လက်ရာမြောက်လှတဲ့ဗိသုကာလက်ရာများကိုတွေ့ရမယ့် အံ့သြစရာနေရာများ

0
1748
photo internet

အနုပညာလက်ရာတွေဆိုတာနေရာတိုင်းအဆောက်အဦးတွေမှာများစွာထွင်းထုထားကြတာ တွေ့ရသလို၊ တောထဲတောင်ထဲမှာတွေ့နေရတဲ့ ကျောက်တောင်ကြီးတွေကိုမှ ခက်ခက်ခဲခဲတွေ့ရှိတူးဖော်ဆောက်လုပ် ထားတဲ့ လက်ရာတွေကလည်း လူကြိုက်များကြပါတယ်။

photo internet

ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ်နာမည်ကျော်ကြားလူသိများတဲ့နေရာတစ်ခုကတော့ အိန္ဒိယနိုင်ငံ မဟာရသျှတြပြည်နယ် အောရုန်ဂဘတ်မြို့ရဲ့ အနောက်မြောက်ဘက်၁၈မိုင်အကွာမှာရှိနေတဲ့ ELLORA လှိုဏ်ဂူကြီးပဲဖြစ်ပါတယ်။ မာကြောခက်ခဲလှတဲ့ ကျောက်တောင်ကြီးတွေကို ဖြိုချထွင်းထုကာတည်ဆောက်ထားတဲ့ ဒီဇိုင်းလက်ရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ်။ အဆောက်အဦးအပြင်ဘက်ဒီဇိုင်းတွေအပြင် အတွင်းဘက် ဒီဇိုင်းတွေကိုပါ ခက်ခဲစွာထွင်းထုပြုလုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လှိုဏ်ဂူအကုန်လုံးစုစည်းတည်ရှိနေတဲ့ နေရာကတော့ Sahyadriဆိုတဲ့တောင်က လှိုဏ်ဂူဖြစ်ပါတယ်။

photo internet

လှိုဏ်ဂူရဲ့ သက်တမ်းကိုပြောရမယ်ဆိုရင် နှစ်ပေါင်း၆၅သန်းရှိနေပြီဖြစ်ကြောင်းနဲ့ကျောက်တောင်တွေကိုထွင်းထု ပုံဖော်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဒီလိုခက်ခဲတဲ့ နည်းပညာတွေနဲ့ ပုံဖော်ထုလုပ်ထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ ဒီနေ့ခေတ်ဗိသုကာပညာရှင်တွေဦး နှောက်ခြောက်စေတဲ့နေရာဆိုလည်း မမှားနိုင်ပါဘူးလို့ပြောချင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်တော့ ဒီလှိုဏ်ဂူတွေအကုန်လုံးဟာ ကွန်ကရစ်နဲ့ဆောက်လုပ်ထားတာမဟုတ်ဘဲကျောက်တောင်ကြီးကို လိုသလိုထွင်းထုဖျက်ချကာဒီဇိုင်းများရေးဆွဲတည်ဆောက်ထားတာတွေ့ရပါတယ်။လှိုဏ်ဂူပေါင်း ၃၄ခုပါဝင်ပြီး၊ ဗုဒ္ဓဘာသာ၊ဟိန္ဒူနဲ့ဂျိန်းဘာသာ ဆိုင်ရာဂူတွေဖြစ်ကာ ၁၇ခုကတော့ ဟိန္ဒူဘာသာဆိုင်ရာတွေဖြစ်ပါတယ်။ လှိုဏ်ဂူ၁၂ ခုကတော့ ဗုဒ္ဓဘာသာဆိုင်ရာလိုဏ်ဂူတွေဖြစ်ပါတယ်။ ကျန်တဲ့ ၅ခုမှာတော့ ဂျိန်းဘာသာဆိုင်ရာလှိုဏ်ဂူတွေဖြစ်ပြီး၊ Yadavaမင်းဆက်လက်ထက်မှာမှ ဖန်တီးထုလုပ်ခဲ့တာလို့ဆိုပါတယ်။

photo internet

လှိုဏ်ဂူနံပါတ်၁ကနေ ၁၂ထိဟာ ဗုဒ္ဓဘာသာဘုရားကျောင်းတွေဖြစ်ပြီး၊ နံပါတ်၆ လှိုဏ်ဂူကတော့ အစောဆုံးဖြစ်ကြောင်းသိရပြီး၊ ၁၁ခုကတော့ ဗုဒ္ဓဘာသာကျောင်းတွေဖြစ်ပါတယ်။ ခန်းမဆောင်များ၊အိပ်ခန်းမများကို လည်းလက်ရာမြောက်လွန်းစွာနဲ့ ထုလုပ်ထားတဲ့ မဟာယနဆိုင်ရာရုပ်တုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၁၃ကနေ ၂၉အထိကိုတော့ ဟိန္ဒူဘာသာဆိုင်ရာလှိုဏ်ဂူတွေထဲမှာတော့ နတ်ဘုရားရှီဗာကို ရည်စူးတည်ဆောက်ထားတဲ့ Dhumar Lena ဘုရားကျောင်းအမှတ်၂၉လှိုဏ်ဂူဖြစ်ပါတယ်။ အကျယ်ပေ၂၀၀ ရှိပြီး၊ အမြင့်ပေကတော့ ၁၈ပေခန့်ရှိပါတယ်။

