ကားလည်းကြိုက်တယ် စပိဘုတ်လည်းမောင်းချင်တယ်ဆိုရင်…

0
1842
photo internet

ကားဆိုရင်ပြိုင်ကားလိုမျိုးနဲ့ တဘွန်းဘွန်းအသံအကျယ်ကြီးထွက်တဲ့ ကားမျိုးကိုမှ နှစ်သက်ကြတဲ့ ကိုကိုမမ တူတူမလေးတွေအတွက် အခုယာဉ်ကသဘောကျစရာဖြစ်မှာပါ။ စိတ်ကြိုက်သွားလာနိုင်ပြီး အပေါင်း အသင်းများနဲ့ ပျော်ပျော်ပါးပါး ကားလည်းမောင်းမယ်၊ရေလွှာလျှောလိုမျိုး လည်းမောင်းပြီး စီးနိုင်ပါတယ်။ ဒီလိုမျိုးကားတွေကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ကတည်းကရေပေ ါ်ကုန်းပေါ်သွားလို့ရအောင်တီ ထွင်ထုတ်လုပ်လာကြတာဟာ ၁၉၆၀ခုနှစ်နောက်ပိုင်းကစပြီး ပိုမိုများပြားစွာထုတ်လုပ်လာကြတာဖြစ်ပါတယ်။

photo internet

Gibbs Quadski လို့နာမည်ပေးထားတဲ့ ATVအမျိုးအစား ကားလေးဟာဆိုရင် ရေထဲမှာ ပါ စပိဘုတ်တစ်စီးလိုမောင်းနှင်နိုင်မှာဖြစ်ပြီး၂၀၁၂ခုနှစ်ကစရောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်မှာ ဂီယာ၄ချက်ပါဝင်ကာကုန်းပေါ်မှာရော၊ရေပေါ်မှာပါမောင်းနိုင်တာဖြစ်ပြီး ၊တစ်နာရီကို ၇၂ ကီလိုမီတာအထိရောက်အောင်မောင်းနှင်နိုင်ကြောင်းသိရပါတယ်။ ရေထဲမှာမောင်းနှင်နေချိန်မှာ ကားရဲ့ဘီးတွေဟာ အလိုအလျောက်ကား အတွင်းဘက်ကို ကပ်သွားမှာဖြစ်ပါတယ်။ မော်တော်ကားပုံစံကနေ ရေယာဉ်တစ်စီးပုံစံအဖြစ်ကိုပြောင်းလဲဖို့အချိန်ဟာ ၅စက္ကန့်ပဲကြာတယ်လို့ဆိုပါတယ်။

photo internet

ဒီကုမ္ပဏီအနေနဲ့ ကားအစီးရေပေါင်း၃၀၀ထက်မနည်း မူပိုင်ခွင့်ရယူပြီး ၊ကမ္ဘာအနှံ့ဖြန့်ချိ လျက်ရှိ ကြောင်းသိရပါတယ်။ Amphicar ဆိုတဲ့ကားအမျိုးအစားကလည်း ဂျာမန်နိုင်ငံကလုပ်တဲ့ပစ္စည်းဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၆၁ခုနှစ်လောက်က တည်းက နယူးယောက်ကားဈေးကွက်ထဲကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီကားဒီဇိုင်းကိုတော့ ဂျာမန်လူမျိုးစက်မှုဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Hans Trippelကရေးဆွဲခဲ့တာဖြစ်ပြီး၊ ကားထုတ်လုပ်ရေးကိုဂျာမနီနိုင်ငံLuubeckမြို့နဲ့ဘာလင် Borsigwalde စက်မှုဇုန်ကနေ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

photo internet

စပြီးထုတ်လုပ်ကတည်းက ထိပ်တန်းနေရာကနေရပ်တည်နိုင်ခဲ့တာဖြစ်ပြီး၊ အစီးရေပေါင်း ၄၀၀၀အထိထုတ်လုပ်ပြီးချိန် ၁၉၆၅ခုနှစ်မှာ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါ တယ်။Amphicarအမျိုးအစား ဟာဆိုရင် ကုန်းလမ်းရေလမ်းသွားယာဉ်တွေအနက်မှာထိပ်တန်းနေရာကနေရပ်တည်နေသေးတာဖြစ်ပြီး၊ ဂုဏ်ပြုတံဆိပ်များလည်း ချီးမြှင့်ခံခဲ့ရတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားကတော့ကုန်းပေါ်မှာဆိုရင် တစ်နာရီကို ၁၁၀ကီလိုမီတာအမြန်နှုန်းရှိကာရေထဲမှာဆိုရင်တော့ တစ်နာရီကို ရေမိုင်၇မိုင်အမြန်နှုန်း နဲ့မောင်းနှင်နိုင်ပါတယ်။

