္သြယ္ေရးဆိုင္ရာကုမၸဏီပိုင္ရွင္ တစ္ေယာက္ျဖစ္တဲ့ David Ghyselsနဲ႔ အတူ အစီအစဥ္က်င္းပသူတစ္ေယာက္ျဖစ္တဲ့ Stefan Kerkhofsတို႔က ပူးေပါင္းစတင္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ Bungee jumpingဆိုတာဟာ အေဆာက္အအံု၊မတ္ေစာက္တဲ့ေခ်ာက္ကမ္းပါးစတာတို႔ကေန ေျခေထာက္ကိုအေလ်ာ့အတင္္းလုပ္လို႕ရတဲ့ႀကိဳးနဲ႔ခ်ည္ကာ ေအာက္ဘက္ကိုခုန္ခ်ရတဲ့ စြန္႔စားမႈတစ္မ်ိဳးျဖစ္ေၾကာင္းသိရပါတယ္။ ပထမဦးဆံုးအေနနဲ႔ လြန္ခဲ့တဲ့ ၂၀၀၇ခုႏွစ္မွာ သူတို႔ႏွစ္ေယာက္ေပါင္းၿပီး ဥေရာပ စားေသာက္ဆိုင္လုပ္ငန္းစုႀကီးတစိ္ခုျဖစ္တဲ့ jeunesအတြက္ တစ္မူထူးျခားတဲ့ ၀န္ေဆာင္မႈကိုေပးခဲ့ၾကေၾကာင္းသိရပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ထံကို ကမၻာတစ္၀န္းကေန အခုလိုမ်ိဳး ၀န္ေဆာင္မႈေတြေပးဖို႔ ဆက္သြယ္လာေၾကာင္းသိရပါတယ္။ အဲလိုဆက္သြယ္လာၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ဆိုင္ကို ဘယ္လ္ဂ်ီယံမွာသာမက တျခားႏိုင္ငံေတြမွာပါ ခြဲၿပီး၀န္ေဆာင္မႈေတြေပးဖို႔ ဆံုးျဖတ္ထားေၾကာင္းလည္းသိရပါတယ္။ ရွားပါးလွတဲ့ဒီလိုဆိုင္မ်ိဳးကို DINNER IN THE SKYလို႔ နာမည္ေပးထားတာသိရပါတယ္။ ဆိုင္အခင္းအက်င္းေတြကို ေျပာျပရရင္ စားေသာက္ဆိုင္ရဲ႕ စားပြဲေတြကို ေပ၁၅၀ အျမင့္အထိ ကရိန္းေတြနဲ႔ ဆြဲမထားၿပီး စားသံုးသူေတြကို သံုးေဆာင္ေစတာျဖစ္ပါတယ္။ ဒီစားေသာက္ဆိုင္ဟာ ကမၻာ့အထူးျခားဆံုး စားေသာက္ဆိုင္၁၀ခု စာရင္းမွာလည္း ထည့္သြင္းေဖာ္ျပတာခံရၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ Dinner In The Sky ကို ႏိုင္ငံ၁၅နိုင္ငံကၿမိဳ႕ႀကီးမ်ားအထိ ၀န္ေဆာင္မႈေပးထားတာျဖစ္ၿပီး၊ပါရီ၊ ဒူဘိုင္း၊လတ္စ္ဗီးဂတ္္စ္တို႔လိုၿမိဳ႕ႀကီးေတြအထိပါ၀င္ေၾကာင္းသိရပါတယ္။

ဒီစားေသာက္ဆိုင္နဲ႔ပတ္သက္ၿပီးရွင္းျပရရင္ေတာ့ လူ၁၅ေယာက္ခန္႔လိုက္ပါစားသံုးနိုင္ၿပီး၊၀န္ထမ္း၄ေယာက္ကလိုက္ပါ ၀န္ေဆာင္မႈမ်ားေပးတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစားေသာက္ဆိုင္ရဲ႕ အဓိကတားျမစ္ခ်က္ေတြအရ ကရိန္းနဲ႔ဆြဲမတင္ၿပီး၁၅ထပ္အျမင့္ေလာက္ေရာက္တဲ့အခါမ်ိဳးဆိုရင္ေတာ့ ေၾကာက္စရာလန္႔စရာပိုေကာင္းလြန္းတာေၾကာင့္ အသက္၁၃ႏွစ္ေအာက္ကေလးေတြနဲ႔ ကိုယ္၀န္ေဆာင္သည္ေတြကိုေတာ့ လာေရာက္စားေသာက္ခြင့္ မျပဳထားတဲ့ အေၾကာင္းဆိုပါတယ္။ ဒါတင္မကေသးဘဲ ကိုယ္အေလးခ်ိိန္၁၅၀ကီလိုအထိပဲခြင့္ျပဳထားတာျဖစ္ၿပီး၊အရပ္၄ေပ၅လကၼအထက္ရွိသူေတြျဖစ္ရပါမယ္။
ဖုန္းနဲ႔ကင္မရာမွလြဲၿပီး တျခားအိတ္ေတြကို ယူေဆာင္ခြင့္မျပဳထားေၾကာင္းလည္းသိရပါတယ္။ အသည္းတေအးေအးနဲ႔ စားေသာက္ေနရတဲ႔ အရသာေလးကို ဘယ္လိုမ်ိဳးလည္းသိခ်င္သူမ်ားကလာေရာက္စားသံုးၾကတာက္ုေတြ႔ရမွာျဖစ္ပါတယ္။ ခံုေတြကလည္း တစ္သမတ္တည္းမဟုတ္ဘဲ အေနာက္ကိုလွန္ခ်ႏိုင္ၿပီးလွည့္ႏိုင္တယ္လို႔ဆိုပါတယ္။ တခ်ိဳ႕စားပြဲေတြမွာဆိုရင္ စားေနရင္းလွည့္ေပးေနတာေၾကာင့္ ေအာက္ေျချမင္ကြင္းေတြကို အေကာင္းဆံုးျမင္ရမွာျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ဆိုရင္ တစ္နာရီၾကာ၀န္ေဆာင္မႈအတြက္ကေတာ့ ျမန္မာေငြနဲ႔တြက္မယ္ဆိုရင္ ၃သိန္းခြဲေလာက္အထိ အမ်ိဳးမ်ိဳးရွိမွာျဖစ္ေၾကာင္းသိရပါတယ္။ အေပၚစီးကေနၿပီး အဆင့္ျမင့္ျမင့္ စားသံုးရတာကိုမွႀကိဳက္ပါတယ္ဆိုသူေတြအတြက္ေတာ့ ဇိမ္ရွိမရွိေတာ့မသိႏိုင္ဘဲ စိတ္ထဲတထင့္ထင့္နဲ႔ စားေသာက္ေနရမယ္လို႔ ေတြးေနမိပါတယ္။