photo internet

ထူးခြားတဲ့တည်ဆောက်မှုတွေအရကိုပြောပြရရင် လှိုဏ်ဂူထဲကို အလင်းရောင်ဖို့အတွက် Multi-mirror နည်းပညာနဲ့ပြုလုပ်ထားကြပေမယ့် တချို့နေရာတွေမှာတော့ အလင်းရောင်ရရှိခြင်းမရှိတာကိုတွေ့ရပြီး၊ အဲဒီလိုအလင်းရောင်တွေရရှိဖို့ လက်ရာမြောက်လှတဲ့ ဒီဇိုင်းတွေကို ဘယ်လိုဖန်တီးခဲ့ကြတာလဲဆိုတာ ဟာထူးခြားလွန်းလှပါတယ်။ ဒါကြောင့် ဒီလိုလက်ရာမြောက်တဲ့ ဗိသုကာပညာနဲ့ လှပတဲ့ လှိုဏ်ဂူတွေအကြောင်းတွေကို စိတ်ဝင်စားလွန်းလို့ သွားလည်ချင်ပါတယ်ဆိုရင်တော့ အံံသြစရာတွေနဲ့ ပြည့်နှက်နေကာလှပလွန်းတဲ့ နေရာတွေကိုကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

လက္ရာေျမာက္လွတဲ့ဗိသုကာလက္ရာမ်ားကိုေတြ႕ရမယ့္ အံ့ၾသစရာေနရာမ်ား

အႏုပညာလက္ရာေတြဆိုတာေနရာတိုင္းအေဆာက္အဦးေတြမွာမ်ားစြာထြင္းထုထားၾကတာ ေတြ႔ရသလို၊ ေတာထဲေတာင္ထဲမွာေတြ႕ေနရတဲ့ ေက်ာက္ေတာင္ႀကီးေတြကိုမွ ခက္ခက္ခဲခဲေတြ႔ရွိတူးေဖာ္ေဆာက္လုပ္ ထားတဲ့ လက္ရာေတြကလည္း လူႀကိဳက္မ်ားၾကပါတယ္။ ကမၻာ ့အေမြအႏွစ္ေနရာတစ္ခုအျဖစ္နာမည္ေက်ာ္ၾကားလူသိမ်ားတဲ့ေနရာတစ္ခုကေတာ့ အိႏၵိယႏိုင္ငံ မဟာရသွ်ၾတျပည္နယ္ ေအာရုန္ဂဘတ္ၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္၁၈မိုင္အကြာမွာရွိေနတဲ့ ELLORA လိႈဏ္ဂူႀကီးပဲျဖစ္ပါတယ္။ မာေၾကာခက္ခဲလွတဲ့ ေက်ာက္ေတာင္ႀကီးေတြကို ၿဖိဳခ်ထြင္းထုကာတည္ေဆာက္ထားတဲ့ ဒီဇိုင္းလက္ရာမ်ိဳးစံုကို ေတြ႔ရမွာျဖစ္ပါတယ္။ အေဆာက္အဦးအျပင္ဘက္
ဒီဇိုင္းေတြအျပင္ အတြင္းဘက္ဒီဇိုင္းေတြကိုပါ ခက္ခဲစြာထြင္းထုျပဳလုပ္ထားတာကိုေတြ႔ရမွာျဖစ္ပါတယ္။ လိႈဏ္ဂူအကုန္လံုးစုစည္းတည္ရွိေနတဲ့ ေနရာကေတာ့ Sahyadriဆိုတဲ့ေတာင္က လိႈဏ္ဂူျဖစ္ပါတယ္။