photo internet

နောက်ထပ်တစ်မျိုးကိုပြောပြရရင် Swiss ပြိုင်ကားပုံစံတည်ဆောက်ထားတဲ့ Rinspeed Splash ဟာ ၂၀၀၄ခုနှစ်မှာရောက်ရှိလာခဲ့ပြီး၊ရှပ်ပြေးယာဉ်ပုံစံဒီဇိုင်းဆွဲထုတ်လုပ်ထားပါတယ်။ ရေပြင်မှာ တစ်နာရီကို ကီလိုမီတာ၂၀၀ အထိ ရောက်အောင်မောင်းနှင်နိုင်မှာဖြစ်ပြီး၊ဂက်စ်စွမ်းအင်သုံးကားတွေဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လေထုအတွင်း ထုတ်လုပ်မှုအနည်းဆုံးဖြစ်အောင် တည်ဆောက်ထားတဲ့ ဒီရှပ်ပြေးဟာ ၇၅၀ccရှိတဲ့ ဆိုင်လင်ဒါ၂ခုပါတဲ့ အင်ဂျင်ကို တပ်ဆင်ထားတဲ့ ယာဉ်အမျိုးအစားဖြစ်ပါတယ်။ရပ်ထားရာကနေ တစ်နာရီကို၁၀၀ ကီလိုမိတာအမြန်နှုန်းအား ၅.၉စက္ကန့်နဲ့တင်နိုင်တယ်လို့ဆိုပါတယ်။

photo internet

(Zawgyi Version)

ကားလည္းႀကိဳက္တယ္ စပိဘုတ္လည္းေမာင္းခ်င္တယ္ဆိုရင္…

ကားဆိုရင္ျပိဳင္ကားလိုမ်ိဳးနဲ႔ တဘြန္းဘြန္းအသံအက်ယ္ႀကီးထြက္တဲ့ ကားမ်ိဳးကိုမွ ႏွစ္သက္ၾကတဲ့ ကိုကိုမမ တူတူမေလးေတြအတြက္ အခုယာဥ္ကသေဘာက်စရာျဖစ္မွာပါ။ စိတ္ႀကိဳက္သြားလာႏိုင္ၿပီး အေပါင္း အသင္းမ်ားနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ကားလည္းေမာင္းမယ္၊ေရလႊာေလွ်ာလိုမ်ိဳး လည္းေမာင္းၿပီး စီးႏိုင္ပါတယ္။ ဒီလိုမ်ိဳးကားေတြကို ဒုတိယကမၻာစစ္အတြင္းမွာ ကတည္းကေရေပ ၚကုန္းေပၚသြားလို ႔ရေအာင္တီ ထြင္ထုတ္လုပ္လာၾကတာဟာ၁၉၆၀ခုႏွစ္ေနာက္ပိုင္းကစၿပီး ပိုမိုမ်ားျပားစြာထုတ္လုပ္လာၾကတာျဖစ္ပါတယ္။

Gibbs Quadski လို႕နာမည္ေပးထားတဲ့ ATVအမ်ိဳးအစား ကားေလးဟာဆိုရင္ ေရထဲမွာ ပါ စပိဘုတ္တစ္စီးလိုေမာင္းႏွင္ႏိုင္မွာျဖစ္ၿပီး၂၀၁၂ခုႏွစ္ကစေရာင္းခဲ့တာျဖစ္ပါတယ္။ အဲဒီယာဥ္မွာ ဂီယာ၄ခ်က္ပါ၀င္ကာကုန္းေပၚမွာေရာ၊ေရေပၚမွာပါေမာင္းႏိုင္တာျဖစ္ၿပီး ၊တစ္နာရီကို ၇၂ ကီလိုမီတာအထိေရာက္ေအာင္ေမာင္းႏွင္ႏိုင္ေၾကာင္းသိရပါတယ္။ ေရထဲမွာေမာင္းႏွင္ေနခ်ိန္မွာကားရဲ႕ဘီးေတြဟာ အလိုအေလ်ာက္ကား အတြင္းဘက္ကို ကပ္သြားမွာျဖစ္ပါတယ္။ ေမာ္ေတာ္ကားပံုစံကေန ေရယာဥ္တစ္စီးပံုစံအျဖစ္ကိုေျပာင္းလဲဖို႔အခ်ိန္ဟာ ၅စကၠန္႔ပဲၾကာတယ္လို႔ဆိုပါတယ္။