လိႈဏ္ဂူရဲ႕ သက္တမ္းကိုေျပာရမယ္ဆိုရင္ ႏွစ္ေပါင္း၆၅သန္းရွိေနၿပီျဖစ္ေၾကာင္းနဲ႔ေက်ာက္ေတာင္ေတြကိုထြင္းထုပံုေဖာ္ထားတာေတြ႔ရမွာျဖစ္ပါတယ္။ဒီလိုခက္ခဲတဲ့ နည္းပညာေတြနဲ႔ ပံုေဖာ္ထုလုပ္ထားၿပီး ကမၻာလွည့္ခရီးသြားေတြကို ဆြဲေဆာင္ထားတာျဖစ္ပါတယ္။ ဒီေန႔ေခတ္ဗိသုကာပညာရွင္ေတြဦးေႏွာက္ေျခာက္ေစတဲ့ေနရာဆိုလည္း မမွားႏိုင္ပါဘူးလို႔ေျပာခ်င္ပါတယ္။ ဘာေၾကာင့္ဒီလိုေျပာရတာလဲဆိုရင္ေတာ့ ဒီလိႈဏ္ဂူေတြအကုန္လံုးဟာ ကြန္ကရစ္နဲ႔ေဆာက္လုပ္ထားတာမဟုတ္ဘဲေက်ာက္ေတာင္ႀကီးကို လိုသလိုထြင္းထုဖ်က္ခ်ကာဒီဇိုင္းမ်ားေရးဆြဲတည္ေဆာက္ထားတာေတြ႔ရပါတယ္။လိႈဏ္ဂူေပါင္း ၃၄ခုပါ၀င္ၿပီး၊ ဗုဒၶဘာသာ၊ဟိႏၵဴနဲ႔ဂ်ိန္းဘာသာ ဆိုင္ရာဂူေတြျဖစ္ကာ ၁၇ခုကေတာ့ ဟိႏၵဴဘာသာဆိုင္ရာေတြျဖစ္ပါတယ္။ လိႈဏ္ဂူ၁၂ ခုကေတာ့ ဗုဒၶဘာသာဆိုင္ရာလိုဏ္ဂူေတြျဖစ္ပါတယ္။ က်န္တဲ့ ၅ခုမွာေတာ့ ဂ်ိန္းဘာသာဆိုင္ရာလိႈဏ္ဂူေတြျဖစ္ၿပီး၊ Yadavaမင္းဆက္လက္ထက္မွာမွ ဖန္တီးထုလုပ္ခဲ့တာလို႔ဆိုပါတယ္။

လိႈဏ္ဂူနံပါတ္၁ကေန ၁၂ထိဟာ ဗုဒၶဘာသာဘုရားေက်ာင္းေတြျဖစ္ၿပီး၊ နံပါတ္၆ လိႈဏ္ဂူကေတာ့ အေစာဆံုးျဖစ္ေၾကာင္းသိရၿပီး၊ ၁၁ခုကေတာ့ ဗုဒၶဘာသာေက်ာင္းေတြျဖစ္ပါတယ္။ ခန္းမေဆာင္မ်ား၊အိပ္ခန္းမမ်ားကိုလည္းလက္ရာေျမာက္လြန္းစြာနဲ႔ ထုလုပ္ထားတဲ့ မဟာယနဆိုင္ရာရုပ္တုေတြကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ ၁၃ကေန ၂၉အထိကိုေတာ့ ဟိႏၵဴဘာသာဆိုင္ရာလိႈဏ္ဂူေတြထဲမွာေတာ့ နတ္ဘုရားရွီဗာကို ရည္စူးတည္ေဆာက္ထားတဲ့ Dhumar Lena ဘုရားေက်ာင္းအမွတ္၂၉လိႈဏ္ဂူျဖစ္ပါတယ္။ အက်ယ္ေပ၂၀၀ ရွိၿပီး၊ အျမင့္ေပကေတာ့ ၁၈ေပခန္႔ရွိပါတယ္။

ထူးျခားတဲ့တည္ေဆာက္မႈေတြအရကိုေျပာျပရရင္ လိႈဏ္ဂူထဲကို အလင္းေရာင္ဖို႕အတြက္ Multi-mirror နည္းပညာနဲ႔ျပဳလုပ္ထားၾကေပမယ့္ တခ်ိဳ႕ေနရာေတြမွာေတာ့ အလင္းေရာင္ရရွိျခင္းမရွိတာကိုေတြ႕ရၿပီး၊ အဲဒီလိုအလင္းေရာင္ေတြရရွိဖို႔ လက္ရာေျမာက္လွတဲ့ ဒီဇိုင္းေတြကို ဘယ္လိုဖန္တီးခဲ့ၾကတာလဲဆိုတာ ဟာထူးျခားလြန္းလွပါတယ္။ ဒါေၾကာင့္ ဒီလိုလက္ရာေျမာက္တဲ့ ဗိသုကာပညာနဲ႔ လွပတဲ့ လိႈဏ္ဂူေတြအေၾကာင္းေတြကို စိတ္၀င္စားလြန္းလို႔ သြားလည္ခ်င္ပါတယ္ဆိုရင္ေတာ့ အံံၾသစရာေတြနဲ႔ ျပည့္ႏွက္ေနကာလွပလြန္းတဲ့ ေနရာေတြကိုၾကည့္ရႈေလ့လာႏိုင္မွာျဖစ္ပါတယ္။