ဒီကုမၸဏီအေနနဲ႔ ကားအစီးေရေပါင္း၃၀၀ထက္မနည္း မူပိုင္ခြင့္ရယူၿပီး ၊ကမၻာအႏွံ႔ျဖန္႔ခ်ိ လ်က္ရွိ ေၾကာင္းသိရပါတယ္။ Amphicar ဆိုတဲ့ကားအမ်ိဳးအစားကလည္း ဂ်ာမန္ႏိုင္ငံကလုပ္တဲ့ပစၥည္းျဖစ္ပါတယ္။ သူ႔ကိုေတာ့ ၁၉၆၁ခုႏွစ္ေလာက္က တည္းက နယူးေယာက္ကားေစ်းကြက္ထဲကို ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ ဒီကားဒီဇိုင္းကိုေတာ့ ဂ်ာမန္လူမ်ိဳးစက္မႈဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ Hans Trippelကေရးဆြဲခဲ့တာျဖစ္ၿပီး၊ ကားထုတ္လုပ္ေရးကိုဂ်ာမနီႏိုင္ငံLuubeckၿမိဳ႕နဲ႕ဘာလင္ Borsigwalde စက္မႈဇုန္ကေန ထုတ္လုပ္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

စၿပီးထုတ္လုပ္ကတည္းက ထိပ္တန္းေနရာကေနရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး၊ အစီးေရေပါင္း ၄၀၀၀အထိထုတ္လုပ္ျပီးခ်ိန္ ၁၉၆၅ခုႏွစ္မွာ ထုတ္လုပ္မႈကို ရပ္ဆိုင္းခဲ့တာျဖစ္ပါ တယ္။Amphicarအမ်ိဳးအစား ဟာဆိုရင္ ကုန္းလမ္းေရလမ္းသြားယာဥ္ေတြအနက္မွာထိပ္တန္းေနရာကေနရပ္တည္ေနေသးတာျဖစ္ၿပီး၊ ဂုဏ္ျပဳတံဆိပ္မ်ားလည္း ခ်ီးျမွင့္ခံခဲ့ရတဲ့ကားအမ်ိဳးအစားျဖစ္ပါတယ္။ ဒီကားကေတာ့ကုန္းေပၚမွာဆိုရင္ တစ္နာရီကို ၁၁၀ကီလိုမီတာအျမန္ႏႈန္းရွိကာေရထဲမွာဆိုရင္ေတာ့ တစ္နာရီကို ေရမိုင္၇မိုင္အျမန္ႏႈန္း နဲ႔ေမာင္းႏွင္ႏိုင္ပါတယ္။
ေနာက္ထပ္တစ္မ်ိဳးကိုေျပာျပရရင္ Swiss ျပိဳင္ကားပံုစံတည္ေဆာက္ထားတဲ့ Rinspeed Splash ဟာ ၂၀၀၄ခုႏွစ္မွာေရာက္ရွိလာခဲ့ၿပီး၊ရွပ္ေျပးယာဥ္ပံုစံဒီဇိုင္းဆြဲထုတ္လုပ္ထားပါတယ္။ ေရျပင္မွာ တစ္နာရီကို ကီလိုမီတာ၂၀၀ အထိ ေရာက္ေအာင္ေမာင္းႏွင္ႏိုင္မွာျဖစ္ၿပီး၊ဂက္စ္စြမ္းအင္သံုးကားေတြျဖစ္ပါတယ္။ သဘာ၀ပတ္၀န္းက်င္ကိုညစ္ညမ္းေစတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ပမာဏကို ေလထုအတြင္း ထုတ္လုပ္မႈအနည္းဆံုးျဖစ္ေအာင္ တည္ေဆာက္ထားတဲ့ ဒီရွပ္ေျပးဟာ ၇၅၀ccရွိတဲ့ ဆိုင္လင္ဒါ၂ခုပါတဲ့ အင္ဂ်င္ကို တပ္ဆင္ထားတဲ့ ယာဥ္အမ်ိဳးအစားျဖစ္ပါတယ္။ရပ္ထားရာကေန တစ္နာရီကို၁၀၀ ကီလိုမိတာအျမန္ႏႈန္းအား ၅.၉စကၠန္႔နဲ႔တင္ႏိုင္တယ္လို႔ဆိုပါတယ္။